မြစ်ထဲ ဖောင်ပေါ်က ဟိုတယ်လေးကန်ချနာဘူရီ က Jungle Raft

မြစ်ထဲ ဖောင်ပေါ်က ဟိုတယ်လေး
ကန်ချနာဘူရီ က Jungle Raft


ကန်ချနာဘူရီဆိုတာ ဘန်ကောက်ကနေ သုံးနာရီလောက်မောင်းရင် ရောက်တဲ့နေရာလေးပါ။ ကန်ချနာဘူရီက အမျိုးသားဥယျာဉ်တွေ၊ မြစ်တွေ၊ ရေတံခွန်တွေလို သဘာဝအလှတရားအပြင် သေမင်းတမာန်ရထားလမ်းကြောင့်လည်း နာမည်ကြီးပါတယ်။
ကန်ချနာဘူရီမှာ မြစ်တွေ၊ ဆည်တွေမှာ ဆောက်ထားတဲ့ ရေပေါ်ဟိုတယ်တွေက နာမည်ကြီးပါတယ်။ နုမြတ် ကန်ချာနာဘူရီ ရောက်ခဲ့တုန်းကလည်း ရေပေါ်ဟိုတယ်တွေမှာ တည်းဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ နာမည်အကြီးဆုံးဖြစ်တဲ့ Jungle Raft လေးက ထူးခြားလို့ အဲဒီဟိုတယ်အကြောင်းပြောပြချင်ပါတယ်။

တောတွင်း ဖောင်ဟိုတယ် Jungle Raft

Jungle Raft ဆိုတာ မြစ်ထဲ ရေပတ်လည်ဝန်းရံနေတဲ့ ရေပေါ်ဟိုတယ်လေးပါ။ ကွေးမြစ်လည်က ဖောင်တန်းကြီးပေါ်မှာ အခန်းတွေ ဖွဲ့ဆောက်ထားတာပါ။ တကယ့်ကို တိတ်ဆိတ်ငြိမ်သက်ပြီး သဘာဝနဲ့ တစ်သားတည်းကျတဲ့ တောတွင်းနေရာလေးလို့ပြောရပါမယ်။


အဲဒီဟိုတယ်မှာ မီးမရှိ၊ အဲကွန်းမရှိ၊ Wifi မရှိပါဘူး။ အဲဒီလိုမရှိတာကိုက သူ့ရဲ့ Attraction ဖြစ်နေတာပါ။ သဘာဝတရားကို ကောင်းကောင်းခံစား အနားယူနိုင်ဖို့ မထားထားတာပါတဲ့။ အဲဒီလိုမရှိပေမဲ့ တည်းစားရိတ်က ဈေးမနည်းပါဘူး။ ပုံမှန်အခန်းကို တစ်ည USD ၁၀၀ ကျော်ပါတယ်။ ကျသင့်ငွေထဲမှာ အခန်းခအပြင် မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ လှေဆိပ်ကနေ ဟိုတယ်အကြိုအပို့လည်း ပါပါတယ်။

ဟိုတယ်ကိုရောက်ဖို့ စက်လှေနဲ့ သွားရပါတယ်။ မြစ်တစ်လျှောက်မှာ Jungle Rafts လို ရေပေါ်ဟိုတယ်တွေ တန်းစီတွေ့ခဲ့ရပါတယ်။ အခန်းရှေ့မှာ ဧည့်သည်တွေ ရေကူးဝတ်စုံကိုယ်စီနဲ့ အနားယူသူကယူ၊ မြစ်ထဲရေကူးသူကကူးနဲ့ ပျော်စရာကြီးပါ။

အခန်း Facility

ဟိုတယ်အခန်းက သိပ်မကျယ်ပေမဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ အခန်းထဲမှာ၂ ယောက်အိပ် ကုတင် တစ်လုံးနဲ့ ၁ ယောက်အိပ် ကုတင်တစ်လုံးထည့်ပေးလို့ ၃ ယောက်ထိတည်းလို့ရပါတယ်။ အခန်းထဲ ရေချိုးခန်း၊ အိမ်သာတွဲရက်ပါပါတယ်။ အိမ်သာက ဘိုထိုင်အိမ်သာဖြစ်ပြီး သန့်ပါတယ်။ ဘေစင်နဲ့ ရေပန်းပါလို့ အဆင်ပြေပါတယ်။ အခန်းထဲမှာ မီးမရှိတော့ ညဘက်မှာ မီးအိမ်လေးတွေပဲ အသုံးပြုရပါတယ်။ မီးမရှိ အဲကွန်းမရှိပေမဲ့ ရေစီးနေလို့လားမသိ။ ခြင်မကိုက်ပါဘူး။ အိပ်ယာမှာလည်း ခြင်ထောင်ထားပေးထားပါတယ်။ လေတဖြူးဖြူးနဲ့ဆိုတော့ အိုက်လည်းမအိုက်ပါဘူး။


ဟိုတယ်မှာ အကြိုက်ဆုံးက ကြိုးပုခက်လေးတွေပါ။ အခန်းရှေ့မှာ ဘုံသုံးကြိုးပုခက်ရှိသလို အခန်းနောက်က ဝရံတာမှာလည်း ကိုယ်ပိုင်ကြိုးပုခက် တပ်ပေးထားပါတယ်။ အခန်းရှေ့ မြစ်ဘေးကွပ်ပျစ်ပေါ်က ပက်လက်ကုလားထိုင်မှာ လှဲအိပ်ရင်းလည်း ရှုခင်းခံစားလို့ရပါတယ်။

မွန်အငွေ့အသက်ပြည့်နေတဲ့ဟိုတယ်

ကန်ချနာဘူရီက မြန်မာနိုင်ငံနဲ့ နီးတော့ ဟိုတယ်ဝန်ထမ်းတွေက မွန်လူမျိုးတွေ များပါတယ်။ ဝန်ထမ်းတိုင်း မွန်ထမီ၊ မွန်ပုဆိုး ဝတ်ထားတာတွေ့ရပါတယ်။ ဟိုတယ်အနားမှာ မွန်ရွာလည်းရှိပြီး သွားလည်လို့ရပါတယ်။


နေ့လည်စာ၊ ညစာစားချိန် အချိန်ကျပြီဆိုရင် တုံးမောင်းခေါက်ပါတယ်။ အဲဒီအချိန်ဆို ဧည့်သည်တွေအကုန် စားသောက်ဆောင်မှာ စုပြီး စားကြရပါတယ်။ ညစာစားပြီးချိန် ဖျော်ဖြေရေးအဆောင်မှာ ညဘက် Activity အဖြစ် မွန်ရိုးရာ၊ မြန်မာရိုးရာအက ကပြပါတယ်။ အကကြည့်ဖို့ဆိုရင် ဝင်ကြေး ဘတ် ၁၆၀ ထပ်ပေးရပါတယ်။

မြစ်ထဲခုန်ဆင်း ရေဆော့

အဲဒီမှာ လူကြိုက်များတဲ့ Activity က အခန်းရှေ့ကနေ မြစ်ထဲခုန်ချပြီး ရေဆော့တာပဲ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အစွန်းတစ်ဖက်ကနေ မြစ်ထဲခုန်ချပြီး မြစ်ရေစီးကြောင်းအတိုင်းမျှောလိုက်သွားရတာ ပျော်စရာကြီးပါ။ ဟိုတယ်ရဲ့ အခြားတစ်ဖက်အစွန်ဆုံး ပြန်ရောက်မှ လှေဆိပ်က တွဲလောင်းချထားတဲ့ ကြိုးကို လှမ်းဆွဲပြီး လှေကားကနေ ပြန်တက်ရတာပါ။ လှေဆိပ်ကို ပြန်မကပ်နိုင်ဘဲ မြစ်ထဲမျောသွားလည်း မစိုးရိမ်ရပါဘူး။ ဟိုတယ်ဝန်ထမ်းတွေက စက်လှေနဲ့ အမြန်လိုက်ပြီး ဆယ်ပေးပါတယ်။ ကလေးလေးတွေကအစ ရေထဲ တဗွမ်းဗွမ်းခုန်ချပြီး မြစ်ထဲ မျှောနေကြတာ။ ပျော်ဖို့သိပ်ကောင်းပါတယ်။ Life Jacket လည်း အလုံအလောက်ရှိပါတယ်။

တခြား Activity တွေ

တခြား Activity တွေအနေနဲ့ ဖောင်စီးတာ၊ အနီးအနားက ဆင်စခန်းသွားတာ၊ တောတွင်းလမ်းလျှောက်တာ၊ မွန်ရွာသွားလည်တာ၊ သစ်ပင်တစ်ပင်နဲ့ တစ်ပင်သွယ်ထားတဲ့ ကြိုးတန်းလျှောက်တာ၊ Zipline စီးတာတို့လည်း လုပ်လို့ရပါတယ်။

တခြားမြစ်ပေါ်ဟိုတယ်တွေ

ကွေးမြစ်တစ်လျှောက်မှာ Jungle Raft အပြင် အခြားမြစ်ပေါ်ဟိုတယ်တွေ၊ မြစ်ကမ်းစပ် ဟိုတယ်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲ နာမည်ကြီး ဟိုတယ်တွေက River Kwai Resotel၊ River Kwai Village Hotel၊ The Float House River Kwai နဲ့ Wangnokkaew Park View တို့ပါ။


ကန်ချနာဘူရီရောက်ဖြစ်ခဲ့ရင် မြစ်ထဲက ရေပေါ်ဟိုတယ်တည်းကြည့်ဖို့ Recommend ပေးချင်ပါတယ်။ အတွေ့အကြုံအသစ်ရပြီး ပျော်ဖို့ကောင်းလို့ပါ။ Jungle Raft က တကယ့်ကို သဘာဝနဲ့ တစ်သားထဲကျနေသလို ခံစားရတဲ့နေရာလေးပါ။ Jungle Raft မှာ အဲကွန်းမရှိ မီးမရှိပေမဲ့ တခြားဟိုတယ်တွေမှာတော့ ရှိလို့ ကိုယ်က အဲဒါတွေ မရှိရင် မနေတတ်ဘူးဆိုရင်တော့ တခြားဟိုတယ်တွေကို ရွေးသင့်ပါတယ်။

With Love,

Nu Myat

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက် (12 Interesting Facts about Bhutan)

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက်

 

