ဘောလုံးအားကစားအစပြုရာ အင်္ဂလန်

ဘောလုံးအားကစားအစပြုရာ အင်္ဂလန်


အင်္ဂလန်နိုင်ငံသည် ယူနိုက်တက်ကင်းဒမ်း (United Kingdom) နိုင်ငံတစ်ခုဖြစ်ကာ ဥရောပတိုက်ကုန်းမကြီးအနောက်ဘက် မြောက်ပင်လယ်ရှိ ကျွန်းကြီးပေါ်တွင် တည်ရှိနေပါသည်။ ယူနိုက်တက်ကင်းဒမ်းဆိုသည်မှာ အင်္ဂလန်၊ ဝေလ၊ စကော့တလန်နှင့် မြောက်အိုင်ယာလန် လေးနိုင်ငံပေါင်းကာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အင်္ဂလန်သည် အနောက်ဘက်တွင် ဝေလနယ်၊ မြောက်ဘက်တွင်စကော့တလန်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေကာ အရှေ့ဘက်တွင် မြောက်ပင်လယ်၊ အနောက်ဘက်တွင် အင်္ဂလိပ်ရေလက်ကြားတို့ရှိနေပါသည်။ အင်္ဂလန်နိုင်ငံသည် ဥရောပကုန်းမြေမကြီးမှ သီးခြားကွဲထွက်နေသည့် ကျွန်းပေါ်မှာရှိသော်လည်း ၂၁မိုင်အရှည်ရှိ ရေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ဥရောပကုန်းမြေမကြီးရှိ ပြင်သစ်နိုင်ငံသို့ သွားရောက်နိုင်ပါသည်။


အင်္ဂလန်၏ လူဦးရေမှာ ၅၆ သန်းကျော်ရှိပြီး ယူနိုက်တက်ကင်းဒမ်းနိုင်ငံများအနက် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည်။ အဓိကတရားဝင်ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စကားသည် ကမ္ဘာ့နိုင်ငံအများစုတွင် အသုံးများကြသည့် ဘာသာစကားဖြစ်ကာ ကမ္ဘာတစ်ဝှမ်းရှိ လူ ၁ ဘီလီယံသည် အင်္ဂလိပ်စကားပြောကြသည်။


အင်္ဂလန်နိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၀၃၀၁ မိုင်ရှိပါသည်။ ပြည်နယ် ၉ ခုနှင့် စီရင်စု ၄၈ ခုရှိပြီး Isle of Wight နှင့် Hayling ကျွန်းကဲ့သို့ ကျွန်းငယ်များစွာလည်းရှိပါသည်။ အင်္ဂလန်နိုင်ငံ၏ အကြီးဆုံးမြို့နှင့်မြို့တော်မှာ လန်ဒန်ဖြစ်သည်။ လန်ဒန်သည် ဥရောပ၌ လူဦးရေအများဆုံးမြို့လည်းဖြစ်ကာ လူဦးရေ ၉ သန်းကျော်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ ပထမဆုံးမြို့တော်မှာ ဝင်ချက်စတာမြို့ (Winchester) ဖြစ်ပြီး အခြားမြို့ကြီးများမှာ ဘာမင်ဂမ်၊ မန်ချက်စတာ၊ ရှက်ဖီးလ်၊ လီဗာပူးလ်၊ နယူးကာဆယ်နှင့် လိဒ်စ်တို့ဖြစ်သည်။

Britain’s Queen Elizabeth II (3L) stands with her husband Britain’s Prince Philip, Duke of Edinburgh (3R), her son Britain’s Prince Charles, Prince of Wales (2L) and his wife Britain’s Camilla, Duchess of Cornwall (L), and her grandson Britain’s Prince William, Duke of Cambridge (2R) and his wife Britain’s Catherine, Duchess of Cambridge, as they pose photo a photograph ahead of the annual evening reception for members of the Diplomatic Corps at Buckingham Palace, London on December 8, 2016. / AFP / POOL / Dominic Lipinski (Photo credit should read DOMINIC LIPINSKI/AFP/Getty Images)


အင်္ဂလန်နိုင်ငံ၏ အစိုးရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်သည်။ နန်းတက်ဘုရင်ရှိသော်လည်း နိုင်ငံရေးဆုံးဖြတ်ချက်များကို အစိုးရနှင့် ပါလီမန်ကသာ ချမှတ်လေ့ရှိပါသည်။ ၁၉၅၃ ခုနှစ်တွင် နန်းတက်ခဲ့သည့် အဲလစ်ဇဘက်ဘုရင်မကြီးသည် ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်မကြီး ဖြစ်ပါသည်။ ဘုရင်မကြီး စံမြန်းရာနေရာတစ်ခုဖြစ်သည့် ဝင်ဆာရဲတိုက်ကြီး (Windsor Castle) သည် ၁၁ ရာစုကတည်းက ယခုထက်ထိ အသုံးပြုနေသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံးနှင့် အကြီးမားဆုံးရဲတိုက်ကြီးဖြစ်ကာ တချို့အပိုင်းတွေကို အများပြည်သူလေ့လာနိုင်ရန် ဖွင့်ပြထားပါသည်။
၁၇၆၀ ဝန်းကျင်က စတင်ခဲ့သော စက်မှုတော်လှန်ရေးအပြီး အင်္ဂလန်သည် ပထမဆုံးစက်မှုထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ကာ စီးပွားရေးအင်အားကြီးမားပါသည်။ နိုင်ငံတွင်းအသုံးပြုသည့် ပေါင်စတာလင်သည် ကမ္ဘာပေါ်တွင် ယခုထက်ထိအသုံးပြုနေဆဲ သက်တမ်းအရင့်ဆုံးငွေကြေးဖြစ်ပါသည်။