ဘူတန်တဲ့…. ဘူတန်ဆိုတာကြားတာနဲ့တင် အေးချမ်းလှတဲ့ နိုင်ငံလေးကို မြင်ယောင်ကြမှာပါ။ ဒဏ္ဏာရီလာနိုင်ငံလေးတစ်ခုလို ဖြစ်နေတဲ့ နိုင်ငံလေးက တကယ်ဆို ပေါ်လာတာ နှစ်၁၀၀ ပဲ ရှိသေးတာတဲ့လေ။ ဘူတန်မှာ ရှုခင်းတွေက သာယာလှပသလို လူတွေကလည်း ပျော်ရွှင်ငြိမ်းချမ်းနေပုံပေါက်ကြပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဗုဒ္ဓရဲ့ အဆုံးအမကို နာခံကြတာကြောင့်ပါ။ ဒါကြောင့်လည်း ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာပေါ့။

cof

ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်၊ ကမ္ဘာမှာ လူမတက်ရသေးတဲ့အမြင့်ဆုံးတောင်၊ ကမ္ဘာ့တစ်ခုတည်းသော မီးပွိုင့်မရှိတဲ့နိုင်ငံ စတဲ့ ကမ္ဘာ့စံချိန်ချိုးထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်တဲ့လေ။ ချောမောလှပငယ်ရွယ်တဲ့ ပညာတတ်ဘုရင်နဲ့မိဖုရားတို့ရဲ့ အချစ်ဇာတ်လမ်း၊ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာအိမ်လေးတွေမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေစတဲ့ ဘူတန်နိုင်ငံရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရယ်…. သွားလည်သင့်တဲ့နေရာတွေရယ်ကို တင်ပေးလိုက်ပါတယ်နော်။

LRM_EXPORT_267578486840417_20180924_183751814.jpeg

စက်တင်ဘာလတုန်းက Mighty Travels နဲ့ သွားခဲ့တဲ့ ဘူတန်ခရီး Review အတိုချုံးပြီးတင်မယ်စိတ်ကူးပေမဲ့ ဘူတန်နိုင်ငံက တအားစိတ်ဝင်စားဖို့ကောင်းလို့ သေသေချာချာလေးရေးလိုက်တာ နည်းနည်းတော့ ရှည်သွားတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါနော်။

LRM_EXPORT_153419686415129_20180929_171915832

(1) ပျော်ရွှင်ခြင်းနိုင်ငံ
————————–

ဘူတန်ကို ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာဟာ ဘူတန်က တခြားနိုင်ငံတွေလို လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်မတိုင်းတာဘဲ ပျော်ရွှင်မှုကိုသာတိုင်းတာတဲ့ နိုင်ငံလေးမို့လို့ပါ။ Gross National Happiness (GNH) ကို တိုင်းတဲ့ နိုင်ငံဖြစ်လို့ ဘူတန်မှာတွေ့ရတဲ့ လူအတော်များများ အေးချမ်းပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝနေလို့မဟုတ်ပေမဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်၊ ရိုးရှင်းစွာနေထိုင်တတ်တဲ့စိတ်တွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာပါ။

received_303850437083193.jpeg

(2) မိုးကြိုးနဂါးနိုင်ငံ
————————–

ဘူတန်ရဲ့ အဓိပ္ပါယ်က Land of Thunder Dragon မိုးကြိုးနဂါးတိုင်းပြည် ပါ။ ဘူတန်မှာ မိုးခြိမ်းရင် ကြောက်စရာကောင်းတော့ မိုးခြိမ်းတာက နဂါးတို့ရဲ့ အရိပ်အရောင်လို့ ယူဆကြပြီး ဒီလို နာမည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဘူတန်ရဲ့ အလံမှာ သာသနာ့အရောင်ဖြစ်တဲ့ အဝါနဲ့လိမ္မော်တြိဂံ ၂ခုဆက်ထားတဲ့အပေါ် နဂါးရုပ်ကြီးထပ်ထားတာပါ။

Bhutan 073.jpg

(3) Tourism ကန့်သတ်ထားတဲ့နိုင်ငံ
—————————————-

ဘူတန်ကိုသွားလည်ချင်ရင် တခြားနိုင်ငံတွေလို Budget Trip သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက Tourist တွေအနေနဲ့ တစ်ရက်ကို US$ 250 (မြန်မာငွေ ၄သိန်းနီးပါး) အနည်းဆုံးသုံးဖို့ ကန့်သတ်ထားလို့ပါ။ အဲ့ထဲမှာ 3 star အဆင့်ရှိတဲ့ ဟိုတယ်၊ အစားအသောက်၊ အကြိုအပို့၊ ဝင်ကြေး အကုန်ပါပါတယ်။ ဒီလိုဈေးတင်ထားရတာဟာ နိုင်ငံထဲကို အပြင်လူတွေအများကြီးဝင်လာရင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးတာကြောင့်ပါတဲ့။ Idea လေးမဆိုးဘူးနော်။ အဲ့လိုလေး ချေထားလို့လည်း နိုင်ငံကို ပိုစိတ်ဝင်စားလာကြတာပါ။

LRM_EXPORT_266944998228014_20180924_182718325.jpeg

(4) ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
—————————-

ဘူတန်အကြောင်းပြောရရင် ဘူတန် ဘုရင်မိသားစုအကြောင်းချန်ထားလို့မရပါဘူး။ လက်ရှိဘုရင်နဲ့ မိဖုရားရယ်၊ သားတော်လေးရယ်က ချောမွေ့လှပလွန်းလို့ ကမ္ဘာကျော်နေတာပါ။ ဘုရင်ကြီးရဲ့အသက်က ၃၈နှစ်ပဲရှိသေးပြီး မိဖုရားလေးက ဘုရင်ကြီးနဲ့ အသက်(၁၀)နှစ်ကွာပါတယ်။ ၂ယောက်လုံးက ကမ္ဘာကျော်တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေတဲ့လေ။ သားတော်လေးဆို အသက် ၃နှစ်ကျော်ကျော်လေးပဲရှိတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။

LRM_EXPORT_41117295302578_20180920_141736161.jpeg

ဘူတန်နိုင်ငံ က ဘုရင်တွေ အုပ်ချုပ်တဲ့ ဒဏ္ဏာရီလာနိုင်ငံလေးလို ဖြစ်နေပေမဲ့ သက်တမ်းက ပြောရမယ်ဆိုရင် နှစ် ၁၀၀ ပဲရှိသေးတာပါ။ တိဘက်နဲ့ အိန္ဒိယက ပြည်နယ်စုတွေပေါင်းစည်းပြီး Kingdom of Bhutan ဆိုပြီး ၁၉၀၇ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါတဲ့။ ဘုရင်မင်းဆက်ဆိုလည်း အခုမှ ၅ဆက်မြောက်ပဲ ရှိပါသေးတယ်။ ၂၀၀၈ခုနှစ်က နန်းတက်ခဲ့တဲ့ ၅ဆက်မြောက်ဘုရင်နာမည်က ဂျေမီ ခေဆာ နမ်ကျယ် ဝမ်ချူး တဲ့။ ဝမ်ချူမိသားစုကဆင်းသက်လာတော့ အတိုကောက်အနေနဲ့ ဂျေမီဝမ်ချူးကို မှတ်ထားလို့ရတယ်။ ဂျေမီဝမ်ချူးဆိုတာ ဘုရင်တိုင်းမှာရှိတဲ့ နာမည်ပေါ့။ ခလယ်ကနာမည်တွေပဲ ပြောင်းသွားတာပါ။

Bjutan.jpg

(5) ရိုးရာအဆောက်အအုံတွေပဲ ဆောက်ခွင့်ရှိတဲ့နိုင်ငံ
———————————————————-

ဘူတန်မှာထူးခြားတာက အဆောက်အအုံတွေပါ။ ရိုးရာ အဆောက်အအုံတွေနေရာတိုင်းမှာတွေ့ရတယ်။ လေဆိပ်က အစ ရိုးရာအငွေ့အသက်လွှမ်းခြုံနေတယ်။ ဘူတန်မှာ အထပ်မြင့်ဆောက်ခွင့်မရှိဘူး။ အမြင့်ဆုံးမှ ၆ထပ်အထိပဲရှိတာ။ အဆောက်အအုံတွေကိုလည်း ရိုးရာစတိုင်နဲ့ပဲဆောက်ခွင့်ရှိတယ်တဲ့။ International Company တွေ ဟိုတယ်တွေကအစ ထူးခြားပြီး ဆောက်လို့မရဘူးတဲ့လေ။
နောက်သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေပေါ် ကျောက်ခဲတွေခင်းထားတာကိုပါ။ ဘူတန်မှာက တောင်ကြားကိုဖြတ်တိုက်လာတဲ့လေက အရမ်းပြင်းလို့ ခင်းထားရတာပါတဲ့လေ။

LRM_EXPORT_18892715282011_20180919_175742674.jpeg

(6) ရိုးရာဝတ်စုံဝတ်ကြတဲ့ နိုင်ငံ
———————————-

ဘူတန်မှာသတိထားမိတာ လူအတော်များများ ရိုးရာဝတ်စုံဝတ်ကြတယ်။ အစိုးရဝန်ထမ်းတွေရယ်၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရယ်၊ ကျောင်းသားကျောင်းသူတွေရယ်အနေနဲ့ ရိုးရာဝတ်စုံကို မဝတ်မနေရလို့ သတ်မှတ်ထားကြတယ်။received_677118129338680ဘူတန်ရိုးရာဝတ်စုံတွေမှာ ယောကျာ်းဝတ်ကို Gho ဂိုလို့ခေါ်တယ်။ ဂါဝန်လိုလို၊ ကုတ်အရှည်လိုလိုအပေါ်ဝတ်ကို အောက်ကဘောင်းဘီရှည်မဝတ်ဘဲ ခြေအိတ်အရှည်ရယ် ရှူးဖိနပ်ရယ်နဲ့တွဲဝတ်ရတာပါ။

LRM_EXPORT_2559842033461_20180919_203834803.jpeg
မိန်းမဝတ်ကိုတော့ Kira ကီရာလို့ခေါ်ပါတယ်။ ရှမ်းဝတ်စုံနဲ့ဆင်ပြီး ပိုးလို ဖဲလိုခပ်ပြောင်ပြောင်အစနဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို အောက်က ထမီလိုရိုးရာအစနဲ့တွဲဝတ်တာပါ။ ထမီနဲ့ဆင်ပေမဲ့ ဝတ်ပုံဝတ်နည်းမတူပါဘူး။ အနောက်ကနေပြန်ပတ်ပြီး ကပ်ခွာတွေရော ချိတ်တွေရောသုံးပြီးဝတ်ရပါတယ်။ ဝတ်စုံတွေကလည်း ဈေးအမျိုးမျိုးရှိတယ်။ ထမီအဆင်တွေက လက်နဲ့ယက်ကြတာဆိုတော့ ဈေးကြီးကြတယ်။ တစ်စုံကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ တစ်ထည်ကို ၂၃သိန်းတန်ထမီတောင်တွေ့ခဲ့ရပါတယ်။

 

Mighty Travels က ဧည့်သည်တွေကို ရိုးရာဝတ်စုံတွေ တစ်စုံဆီ လက်ဆောင်ပေးတာဆိုတော့ သင်ဖူးပွဲတော်သွားတက်တဲ့အခါ ကိုယ်တွေက ရိုးရာဝတ်စုံကို ဝတ်ပြီး ပွဲတက်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံဝတ်မယ်ဆိုရင် ဖြစ်ကတတ်ဆန်းပေးမဝတ်ပါဘူး။ ဝတ်စုံပြည့်ဝတ်မှ ရမှာတဲ့။ ဥပမာ- မိန်းကလေးတွေဆို အပေါ်ကရိုးရာပုဝါတင်ပြီး ဝတ်ရတယ်။ ယောကျာ်းလေးတွေဆိုလည်း ခြေအိတ်ရှည်နဲ့ဝတ်ရတယ်။ ဝတ်စုံပြည့်မဝတ်ရင် မလေးစားရာကြတယ်ဆိုလို့ လိုအပ်တဲ့ Accessories တွေထပ်ဝယ်ခဲ့ပြီး ဝတ်စုံပြည့်ပွဲတက်ခဲ့ကြပါတယ်။

(7) ဘာသာရေးလိုက်စားတဲ့ နိုင်ငံ
————————————-

ဘူတန်က ဘာသာရေးကို လေးလေးနက်နက်ယုံကြည်ကြပါတယ်။ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး တချို့ကျေးရွာတွေမှာ နတ်ကိုးကွယ်တာလည်းတွေ့ခဲ့ရပါတယ်။ သာသနာပိုင်းမှာ ခေါင်းဆောင်ဆရာတော်က ဘုရင့်လောက်နီးနီး သြဇာရှိပါတယ်။ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့နိုင်ငံ ဖြစ်တဲ့အလျောက် Criminal Case လည်း အရမ်းနည်းပါတယ်။

received_481242262382167.jpeg

ဘူတန်စေတီက လေးထောင့်ပုံစံ စေတီပါ။ စေတီကို ချော်တန် လို့ခေါ်ပါတယ်။ အောက်ဆုံးလေးထောင့်ပုံက မြေကြီးဓာတ်ဖြစ်ပြီး အပေါ်မှာ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် အဆင့်ဆင့်တင်ထားတာပါ။ အောက်ဆုံးလေးထောင့်က လောကစောင့်နတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ အပေါ်က စေတီအဝိုင်း လေးခုက ပွင့်ပြီးသားဘုရားလေးဆူကို ကိုယ်စားပြုပြီး ၁ခုပဲဆို နောင်ပွင့်မယ့်ဘုရားကို ကိုယ်စားပြုပါတယ်။ ဘုရားစေတီတွေကိုပတ်မယ်ဆိုရင် လက်ယာရစ် ပတ်လေ့ရှိကြပါတယ်။

LRM_EXPORT_20877136746292_20180919_185103626.jpeg

LRM_EXPORT_2528047084508_20180919_203803008.jpeg

Prayer Wheel လို့ခေါ်တဲ့ လက်နဲ့လှည့်ရတဲ့ ခေါင်းလောင်းတွေရယ်၊ Prayer Flag လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေကိုနှင်တဲ့ ဂါထာမဌာန်တွေရေးထားတဲ့ အလံအဖြူ or အလံရောင်စုံတွေရယ်ကိုလည်း နေရာအတော်များများမှာတွေ့ရလေ့ရှိပါတယ်။

LRM_EXPORT_202267443005592_20180923_135017153.jpeg

(8) သက်ရှိတွေ ကာကွယ်တဲ့ နိုင်ငံ
————————————–

ဘူတန်မှာ အပင်ရော၊ တိရစ္တာန်ရော လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်။ အပင်တွေကို သက်ရှိလို့ သတ်မှတ်တဲ့အတွက် ဘူတန်ရောက်ရင် ပန်းတွေလှလို့မခူးပါနဲ့။ အာပတ်သင့်ပါလိမ့်မယ်။

ဘူတန်မှာ အကောင်တွေသတ်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ဘူတန်မှာပဲ တွေ့ရတဲ့ လည်တံမည်းကြိုးကြာငှက်ကို သတ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျတဲ့အထိ အပစ်ကြီးပါတယ်။ အဲ့ငှက်တွေ ကျက်စားလေ့ရှိတဲ့နေရာမှာဆို အစားအသောက်ကောင်းအောင် ရေမြေထိန်းသိမ်းပေးထားတာတဲ့။ ငှက်တွေထိခိုက်မှာဆိုးလို့ အဲ့နေရာတဝိုက် ဓာတ်ကြိုးတွေတောင် သွယ်ခွင့်မရှိဘဲ မြေအောက်ကနေသွယ်ရတယ်တဲ့လေ။

LRM_EXPORT_22983226696491_20180919_193934909.jpeg

LRM_EXPORT_22529886120519_20180919_193201569.jpeg

(9) ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့ အမြင့်ဆုံးတောင်ရှိတဲ့ နိုင်ငံ
———————————————————————–

Buhtan အမြင့်ဆုံးတောင်ထိပ် Gangkhar Puensum က ကမ္ဘာပေါ်မှာ ၄၀ခုမြောက်အမြင့်ဆုံးတောင်ပါတဲ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့တောင်ထိပ်မှာ အမြင့်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဘူတန်တွေက အယူသည်းပြီး တောင်ပေါ်ပေးမတက်တာကြောင့်ပါ။ လူတွေတောင်ထိပ်ပေါ်တက်ရင် ရာသီဥတုပျက်မယ်၊ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အစာရေစာခေါင်းပါးမယ်ဆိုပြီး အယူရှိလို့ပေးမတက်တာပါတဲ့။

LRM_EXPORT_142932840937042_20180922_062528328.jpeg

(10) ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်ရှိတဲ့ နိုင်ငံ
—————————————————-

ဘူတန်ကိုသွားချင်ရင် တိုက်ရိုက်သွားလို့ မရပါဘူး။ ဘန်ကောက်ကတဆင့် Butan Airlineနဲ့ သွားရပါတယ်။ ဘန်ကောက်ကနေ ဘူတန်အသွားလေယာဉ်မှာ ဘယ်ဘက်ထိုင်ခုံရအောင်တောင်းပါ။ ရာသီဥတုသာယာရင် လမ်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို လေယာဉ်ပေါ်က လှမ်းမြင်ရပါလိမ့်မယ်။ ဘူတန်ရဲ့ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ် Paro Airport က ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်တွေထဲက တစ်ခုပါ။ တောင်တွေကို ဖြတ်ပြီး တောင်ကြားထဲက လေဆိပ်ကို ဆင်းရတာ ပညာသားပါပါတယ်။ Well Trained Pilot တွေသာဆင်းနိုင်တာပါ။ ဒါကြောင့်လည်း လေဆိပ်ကို ချောချောမွေ့မွေ့ဆိုက်ရောက်တဲ့အခါ လေယာဉ်စီးခရီးသည်တွေ လက်ခုပ်တီး ဂုဏ်ပြူကြတာကို တွေ့ခဲ့ရတာပါ။

dav

(11) မီးပွိုင့်မရှိတဲ့ နိုင်ငံ
————————–

ကမ္ဘာပေါ်မှာ မီးပွိုင့်မရှိတဲ့ နိုင်ငံကိုပြပါဆို ဘူတန်ကိုပဲပြရမှာပါ။ ဘူတန်မြို့တော် သင်ဖူးက ကမ္ဘာပေါ်မီးပွိုင့်မရှိတဲ့ မြို့တော်၂ခုထဲကတစ်မြို့ပါ။ နောက်တစ်မြို့ကတော့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းပါတဲ့။ သင်ဖူးမြို့မှာ မီးပွိုင့်မရှိတော့ ကားအရမ်းရှုပ်တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာတော့ ယဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားရပါတယ်တဲ့လေ။

LRM_EXPORT_179343300871590_20181024_224249924.jpeg

(12) TV နဲ့ Internet နောက်အကျဆုံးသုံးတဲ့ နိုင်ငံ
——————————————————-

ဘူတန်မှာအရင်တုန်းက TVနဲ့ အင်တာနက်တွေကို ပိတ်ပင်တားမြစ်ထားပြီး လွန်ခဲ့တဲ့ ၁၉နှစ်ကျော် ၁၉၉၉ခုနှစ်မှာမှ TV တွေ Internet တွေ အသုံးပြုခွင့်ပေးလိုက်တာတဲ့လေ။

LRM_EXPORT_201866006541070_20180923_134335716

 

————————–
Quick Facts
————————–

• အိမ်နီးချင်းနိုင်ငံ – တရုတ်နဲ့ အိန္ဒိယ
• လူဦးရေ – ၇သိန်းကျော်
• မြို့တော် – သင်ဖူး
• ငွေကြေး – Nu နူ လို့ခေါ်ပါတယ်။ ၁ နူကိုမြန်မာငွေ ၂၂ကျပ်ကျပါတယ်။
• ရာသီဥတု – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ၄မျိုးရှိပါတယ်။ ကိုယ်တွေရောက်ခဲ့တဲ့ Spetember လကတော့ နွေအကုန် ဆောင်းဦးအကူး ကာလမို့လို့ အရမ်းမပူဘဲနေလို့ကောင်းပါတယ်။
• National Flower – တောင်ဇလပ်မျိုးနွယ်ဖြစ်ပြီး မေလလောက်ပွင့်လေ့ရှိပါတယ်။ Blue Poppy လို့ခေါ်တဲ့ ဘိန်းပန်းကိုလည်း National Flower အဖြစ်သတ်မှတ်ထားကြပါတယ်။
• National Animal – သားမင်းလို့ခေါ်တဲ့ နွားကိုယ်ဆိတ်ခေါင်းရှိပြီး ဒဏ္ဏာရီနဲ့ ဆက်စပ်တဲ့အကောင်ပါ။ အဲ့လိုအကောင်က ကမ္ဘာပေါ်မှာ ၄နိုင်ငံပဲရှိတာတဲ့။ မြန်မာ၊ နီပေါ၊ တရုတ်၊ ဘူတန်မှာပဲ တွေ့ရတာတဲ့လေ။
• National Bird – တောကျီးကန်းပါ။ ဘုရင်တွေဆောင်းတဲ့ ဥသျှောင်ထိပ်မှာတွေ့ရတဲ့ အကောင်ပါ။
• National Tree – Cyprus အပင်

dav

အုပ်ချုပ်ရေး
————————–
အုပ်ချုပ်ရေးကတော့ Democracy & Constitutional Monarchy စနစ်နဲ့အုပ်ချုပ်ပါတယ်။ သူတို့ဆီမှာလွှတ်တော်ရှိပေမဲ့ ဘုရင်ကိုချစ်ကြောက်ရိုသေလို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူပါတယ်။

ကာကွယ်ရေး
————————–
ကာကွယ်ရေးပိုင်းအနေနဲ့ စစ်တပ်က ကိုယ်ပိုင်စစ်တပ်ရှိပေမဲ့ အိန္ဒိယကစစ်တပ်ကို အဓိကအားထားပါတယ်။ ကာကွယ်ရေးသာမက စီးပွားရေးမိတ်ဖက်အနေနဲ့ India ကို တည့်အောင်ပေါင်းထားပါတယ်။ အိန္ဒိယကို Hydro Power ရေအားလျှပ်စစ်ပြန်ရောင်းပေးပါတယ်။ တိဘက်ကို တရုတ်ကသိမ်းပြီးနောက် တရုတ်ကိုကြောက်သွားတာကြောင့် India နဲ့ မဟာမိတ်ဖွဲ့ထားတာပါတဲ့လေ။

rhdr

စီးပွားရေး
————————–
နိုင်ငံရဲ့ အဓိကစီးပွားရေးက Tourism ပါ။ ရေစီးသန်တဲ့မြစ်တွေရှိလို့ ရေအားလျှပ်စစ်ရောင်းပြီးလည်း ဝင်ငွေရပါတယ်။ နိုင်ငံရဲ့ 60%က တောယာတွေမို့လို့ စိုက်ပျိုးရေးလည်း ဖြစ်ထွန်းပါတယ်။