အင်္ဂလန်နိုင်ငံတွင် ပညာရေးစနစ် အဆင့်မြင့်သောကြောင့် တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ လာရောက်ပညာသင်ယူလေ့ရှိကြပါသည်။ အောက်စ်ဖို့ဒ်တက္ကသိုလ်သည် ဗြိတိန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး အဆင့်မြင့်ပညာရေးဌာနဖြစ်သည်။ ဗြိတိန်စာကြည့်တိုက်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးစာကြည့်တိုက်ဖြစ်ကာ စာအုပ်စာတန်းပေါင်း ၁၅၀ သန်းကျော်ရှိပါသည်။ လန်ဒန်တွင် ကြီးကျယ်ခမ်းနားသော ဗြိတိန်ပြတိုက်မှ သေးငယ်သော ယပ်တောင်ပြတိုက်ထိ လေ့လာစရာ ပြတိုက်ပေါင်း ၁၇၀ကျော်ရှိသည်။


အင်္ဂလိပ်လူမျိုးများသည် အားကစားဝါသနာပါကြကာ ဘောလုံး၊ တင်းနစ်၊ ခရစ်ကတ်နှင့်ရပ်ဘီကဲ့သို့ ကမ္ဘာ့အကျော်ကြားဆုံး အားကစားများသည် အင်္ဂလန်မှ စတင်ကစားခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်တွင် လူကြိုက်အများဆုံး အားကစားမှာ ဘောလုံးဖြစ်သည်။


သြဇာလွှမ်းမိုးမှုရှိသော အင်္ဂလိပ်စာရေးဆရာများရှိခဲ့ပြီး နာမည်ကျော်ကြား လူကြိုက်အများဆုံးမှာ ရိုမီယိုနှင့် ဂျူလိယက်ကဲ့သို့ ဂန္ထဝင်ပြဇာတ်များကိုရေးသားခဲ့သည့် ဝီလျံရှိတ်စပီးယားဖြစ်သည်။ အင်္ဂလိပ်ကွန်ပျူတာသိပ္ပံပညာရှင် တင်(မ်)ဘာနာ(စ်)လီးသည် ကမ္ဘာ့အင်တာနက်ကွန်ယက် (World Wide Web) ကို တီထွင်ခဲ့သည်။ အခြား အင်္ဂလန်မှ ကျော်ကြားသူများမှာ ဝင်စတန်ချာချီ၊ သိပ္ပံပညာရှင် အိုင်းဆက်နယူတန်၊ ချားစ်ဒါဝင်၊ စတီဖင်ဟောကင်းနှင့် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း တို့ဖြစ်ပါသည်။


အင်္ဂလန်တွင် ကမ္ဘာကျော် အထင်ကရနေရာများစွာရှိပါသည်။ တော်ဝင်မိသားစုနေထိုင်ရာ ဘာကင်ဟမ်နန်းတော်၊ ကမ္ဘာပေါ်တွင်အမြင့်ဆုံး ရှုခင်းကြည့်ချားရဟတ် London Eye၊ လန်ဒန်တံတား၊ သိမ်းမြစ်နှင့် ဗြိတိသျှပြတိုက်တို့သည် လန်ဒန်တွင်တည်ရှိပါသည်။ လန်ဒန်ရှိ Big Ben ကို ကမ္ဘာ့အကျော်ကြားဆုံးနာရီအဖြစ် သိထားကြသော်လည်း တကယ်တမ်းမှာ ၁၃တန်အလေးချိန်ရှိ ခေါင်းလောင်းကြီးတစ်ခုသာဖြစ်သည်။


အင်္ဂလန်ရှိအခြားထင်ရှားသော နေရာများမှာ Stonehenge၊ York Minster၊ Millennium Dome အဆောက်အအုံ နှင့် Anwick ရဲတိုက်တို့ ဖြစ်ကြသည်။ Stonehenge သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး အဆောက်အအုံတစ်ခုဖြစ်ကာ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော် ၃၀၀၀ ဘီစီမတိုင်ခင်ကတည်းက ဆောက်လုပ်ခဲ့သည်ဟု သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s