LRM_EXPORT_40326937936032_20180920_140425804.jpeg

ရိုးရာအစားအစာ
————————–
ကိုယ်တွေလိုမျိုး ထမင်းနဲ့ဟင်းစားပါတယ်။ သူတို့အစားအစာတွေက တရုတ်စာတွေနဲ့ဆင်ပေမဲ့ အသားအစားနည်းပါတယ်။ နိုင်ငံထဲမှာ အသားသတ်လို့မရတော့ အသားကို India နဲ့ Nepal ကနေ တင်သွင်းလေ့ရှိကြတယ်တဲ့လေ။ ဟင်းသီးဟင်းရွက်က ရေခံမြေခံကောင်းတော့အရမ်း လတ်ဆတ်ပါတယ်။ ချိစ်လည်း အစားများတယ်။ Yakလို့ခေါ်တဲ့ တိဘက်နွားနို့ကနေရတဲ့ ချိစ်ကို စားကြတယ်။


အကြိုက်ဆုံးကတော့ ဟီမာတာချီ လို့ခေါ်တဲ့ ငရုတ်သီး-ချိစ်ချက်ပါ။ ငရုတ်သီး ငပိချက်ဟုတ်ဘူး။ ချိစ်ချက်။ ငရုတ်သီးအတောင့်အစိမ်းကို ခွဲပြီး ချိစ်နဲ့ရောချက်စားတာ အီအီစပ်စပ်လေးနဲ့ကောင်းမှကောင်း။
ဘူတန်မှာ ကွမ်းလည်း စားကြတယ်။ ကွမ်းကိုဆေးတွေမထည့်ဘဲ ကွမ်းရွက်နဲ့ ကွမ်းသီးပဲစားကြတာပါ။ ဘူနန်ကွမ်းကို Dolma လို့ခေါ်ပါတယ်။

ဘာသာစကား
————————–
Dzongkha လို့ခေါ်တဲ့ ဘာသာစကားသုံးလေ့ရှိပြီး တခါတလေ နီပေါစကားပြောတတ်ကြပါတယ်။ အတော်များများက English လိုလည်း ပြောတတ်ကြတာကို တွေ့ခဲ့ရပါတယ်။ အသုံးဝင်မယ့် စကားစုတွေကတော့
• မင်္ဂလာပါ – ဂူဇူဇမ်ဘိုလာ
• ကျေးဇူးတင်ပါတယ် – ကတ်သရင်းချေလာ
• နှုတ်ဆက်တဲ့အခါ – ကံကောင်းပါစေ – တာချီတလဲ

LRM_EXPORT_201443678814572_20180923_133633388

————————–
ဘယ်တွေလည်မလဲ
————————–

ဘူတန်က ဟိမဝန္တာတောင်ကြောတွေပေါ်တည်ထားတဲ့ နိုင်ငံဆိုတော့ မြို့လေးတွေကလည်း အေးချမ်းလှပါတယ်။ တောင်ကြားထဲ စီးဆင်းနေတဲ့ မြစ်တလျှောက် လမ်းဖောက်ထားတဲ့ ကားလမ်းအတိုင်း တစ်မြို့နဲ့ တစ်မြို့ကို ကားနဲ့သွားရပါတယ်။ ကားမူးတတ်တဲ့သူတွေဆိုရင်တော့ Novomin တို့လို အမူးအမော်ပျောက်ဆေးတွေ ဆောင်ထားသင့်ပါတယ်။
မြို့တွေမှာတော့ ဖူးမြော်စရာ စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဗိမာန်တော်တွေရှိကြတယ်။ ဘူတန်ကို အဓိကသွားတာကတော့ ရှုမြော်ခင်းတွေနဲ့ သူတို့ရဲ့ Unique Culture ကြောင့်ပါ။ ဘူတန်ရောက်ခဲ့တဲ့ ၄ရက်အတွင်း မြို့၃မြို့ရောက်ခဲ့တယ်။ အဲ့ဒီ ၃မြို့နဲ့ လည်ပတ်စရာနေရာတွေကတော့….

ပါရိုမြို့
————————–

ဘူတန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့တစ်ခုတည်းသောမြို့ပါ။ ဘူတန်ကိုလာချင်ရင် ဒီမြို့ကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ ဘူတန်ရဲ့ အထင်ကရ Tiger Nest ကျားသိုက်ကျောင်းတော်ကြီးရှိတဲ့ မြို့ဆိုလည်း မမှားပါဘူး။ Tiger Nest က ကျောက်တောင်ကြီးရဲ့ ကမ်းပါးမှာ ၁၆ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ဘုန်းကြီးကျောင်းရောက်ဖို့ တောင်တက်လမ်းအတိုင်း ၄-၅နာရီလောက်ကြာ အတက်အဆင်းလုပ်ရတာဆိုတော့ ခြေထောက်မကောင်းတဲ့ လူကြီးတွေအနေနဲ့တော့ သွားဖို့ မသင့်တော်ပါဘူး။ မသွားနိုင်ရင် အဲ့ဒီအစားမြို့ထဲက အထင်ကရနေရာတွေကို လိုက်ပို့ပေးပါတယ်။ မြင်းနဲ့လမ်းရဲ့ ၃ပုံတစ်ပုံလောက်တော့တက်လို့ရပေမဲ့ ကျန်တာက လမ်းလျှောက်တက်ရပါတယ်။ မြင်းနဲ့ဆင်းလို့လည်းမရပါဘူး အတက်ပဲရတာပါ။

LRM_EXPORT_200213670518405_20180923_130158021

သင်ဖူးမြို့
————————–

သင်ဖူးကတော့ လက်ရှိမြို့တော်ဖြစ်ပြီး နွေရာသီမြို့တော်လို့လည်းခေါ်ကြပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့်လေးရှိတာကြောင့်ပါ။ သင်ဖူးမှာ ဘူတန်ဘုရင်နန်းတော်နဲ့ သင်ဖူးဗိမာန်တော်၊ အောက်မေ့ဖွယ်စေတီ၊ Changnakha ဘုန်းတော်ကြီးကျောင်း၊ အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရား၊ သားမင်းတွေမွေးမြူထားတဲ့ ဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

rhdr

ဘူတန်မှာပွဲတော်တွေကို နိုင်ငံအနှံ့ လစဉ်ကျင်းပတာ သင်ဖူးမြို့တော်မှာ ကျင်းပတဲ့ သင်ဖူပွဲတော်ကတော့ အကြီးကျယ်အခမ်းနားဆုံးပေါ့။ မြို့တော်မှာကျင်းပတဲ့ပွဲဆိုတော့ တချို့နှစ်တွေမှာ ဘုရင်ကိုယ်တိုင်ကြွလာပြီး အားပေးလို့ ကံကောင်းရင် ဘုရင်ကိုတောင် တွေ့နိုင်ပါတယ်။

oznor

ကိုယ်တွေသွားတဲ့အချိန်နဲ့ ကြုံလို့ သင်ဖူးပွဲတော်တက်ရောက်ခဲ့သေးတယ်။ တကယ့်ကို ဒဏ္ဏာရီထဲ ရောက်သွားသလိုပါပဲ။ မြို့နေလူတွေရော အနီးအနားရွာကလူတွေပါ ပွဲတော်ကို ရိုးရာဝတ်စုံကိုယ်စီနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လာတက်ကြတာ ဘူတန်အကယ်ဒမီပေးပွဲရောက်နေသလိုပဲ။ မြင်မြင်သမျှလှနေကြတာ။ ပွဲတော်မှာ တစ်နေကုန် အကအလှတွေနဲ့ ဖျော်ဖြေတော့ ပွဲတော်လာတဲ့ ပရိသတ်တွေလည်း ဝင်လာမစဲ တသဲသဲရယ်ပေါ့။ ဘူတန်သွားမယ်ဆိုရင် ပွဲတော်ရက်နဲ့ တိုက်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။

cof

ပူနားခါး
————————–

ပူနားခါးမြို့ကတော့ ၁၉၅၅ခုနှစ်အထိ မြို့တော်ဖြစ်ခဲ့တဲ့ မြို့လေးဖြစ်ပြီး အခုချိန်မှာတော့ ဆောင်းရာသီမြို့တော်လို့ တင်စားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီတခြားနေရာမှာအေးနေတဲ့အခါ ဒီမှာနွေးနေတတ်တာကြောင့်ပါ။


ဖိုချူးနဲ့ မိုချူး အဖေမြစ်နဲ့ အမေမြစ်ဆုံရာ နေရာမှာ ရှိတဲ့ ပူနားခါးက ဂျုံ (Dzhong)လို့ခေါ်တဲ့ ကျက်သရေဆောင်ဗိမာန်တော်ကြီးကတော့ လှလွန်းလို့ ပို့စကတ်တွေမှာ ခဏခဏမြင်ရတဲ့ အဆောက်အအုံပါ။ ဘုရင်မင်းဆက် အဆက်ဆက်က Cronation နန်းတက်ပွဲ၊ လက်ထပ်ထိမ်းမြားပွဲတွေကျင်းပရာနေရာဖြစ်သလို သာသနာ့ နာယကကျောင်းထိုင်ရာ ကျောင်းလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆောက်အအုံ၊ ခံတပ်၊ နန်းတော်အနေနဲ့ အသုံးပြုခဲ့ကြတဲ့နေရာပါ။ သူတို့လူမျိုးတွေအနေနဲ့ ဂျုံထဲဝင်ရောက်တဲ့အခါ အရိုအသေပေးတဲ့အနေနဲ့ ရိုးရာဝတ်စုံပေါ် အဖြူရောင်ပုဝါကိုပတ်ပြီးဝင်ကြတာကိုတွေ့ခဲ့ရပါတယ်။

LRM_EXPORT_22637160126752_20180919_193348843.jpeg

သားဆုပန်နတ်ကွန်း
————————–

ပူနားခါးမြို့နားမှာ သားသမီးရအောင် ဆုပန်တဲ့ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့နတ်ကွန်းရှိတဲ့ ရွာလေးကလည်း အရမ်းထူးဆန်းတာပဲ။ ရိုးရာအိမ်တွေရဲ့ နံရံတွေမှာ အမျိုးသားလိင်အင်္ဂါပုံကို ကာတွန်းပုံ၊ ပန်းချီပုံ အရောင်စုံဆွဲပြီး အလှဆင်ထားကြတာ။ သားသမီးရဖို့ အဆောင်အယောင်လို့ သဘောထားပြီး အလှဆင်ထားတာတဲ့။ ပုံတူရုပ်တု လေးတွေတောင် Size စုံ၊ အရောင်စုံ ရောင်းလို့ အမှတ်တရ ဝယ်သွားလို့ရတယ်နော့။

rhdr

rhdrFB_IMG_1545901254672

LRM_EXPORT_41229950990582_20180920_141928817.jpeg

Dochular Pass
————————–

ပါရိုကနေ ပူနားခါး အသွားလမ်းမှာရှိတဲ့ တောင်ပေါ်မှာတည်ထားတဲ့ ဘူတန်ရိုးရာ လေးထောင့် စေတီ ၁၀၈ဆူပါ။ တတိယဘုရင်က ဆေးလိပ်အရမ်းသောက်လို့ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားရတဲ့အခါမှာ ဘုရင်ကြီးကျန်းမာရေးအတွက်ရည်စူးပြီး စေတီတွေတည်ထားခဲ့ကြတာပါ။ ဘုရင်ကြီးဆုံးပြီးနောက် သားတော် စတုတ္ထဘုရင်လက်ထက်မှာ ဆေးလိပ်ကို စိတ်နာလို့ ဆေးလိပ်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ကြတယ်တဲ့လေ။ ဒီတောင်ပေါ်ဘုရားနားက စားသောက်ဆိုင်က ရှုခင်းတွေလှသလို စားလို့လည်း သိပ်ကောင်းပါတယ်။ ရာသီဥတုသာယာတဲ့အခါ ဒီတောင်ပေါ်ကနေ ဘူတန်ရဲ့ အမြင့်ဆုံးတောင်ထိပ်အပါအဝင် နှင်းတွေဖုံးနေတဲ့ တခြားတောင်ထိပ်တွေကိုပါ လှမ်းမြင်ရပါတယ်။

LRM_EXPORT_142949252074018_20180922_062544738.jpeg

ဒါကတော့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ ဘူတန်ခရီးစဉ်မှာတွေ့ခဲ့ ကြုံခဲ့ရတာလေးတွေရယ်၊ စိတ်ဝင်စားဖို့ကောင်းတာလေးတွေရယ်ကို ပြန်ပြောပြထားတာပါ။ ပုံလေးတွေမှာလည်း ရှင်းပြထားလို့ ဝင်ကြည့်ကြပါနော်။ နုမြတ်တို့ မိသားစုကတော့ ဒီတစ်ခေါက်ဘူတန်ခရီးကို ဘူတန်ခရီးစဉ်တွေ စီစဉ်လေ့ရှိတဲ့ Mighty Days နဲ့သွားခဲ့တာပါ။ နောက်ထပ်လည်း ခရီးစဉ်တွေ ထွက်ဖို့ရှိတော့ စိတ်ဝင်စားရင် Mighty Days မှာ စုံစမ်းနိုင်ပါတယ်နော်။

သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World

LRM_EXPORT_153419686415129_20180929_171915832

အိုက်စလန်မှာ ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက… (Northern Light Hunt in Iceland)

Iceland မှာ

ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက…

ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light ကိုမြင်ရဖို့ဆိုတာ Traveller အတော်များများရဲ့ အိပ်မက်ပါ… ခရီးသွားအများစုရဲ့ Bucket List ထဲမှာ ပါလေ့ရှိကြပါတယ်။
Northern Light မြင်ရဖို့ဆိုတာ အင်မတန်ကံကောင်းမှ ဖြစ်မှာပါ။ Northern Light ပေါ်တဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ရမယ့်အပြင် မြင်ရတဲ့ ရာသီလည်းဖြစ်ရပါမယ်။ ဒါတောင်သူက ပေါ်ချင်မှပေါ်ဦးမှာပါ။ တိမ်ကင်းစင်ပြီး သံလိုက်လှိုင်းတွေလည်း အားကောင်းနေရပါဦးမယ်။ အဲ့လိုအားကောင်းဖို့ကလည်း အတော်ရှားပါတယ်။ ဆိုတော့ကာ အင်မတန် ကံကောင်းမှ မြင်ရနိုင်တဲ့အရာပါ။

2019_10_25_08_19_IMG_4572.JPG

နုမြတ်ကတော့ အရင်လက Iceland ရောက်တုန်းက ကံကောင်းထောက်မစွာနဲ့ မြင်ရခဲတဲ့ ဒီ Northern Light ကြီးကို အားရပါးရတွေ့ခဲ့ရပါတယ်။ Iceland ရောက်နေတဲ့ ငါးရက်တာကာလအတွင်း ၃-၄ရက်လောက်မှာကို ပေါ်နေတာပါ။ နောက်ဆုံးရက်မှာဆိုရင် မိုးတောင်မချုပ်သေးဘူး Northern Light ကို မှောင်စပျိုးနေတဲ့ ကောင်းကင်ပြာပြာပေါ်မှာ ကားစီးနေရင်းနဲ့ လှမ်းမြင်ရတဲ့အထိ ကံကောင်းခဲ့ပါတယ်။

2019_10_27_08_03_IMG_4580.jpg

နုမြတ် Iceland ကိုသွားခဲ့တာ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေကြောင့်ဖြစ်သလို Northern Light မြင်ဖူးချင်တာကြောင့်လည်း ပါပါတယ်။ Iceland ဘယ်လောက်ဈေးကြီးကြီး နုမြတ်တော့ Northern Light ကို မြင်လိုက်ရတာနဲ့ Iceland လာရကျိုးနပ်သွားပါပြီ 😍

 

Northern Light ဆိုတာ 

————————————–

Northern Light ဆိုတာဟာ ညဉ့်ကောင်းကင်ယံမှာ ဖြာထွက်တောက်ပနေတတ်တဲ့ ရောင်စုံ အလင်းတန်းတွေပါပဲ။ Northern Lights ကို Aurora Borealis လို့လည်း ခေါ်ကြပါသေးတယ်။ အတိုကောက်ကတော့ Aurora ပေါ့နော်။
Northern Lights တွေဟာ ကမ္ဘာမြေမြင် အထက် မိုင် ၆၀ နဲ့ ၁၅၀ လောက်မှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ Nothern Light က ပေါ်ဖို့ခက်သလို ပေါ်ပြီဆိုရင်လည်း အမြဲပေါ်နေတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါပေါ် အကြာဆုံးနာရီဝက်လောက်ပါ။ ပေါ်တဲ့အခါမှာလည်း ကောင်းကင်ထဲမှာ ကနေသလို၊ လွင့်နေသလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါ။ သဘာဝတရားကြီးက ဆန်းကြယ်သားနော်။ မှော်ပညာနဲ့ ဖန်တီးထားသလားတောင် ထင်မှတ်မှားရလောက်ပါပေတယ်။

ဘာအရောင်တွေရှိလဲ 

——————————-

Northern Light ကို အဓိကအားဖြင့် အစိမ်းရောင်အနေနဲ့မြင်ရပေမဲ့ တစ်ခါတလေ အစိမ်းရောင်နဲ့အတူ အနီလေးတွေ ခရမ်းလေးတွေပါ ပေါ်တတ်တယ်တဲ့။ အပြာရောင်လေးတွေလည်း ရှားရှားပါးပါး ပါလာတတ်သေးတဲ့။ ကိုယ်တွေတွေ့ခဲ့တာကတော့ အစိမ်းရောင်ပါ။

Colorful Aurora over Jokulsarlon
Colorful Aurora over Jokulsarlon Photo – Credit

ဘယ်လိုဖြစ်ပေါ်လာတာလဲ 
——————————–

Aurora (သို့) Northern Lights တွေက တကယ်တော့ လျှပ်စစ်သံလိုက်လှိုင်းတွေပါ။ Solar Wind ဖြစ်စဉ်ကြောင့် နေမှာရှိတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်လေးတွေက ကမ္ဘာ့လေထုထဲကို ရောက်ရှိလာပြီး လေထုထဲက ဓာတ်ငွေ့အမှုန်တွေနဲ့ ပွတ်တိုက်တာကြောင့် လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာတာပါ။

Solar Wind ဖြစ်စဉ်ကတော့ ဒီလိုပါ။ နေရဲ့ မျက်နှာပြင် အပူချိန်က ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပါတယ်။ နေကအရမ်းပူပြင်းသလို နေမှာရှိတဲ့ ဓာတ်ငွေ့မော်လီကျူးတွေဟာ အချင်းချင်း အကြိမ်များစွာပွတ်တိုက်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်ကြပါတယ်။ အဲ့လိုပေါက်ကွဲမှုဖြစ်တဲ့အခါ အီလက်ထရွန်နဲ့ ပရိုတွန်အမှုန်တွေဟာ နေကနေလွတ်ထွက်ကာ အာကာသကို လွင့်စင်သွားကြပါတယ်။ အဲ့ဒီအခါမှာ ကမ္ဘာလေထုထဲကိုပါ ဒီအမှုန်တွေ ရောက်ရှိလာကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း အားပြင်းတော့ ဒီအမှုန်တွေက ကမ္ဘာမြေပေါ် တိုက်ရိုက်မကျရောက်နိုင်ဘဲ သံလိုက်စက်ကွင်း အားအပျော့ဆုံးဖြစ်တဲ့ ဝင်ရိုးစွန်းဒေသတွေဆီ လမ်းကြောင်းသွေဖယ်သွားကြပါတယ်။ ဝင်ရိုးစွန်းဒေသတွေဆီ ရောက်ရှိတဲ့အခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေနဲ့ နေကနေ လွင့်စင်လာတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေ ပွတ်တိုက်ကြပြီး လျှပ်စစ်သံလိုက်လှိုင်းတွေဖြစ်ပေါ်ကာ ဥတ္တရအလင်းတန်းအဖြစ် မြင်တွေ့ရတာပါ။

2019_10_25_01_31_IMG_2653.JPG

Northern Light မြင်ရတဲ့နေရာတွေ ‼️
——————————————

Northern Lights ကို ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေဖြစ်တဲ့ ကမ္ဘာ့မြောက်ဖက်စွန်းပိုင်းနဲ့ ကမ္ဘာ့တောင်ဖက်စွန်းပိုင်းတွေမှာသာ တွေ့ရတာပါ။ အဓိကမြင်တွေ့နိုင်တဲ့နေရာတွေကတော့ Alaska နဲ့ ကနေဒါနိုင်ငံပါ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ နုမြတ်ရောက်ခဲ့တဲ့ Iceland အပြင် Greenland နဲ့စကင်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဒိန်းမတ်တို့မှာ တွေ့ရမှာပါ။ ရုရှားနိုင်ငံမြောက်ပိုင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ အဲဒီထဲကမှ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာက နော်ဝေနိုင်ငံထဲက Lofoten ကျွန်းစုတဲ့လေ။ ဘာကြောင့်လဲဆိုတော့ Lofoten ကျွန်းကဆောင်းရာသီတွေမှာ တအားမအေးလို့ပါ။ ကိုယ်တွေ သွားခဲ့တဲ့ Iceland ကတော့ ကျွန်းနိုင်ငံမို့လို့လေတအားကြမ်းပါတယ်။ အေးရတဲ့ကြားထဲ လေကလည်း တအားတိုက်တော့ အေးအေးဆေးဆေးကြည့်လို့ မရတဲ့အတွက် Northern Light ကို အဓိကထားကြည့်ချင်တယ်ဆိုရင် Iceland ကို Recommend မပေးချင်ပါဘူး။

NORWAY-NATURE-ARCTIC-AURORA-BOREALIS
Northern lights (aurora borealis) illuminate the sky over Reinfjorden in Reine, on Lofoten Islands, Arctic Circle, on September 8, 2017. / AFP PHOTO / Jonathan NACKSTRAND (Photo credit should read JONATHAN NACKSTRAND/AFP/Getty Images)

ဘယ်အချိန်မှာ အမြင်ရဆုံးလဲ 
——————————————

Northern Light ကို မြင်ရဖို့ဆိုတာ မြောက်ပိုင်းနိုင်ငံတွေဖြစ်ဖို့လိုသလို ဆောင်းတွင်းဖြစ်ဖို့လည်း လိုပါသေးတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ အောက်တိုဘာလကနေ မတ်လအထိက Northern Light ရာသီပါ။ ဆောင်းတွင်းညတွေမှာ ညမှောင်တာနဲ့ မြင်ရနိုင်ပေမဲ့ ည၁၀နာရီနဲ့ မနက်၁နာရီကြားကတော့ ဓာတ်ပုံရိုက်လို့အကောင်းဆုံးပါ။ ဒါပေမဲ့ ညတိုင်းလည်း မမြင်နိုင်ပါဘူး။ တိမ်ကင်းစင်တဲ့ညဖြစ်ဖို့လိုသလို အလင်းတန်းတွေ ကွန့်မြူးအားကောင်းနေမှသာ ကောင်းကောင်းမြင်ရမှာပါ။

shutterstock_536321737-by-thampitakkull-jakkree
Aurora Dancing over Iceland landmark Kirkjufell mountain Photo Credit – hampitakkull-jakkree

ပေါ်မပေါ် ကြိုသိနိုင်လား
——————————-

Northern Light ကို ၃ရက်ပဲ ကြိုပြီးခန့်မှန်းလို့ရတာပါ။ ဘယ်နေရာတွေမှာ ပြင်းအားဘယ်လောက်ပေါ်မလဲဆိုတာကို ခန့်မှန်းလို့ရတဲ့ Website တွေ App တွေရှိပါတယ်။ Aurora လို့ခေါ်တဲ့ App လေးကို ဖုန်းထဲသွင်းထားလိုက်ပါ။ သံလိုက်လှိုင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး Level 1 to 7 အထိရှိပါတယ်။ Level 7 ဆို လျှပ်စစ် သံလိုက်လှိုင်းတွေ အားအပြင်းဆုံးပေါ့။ ကိုယ်တွေကြည့်တဲ့ညက Level 5 ဆိုတော့ အတော်ကို ကံကောင်းပါတယ်။ ပုံမှန်က Level 1-2 လောက်ပဲမြင်ရတာတဲ့။ 6-7 ကမရှိသလောက်ပဲတဲ့။ 5 ဆိုတာတော်တော်ကောင်းနေပြီတဲ့လေ။ တကယ်လည်း ကောင်းကင်ကြီးတစ်ခုလုံး စိမ်းနေတာ ပုံထဲမှာသာကြည့်ကြည့်ပါတော့။ ဒါတောင်ရိုက်ခါနီး ကင်မရာအဆင်မပြေလို့ ဖုန်းကို လက်နဲ့ကိုင်ရိုက်ထားတာပါ။ ကင်မရာနဲ့ Tripod နဲ့ဆို ပိုတောင်ကောင်းပါဦးမယ်။

2019_10_25_14_27_IMG_2690.JPG

Northern Light ရှာပုံတော် Tour တွေ
—————————————–

Iceland မှာက Northern Light Hunting လို့ခေါ်တဲ့ ဥတ္တရအလင်းတန်း ရှာပုံတော် Tour တွေ ညဘက်မှာ ထွက်လေ့ရှိပါတယ်။ Northern Light ထွက်မထွက်က အစောကြီး ကြိုမသိနိုင်တော့ Tour ကို အစောကြီးကြိုမဝယ်ရဲပါဘူး။ ရောက်တဲ့အခါမှ Northern Light ခန့်မှန်းတဲ့ Website တွေကြည့်ပြီး အားအပြင်းဆုံးရက်ကို ရွေးပြီး Tour ဝယ်ခဲ့ပါတယ်။
Northern Light ကြည့်တဲ့ Northern Light Hunting Tour တွေကလည်း Company အမျိုးမျိုး ဈေးအမျိုးမျိုးရှိပါတယ်။ $50 ကနေ $100 ကျော်ထိ အစားစားရှိပါတယ်။ တချို့ Tour တွေဆို Northern Light နဲ့ နောက်ခံထားပြီး ဓာတ်ပုံပါရိုက်ပေးတဲ့ Service တောင် ပါပါတယ်။ Northern Light က မီးအလင်းရောင်တွေ မရှိ မဲမှောင်နေတဲ့ ကွင်းပြင်ထဲသွားပြီး ကြည့်ရတာဆိုတော့ နုမြတ်တို့တည်းတဲ့ မြို့တော် Reykjavik ကနေ မြို့ပြင်ကို နာရီဝက်တစ်နာရီလောက်မောင်းသွားရပါတယ်။ အဲ့ဒီတော့ Tour တွေက ည၈နာရီ-၉နာရီလောက်မှာ စထွက်တတ်ပြီး စုစုပေါင်း ၃-၄နာရီလောက်ကြာတတ်ပါတယ်။

ကိုယ်တွေ့အတွေ့အကြုံ
—————————

နုမြတ်တို့က တည်းတဲ့ ဟိုတယ်ကနေ ရောင်းတဲ့ Tour ကို Booking တင်ခဲ့ပါတယ်။ Tour အရ ည ၈နာရီ ဟိုတယ်ကို လာခေါ်ရမှာပါ။ ဒါပေမဲ့ ရာသီဥတုအကြောင်းပြပြီး Tour cancel ဖြစ်ကာ မထွက်ဖြစ်ကြောင်းကို ညနေလောက်မှာမှ Email လှမ်းပို့ပါတယ်။ အဲ့နေ့ကတစ်နေကုန် လျှောက်လည်နေတော့ ဖေဖေက Email ဝင်တာကို မသိလိုက်ပါဘူး။ ညဘက်လာကြိုခါနီးမှတွေ့လိုက်ပြီး အားလုံးစိတ်ပူသွားကြပါတယ်။ Website တွေ App တွေမှာတော့ ဒီညမှာ Northern Light ပေါ်မယ့်အပြင် အားတောင်မှ ကောင်းနေတာဆိုတော့ ကိုယ်တွေလည်း ဇဝေဇဝါဖြစ်သွားတာပေါ့။ ဟိုတယ်က ဝန်ထမ်းတွေကို မေးကြည့်တော့လည်း ရာသီဥတုကောင်းနေတာကို ဘာလို့ Tour Cancel လဲမသိ ထူးဆန်းတယ်ဆိုပြီး ပြောပါတယ်။

ဟိုတယ်က တခြားဧည့်သည်တွေကို တခြား Tour car တွေကလည်း တစ်စီးပြီးတစ်စီးလာခေါ်နေပါပြီ။ ကိုယ်တွေသာ ဘာလုပ်ရမှန်းမသိ ခေါင်းမီးတောက်နေရော။ Hotel မှာ ဧည့်သည်လာခေါ်တဲ့ Tour တွေကို ခုမှဝယ်ပြီးလိုက်မယ် လုပ်ပြန်တော့လည်း နေရာပြည့်နေလို့ လက်မခံကြပါဘူး။ Online မှာကလည်း အချိန်နောက်ကျနေလို့ Tour တွေဝယ်လို့မရတော့ပါဘူး။ Taxi ကို မေးကြည့်တော့လည်း စီးလုံးငှားတဲ့ဈေးကများပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတုန်း ကံတရားက ကိုယ့်ဘက်ပါပြီး ည၉နာရီထွက်တဲ့ Tour တစ်ခုမှာ နေရာရှိနေပါတယ်။ ဟိုတယ်ကိုလာခေါ်တဲ့ Tour Car တစ်ခုမှာပေါ့။ အဲဒါနဲ့ ကိုယ်တွေလည်း ဝမ်းသာအားရ လိုက်သွားခဲ့ကြပါတယ်။

2019_10_25_14_27_IMG_2691

ကားကမြို့ပြင်နည်းနည်းထွက်လိုက်တာနဲ့ ကားပေါ်ကနေ Northern Light တွေကို စမြင်နေရပါပြီ။ ကားဆရာက လမ်းကြားတစ်ခုထဲချိုးပြီး အလင်းရောင် ပိုပြီးမြင်ရမယ့် လူလည်းရှင်းမယ့် ကွင်းပြင်တစ်ခုစီ မောင်းခေါ်သွားပါတယ်။

ကားပေါ်ကဆင်းလည်း ဆင်းရော အားလားလား လေတွေလေတွေ တိုက်တယ်ဆိုတာ လူတောင်လွင့်ထွက်မတတ်ပါပဲ။ Iceland ကလေပြင်းရတဲ့အထဲ ကွင်းပြင်ကြီးထဲဆိုတော့ လေတအားထန်နေတာပေါ့။ ဒီရက်ပိုင်းကလည်း လေထန်တဲ့ရက်ဖြစ်နေတော့ အရမ်းဆိုးပေါ့။ တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေတာပါ။ လေထန်ရတဲ့အထဲ ရာသီဥတုကလည်း တအားအေးတာပဲ။ အပူချိန်က အနှုတ်ပြနေတော့ ရာသီဥတု တအားဆိုးပါတယ်။ မှောင်မှောင်မဲမဲထဲ လေအေးကြီးတွေ ဖြတ်ဖြတ်တိုက်တာဆိုတော့ စဉ်းစားသာကြည့်ပါတော့။

ဒါပေမဲ့လည်းလေ ကောင်းကင်ကြီးတစ်ခုလုံးအပြည့် ဥတ္တရအလင်းတန်းတွေ ကွန့်မြူးနေတော့ ရာသီဥတုဆိုးတာလည်း ဂရုမစိုက်နိုင်ပါဘူး။ မြင်ရခဲတဲ့၊ ထူးဆန်းတဲ့ သဘာဝတရားကြီးကို တအံ့တအော ငေးကြည့်မိတာပါပဲ။ အမယ် ဥတ္တရအလင်တန်းလေးတွေက ငြိမ်ငြိမ်မနေဘူးတော့။ ပေါ်လိုက်ပျောက်လိုက်နဲ့ ကပြဖျော်ဖြေနေသလိုလို…

တကယ်တော့ Northern Light က ဓာတ်ပုံတွေထဲမှာ မြင်ရသလို အစိမ်းတောက်တောက်မဟုတ်ပါဘူး။ အစိမ်းနုနုဖျော့ဖျော့လေးတွေ ကောင်းကင်မှာ ပေါ်နေတာပါ။ တိမ်လွှာလေးတွေမှာ အစိမ်းနုလေး သန်းနေသလိုလေးပေါ့။ အစိမ်းဖန့်ဖန့်လေးတွေက ကင်မရာထဲရောက်သွားတဲ့အခါ အစိမ်းရင့်ရင့်တောက်တောက်လေးတွေဖြစ်သွားပြီး သိပ်လှတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာတာပါ။

 

အထင်နဲ့အမြင်
—————–

အရင်ကတွေးထားတာတော့ Northern Light သွားကြည့်တဲ့အခါ ဖြူဖြူဖွေးတဲ့နှင်းတောထဲ ချောကလက်ခွက်ပူပူလေးကိုင်ပြီး ကောင်းကင်မှာကနေတဲ့ ဥတ္တရအလင်းတန်းလေးကို အေးအေးဆေးဆေး ငေးကြည့်မယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ။

Northern Light က ပေါ်တာရှားသလို ပေါ်ရင်လည်း အမြဲပေါ်နေတာမဟုတ်တော့ ပေါ်တုန်းလေးကို ဓာတ်ပုံတွေ အသည်းအသန် လုရိုက်ကြရတာပါ။ ညကြီးသန်းခေါင် မှောင်မဲသဲနေတဲ့ နေရာမှာ ကင်မရာတွေ Tripod တွေထောင်ရ Setting ချိန်ရတာလည်း ထင်သလောက်မလွယ်ပါဘူး။ ရိုက်နေကြမှ အဆင်ပြေမှာပါ။ ကိုယ်တော့ စိတ်မရှည်လို့ ဖုန်းနဲ့ရိုက်ကြည့်တာ အဆင်ပြေနေလို့ ဖုန်းပဲရိုက်လိုက်ပါတော့တယ်။ Night Mode ရိုက်လို့ရတဲ့ ကင်မရာကောင်းတဲ့ဖုန်းဖြစ်ဖိုကတော့ လိုပါလိမ့်မယ်။

အပူချိန်ကလည်း အနှုတ်ပြနေတော့ အေးလွန်းလို့ လက်အိတ်ချွတ်လိုက်ရင် လက်တွေကျင်တက်၊ နားတွေပါကိုက်၊ နှာရည်တွေပါကျပါတယ်။ လေကလည်း တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေပါသေးတယ်။ အရှိန်ပြင်းလွန်းလို့ ကိုယ်လို ကိုယ်လုံးထွားတဲ့လူပါ လွင့်လွင့်ထွက်နေတာပါ။ ဖုန်းကိုဆို မနည်းငြိမ်အောင်ကိုင်ရပါတယ်။ အခုလိုပုံတွေကို Tripod မပါဘဲ ဖုန်းနဲ့ရိုက်ဖို့ဆိုတာတော်တော့်ကိုမလွယ်တာပါ။ ဒါပေမဲ့ ပုံလေးတွေ မဆိုးလို့တော်ပါသေးတယ်။

2019_10_25_13_11_IMG_2696.JPG

Northern Light ဓာတ်ပုံရိုက်နည်း
——————————————

Northern Light ဓာတ်ပုံရကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ ရိုးရိုးကင်မရာနဲ့ ရိုက်လို့မရပါဘူး။ DSLR တို့ Mirrorless Camera တို့လို Setting ပြောင်းလို့ရတဲ့ ကင်မရာနဲ့မှ ရမှာပါ။ Wide lens နဲ့ဆိုပိုကောင်းပါတယ်။ Tripod လည်းလိုပါမယ်။ ဘက်ထရီအပိုလည်း လိုလိုမယ်မယ်ဆောင်ထားပါ။ အမှောင်ထဲ ခြေမချော်အောင်နဲ့ လူကိုပါရိုက်ရင် အလင်းရောင်ရအောင် ဓာတ်မီးလည်းလိုပါမယ်။ Headlight ဆို လက်မှာကိုင်စရာ မလိုတော့ပါဘူး။

ရိုက်ရမယ့် ကင်မရာ Setting ကတော့…
ISO – 800-1600
Aperture – 3.5 နဲ့ အောက်
Exposure 10-20 စက္ကန့်နဲ့
Focus က Manual ပါ။
Timer ပေးပြီးရိုက်ရင် Handshake မဖြစ်တော့ပါဘူး။

အဲ့လို ကင်မရာတွေမဟုတ်ဘဲ နောက်ဆုံးပေါ်ဖုန်းတွေနဲ့ဆိုလည်း ကောင်းကောင်းရိုက်လို့ရပါပြီ။ ဒါပေမဲ့ Night Mode နဲ့တော့ ရိုက်ရမှာပါ။ Exposure ကြာကြာချိန်နိုင်တဲ့ Manual setting နဲ့ ရိုက်နိုင်တဲ့ ဖုန်းတွေဆိုလည်း ဖုန်းနဲ့တင် အဆင်ပြေနေပါပြီ။ နုမြတ်ပုံတွေဆိုရင် Iph 11 Max Pro ရယ်၊ Galaxy Note 10 ရယ်နဲ့ ရိုက်ထားတာပါ။ Tripod တောင်မပါပါဘူး။ လက်နဲ့ကိုင်ရိုက်ထားတာပါ။

Aurora Show in Perlan Museum
Aurora Show in Perlan Museum Photo – Perlan Museum

******
Tips
******

Northern Light ကြည့်မယ့်သူတွေ ဒီအချက်လေးတွေ သတိထားပါနော်။
☑️အနွေးထည်ထူထူလိုပါမယ်။ နုမြတ်ကတော့ Uni Qlo က Heattech အင်္ကျ ီနှစ်ထပ်ပေါ် လေကာအင်္ကျ ီ ထပ်ဝတ်ထားပြီး ဘောင်းဘီကိုလည်း ဂျင်းဘောင်းဘီအောက် Heattech Stocking ခံဝတ်ထားပါတယ်။ နားလုံတဲ့ သိုးမွှေးဦးထုပ်နဲ့ လက်အိတ်ထူထူလည်း လိုပါလိမ့်မယ်။ နားမလုံရင် နားထဲလေတိုးလို့ balance တောင်မမှန်တဲ့ အထိဖြစ်တတ်ပါတယ်နော်။

☑️နုမြတ်တို့ သွားခဲ့တဲ့ကားက ၁၂ယောက်လောက်ဆန့်တဲ့ ကားပါ။ လူအများကြီးပါတဲ့ ဘတ်စ်ကားတွေလည်း တခြား Tour တွေကနေ ထွက်ပါတယ်။ ကားသေးလေ ဈေးပိုကြီးလေပါ။ ဘာလို့လည်းဆိုတော့ ကားသေးတွေက ကားကြီးတွေက ဝင်မရတဲ့ လမ်းကိုဝင်နိုင်လို့ Northern Light ရှာပုံတော် ဖွင့်ရာမှာ ပိုအဆင်ပြေပါတယ်။ ကားကြီးတွေက လမ်းမကြီးဘေးမှာပဲ ကပ်ရပ်ကြရတာဆိုတော့ ကားတွေဖြတ်သွားတဲ့အခါ ဓာတ်ပုံရိုက်ရတာ သိပ်မကောင်းပါဘူး။

☑️Northern Light အလှကို အပြင်မှာကိုယ်တိုင်ကိုယ်ကျခံစားသလို သူများရိုက်ထားပြီးသားအသင့်ကို အရုပ်ရောအသံနဲ့ပါခံစားကြည့်လိုက်ပါ။ Reykjavik မြို့ထဲက Perlan ပြတိုက်မှာ Aurora Show ရှိပါတယ်။ အမိုးခုံးခန်းမကြီးမှာ အမိုးအပြည့် Screen ကြီးထဲ Iceland နိုင်ငံအနှံ့ရိုက်ထားတဲ့ Northern Light Video ကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ သီချင်းတွေရော ရိုက်ချက်တွေရော ကောင်းလွန်းလို့ အပြင်မှာ ကိုယ်တိုင်ကြည့်နေရသလို ခံစားရပါတယ်။ Northern Light ဖြစ်ပေါ်လာပုံတွေရော ဒဏာရီပုံပြင်တွေပါ ရှင်းပြထားတာ တစ်ချက်မှ မပျင်းရပါဘူး။ အဲ့ Show ကို သွားကြည့်ဖို့တော့ Recommend ပေးပါတယ်။

☑️ မြို့ထဲမှာ Aurora Reykjavikဆိုတဲ့ ပြတိုက်လည်းရှိပါသေးတယ်။ အဲ့ကိုတော့ မရောက်ခဲ့ရလို့ သေချာမသိပါဘူး။ စိတ်ဝင်စားရင် သွားကြည့်လို့လည်း ရပါတယ်နော်။

2019_10_25_06_52_IMG_4570.jpg

ဒါကတော့ ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light (Aurora) အကြောင်းနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ တကယ်သွားကြည့်မယ့်သူတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို သိသလောက် ပြောပြထားတာပါ။ ဗဟုသုတ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
Northern Light အလှကို အားလုံးမြင်ရအောင် အင်တာနက်က ပုံလေးတွေကိုပါ ရှာထည့်ပေးလိုက်ပါတယ်နော်။

ကြိုက်ရင် Like နဲ့ Share လုပ်ပေးပါဦးနော်။ နောက်ထပ်လည်း စိတ်ဝင်စားစရာနေရာတွေ အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမှာပါ…

ချစ်ခင်လျှက်
Dr.Nu Myat

လာအိုကို ဘန်ကောက်ကနေ ညရထားနဲ့သွားမယ် (Bangkok to Laos by Train)

လာအိုကို ဘန်ကောက်ကနေ
ညရထားနဲ့သွားမယ်

 
ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံလေး လာအိုဟာ နီးရက်နဲ့ဝေးနေတဲ့ နိုင်ငံလေးပါ။ သူ့ဆီ မြန်မာနိုင်ငံကနေ တိုက်ရိုက်လေကြောင်းလိုင်းမရှိတော့ လွယ်လွယ်ကူကူသွားလို့မရဘူးဖြစ်နေတာပေါ့။ လာအိုကိုသွားချင်ရင် တခြားနိုင်ငံကနေတဆင့်သွားမှ ရမှာပါ။ များသောအားဖြင့် ထိုင်းကနေ တဆင့်သွားကြပါတယ်။

ထိုင်းကနေ လာအိုဆီ လေယာဉ်နဲ့သွားနိုင်သလို ရထားရယ်၊ ကားရယ်နဲ့လည်းသွားလို့ရပါတယ်။ ကျွန်မတို့ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ညအိပ်ရထားစီးပြီး လာအိုနိုင်ငံကိုသွားခဲ့တာပါ။ ဘန်ကောက်ရောက်တုန်း လာအိုဘက်ပါ သွားလည်မယ်ဆိုပြီး လာအိုမြို့တော်ဗီယန်ကျင်းမြို့နဲ့ Adventure တွေအများကြီးလုပ်လို့ရတဲ့ သဘာဝမြို့လေး ဗန်ဗီယန်းမြို့ကို သွားလည်ခဲ့တာပါ။

 

IMG_1632

ညရထားအမျိုးအစားနဲ့ ဈေးနှုန်း

ဘန်ကောက်ကနေ လာအိုကို ရထားနဲ့သွားမယ်ဆိုရင် ထိုင်း-လာအိုနယ်စပ်မြို့ဖြစ်တဲ့ နွန်းခိုင်မြို့(Nong Khai) ကနေတဆင့် သွားမှရမှာပါ။ Bangkok – Nong Khai ရထားလက်မှတ်ကို ဘန်ကောက်မြို့ထဲက Hua Lumpong ဘူတာကြီးမှာ သွားဝယ်ရပါတယ်။ နုမြတ်တို့ကတော့ အဲ့တုန်းက Baiyoke Sky မှာတည်းတော့ ဟိုတယ်ဘေးက Travel Agent မှာ ဝယ်ခဲ့ပါတယ်။

IMG_1086

နွန်းခိုင်သွားတဲ့ ရထားတွေထဲမှာ ညအိပ်စင်ပါတဲ့ ညရထား၂မျိုးရှိပါတယ်။ ည ၈နာရီထွက်တဲ့ Special Express အမျိုးအစား Number 25 က ပိုကောင်းပြီး ပိုသန့်ပါတယ်။ အဲ့ရထားလက်မှတ် မရှိတော့လို့ ည၈း၄၅ ထွက်တဲ့ Rapid အမျိုးအစား Number 133 ကိုပဲ စီးခဲ့ရပါတယ်။

ည၈နာရီထွက်တဲ့ ရထားမှာ ၂ယောက်သီးသန့် အိပ်ခန်း 1st Class ရှိပြီး အပေါ်ခုံ ၁၁၅၇ဘတ် (၄၆၀၀၀ကျပ်) အောက်ခုံ ၁၃၅၇ဘတ် (၅၄၀၀၀ကျပ်) ကျသင့်ပါတယ်။ 2nd class ကတော့ အိပ်စင်ပါတဲ့ ဘုံအခန်းဖြစ်ပြီး အပေါ်ခုံ ၇၄၈ဘတ်(၃၀၀၀၀ကျပ်) အောက်ခုံ ၈၃၈ဘတ် (၃၃၅၀၀ ကျပ်)ပါ။ အဲကွန်းပါပါတယ်။

ည၈း၄၅ထွက်တဲ့ရထားမှာတော့  အဲကွန်းပါတဲ့ 2nd Class အိပ်စင်ဘုံခန်းက အပေါ်ခုံဆို ၆၁၈ဘတ်(၂၅၀၀၀ကျပ်) နဲ့ အောက်ခုံဆို ၆၈၈ (၂၇၅၀၀ကျပ်) ဘတ်ပါ။ အဲကွန်းမပါတဲ့ ထိုင်ခုံတွဲတွေလည်းရှိပါတယ်။ 2nd Class ဆို ၃၄၈ဘတ် (၁၄၀၀၀ကျပ်) နဲ့ 3rd Class ဆို ၂၁၃ ဘတ် (၈၅၀၀ကျပ်) ပဲကျမှာပါ။

နုမြတ်တို့ သွားခဲ့တာက ၃ယောက်ဆိုတော့ 2nd Classမှာ အောက်၂ခုံ ပေါ်တစ်ခုံ ယူလိုက်ပါတယ်။ ၁ဘတ်ကို ၄၀ကျပ်နဲ့ တွက်မယ်ဆိုရင်တော့ အပေါ်ခုံက ၂၅၀၀၀ ကျပ်နဲ့ အောက်ခုံက ၂၇၅၀၀ ကျပ်ဝန်းကျင်လောက်ကျသင့်မှာပါ။

IMG_1223

ရထားစီးအတွေ့အကြုံ

Hua Lumpong ဘူတာကြီးဆီကို မြို့ထဲ Pratunam ဝန်းကျင်ကနေသွားမယ်ဆိုရင် ၁၀မိနစ်လောက်ပဲကြာပါတယ်။ ၁နာရီကျော်လောက် ကြိုအရောက်သွားပြီး ကိုယ့်ရထားတွဲကို သေချာရှာပြီး ခုံတွေမှာနေရာချရပါမယ်။ ရထားပေါ်တက်တက်ချင်း ရိုးရိုးထိုင်ခုံတွေလိုပါပဲ။ ရထားမောင်းပြီး ခဏအကြာမှာမှ  အိပ်ယာလာပြင်ပေးပါတယ်။ အိပ်စင်က အပေါ်နဲ့ အောက် ၂ဆင့်လိုဖြစ်ပြီး အပေါ်တက်ဖို့ လှေကားလေးတွေလည်းရှိပါတယ်။သဘောကျတာလေးတစ်ခုက ပြတင်းပေါက်ဘေးတင်မဟုတ် လျှောက်လမ်းဘေးမှာပါ လိုက်ကာလေးတွေ ကာပေးထားတော့ ကိုယ်အိပ်တဲ့အခါမှာ Privacy ရှိတာကိုပါ။

ရထားက ည၈နာရီရထားလောက်တော့ မသန့်ပါဘူး။ ဒါပေမဲ့ အဲကွန်းခန်းနဲ့ဆိုတော့ သူ့ဟာနဲ့ သူတော့ အဆင်ပြေပါတယ်။ Luggage တွေပါလာရင်လည်း ကိုယ့်အိပ်စင်နားမှာ ထားလို့ရတယ်။ ဖုန်းအားသွင်းဖို့ အပေါက်လည်းပါပါတယ်။ အိမ်သာကတော့ ဘုံအိမ်သာပေါ့။ ရေချိုးခန်းမပါပေမဲ့ ဘေစင်တော့ပါတယ်။ ရထားက အရမ်းမလှုပ်တော့ အိပ်ရတာအဆင်ပြေပါတယ်။

ရထားပေါ်မှာ ကိုယ်တွေဆီမှာလိုပဲ မနက်စောစောမှာ ဈေးသည်တွေတက်ရောင်းပါတယ်။ မနက်မှာလာရောင်းတဲ့  ကြက်ကင်နဲ့ ကောက်ညှင်းကောင်းမှကောင်းပဲ။ ကြက်ကင်အကြီးကြီး တစ်ကောင်လုံးမှ ဘတ်၆၀ပဲပေးရတယ်။ အရမ်းအရသာရှိတာပဲ။ သွားဖြစ်ရင် ဝယ်စားကြည့်နော်။

ထိုင်း-လာအိုနယ်စပ်

မနက် ၈း၃၅မှာ နွမ်းခိုင်မြို့ဘူတာကို ရောက်ပြီး ဘူတာကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဂိတ်ဆီ တုပ်တုပ် ၁၀မိနစ်လောက်စီးသွားရပါတယ်။ ထိုင်း Immigration Gate ကနေ Passport ပြပြီးထွက်ကာ ထိုင်း-လာအို ချစ်ကြည်ရေးတံတားဖြတ်သွားရပါတယ်။ ဒီတံတားဖြတ်ဖို့ ဘတ်စ်ကားတွေရှိပါတယ်။ ၅မိနစ်လောက် မောင်းရပြီး တစ်ယောက်ကို ဘတ်၂၀ ပေးရပါတယ်။ မြစ်တစ်ဖက်ရောက်တဲ့အခါ လာအို Immigration Gate ကိုဖြတ်ပြီး လာအိုကိုသွားနိုင်ပါတယ်။ လာအိုနိုင်ငံတွင်း ဝင်ရောက်ဖို့ Passport ပဲလိုပြီး Visa မလိုပါဘူး။

သတိထားရမှာကတော့ လာအိုကနေ ထိုင်းကိုပြန်ဝင်မယ်ဆိုရင် ကုန်းလမ်းကဝင်ရင် ထိုင်းဗီဇာလိုပါလိမ့်မယ်။ လေကြောင်းနဲ့ဆိုရင်တော့ မလိုပါဘူး။ ဒါကြောင့် လာအိုအသွားကို ကြိုက်သလို သွားလို့ရပေမဲ့ လာအိုကနေအပြန်ကတော့ လေယာဉ်ပျံနဲ့ဲပြန်တာပိုကောင်းမှာပါ။ ကုန်းကြောင်းက ပြန်ရင်လည်း ထိုင်းဂိတ်မှာ Re-entry Visa ပြန်လျှောက်ရင်ရပါတယ်။ ဘတ်၁၀၀၀ (၄၀၀၀၀ကျပ်) လောက်တော့ကျပါလိမ့်မယ်။ ကိုယ်တွေကတော့ အပြန်ကို လေယာဉ်နဲ့ပဲပြန်ခဲ့ပါတယ်။ Bangkok Transit ဖြစ်ပေမဲ့ ထိုင်းထဲမဝင်တော့ဘဲ ရန်ကုန်တိုက်ရိုက် ပြန်ခဲ့ပါတယ်။

IMG_1184

လာအိုရောက်ပြီ

လာအိုနိုင်ငံ Immigration ကိုကျော်ပြီးတဲ့အခါမှာတော့ လာအိုနိုင်ငံတွင်းမြို့အသီးသီးဆီသွားလို့ရတဲ့ ကားဂိတ်တွေ တွေ့ရပါတယ်။ အဲ့ဒီကနေ ဗန်ဗီယန်းမြို့ကို ကားဂိတ်ကနေ တန်းသွားခဲ့ကြတာပါ။ နယ်စပ်ဂိတ်ကနေ ဗန်ဗီယန်းမြို့ကို ကားနဲ့ ၄နာရီလောက်ပဲမောင်းရပြီး ကားခ တစ်ယောက်ကို မြန်မာငွေ၈၀၀၀ကျပ်လောက်ပဲ ကျပါတယ်။ မြို့တော် ဗီယန်ကျန်းကိုဆိုရင် နာရီဝက်လောက်ပဲကြာမှာ ဖြစ်ပြီး လောင်ပရာဖန်ကို တန်းသွားမယ်ဆိုရင်တော့ ၈နာရီကြာမှာပါ။ နုမြတ်တို့ကတော့ ဗန်ဗီးယန်း မြို့ကို အရင်သွားခဲ့တယ်။ အပြန် ဗီယန်ကျင်းကနေ လေယာဉ်နဲ့ပြန်မှာဆိုတော့ စိတ်ချရအောင်ပေါ့။

 

Van Vieng မြို့

ဗန်ဗီယန်းက တကယ်တော့ တောတောင်တွေ ဝန်းရံနေတဲ့ နယ်မြို့သေးသေးလေးပါ။ မြို့ထဲမှာလမ်းဆိုလို့ လမ်းသုံးလမ်းရယ်၊ ဈေးရယ်၊ အဝေးပြေးဂိတ်ရယ်ပဲရှိလို့နေတာပါ။ ထူးခြားတာကတော့ အဲ့ဒီ နယ်မြို့သေးသေးလေးမှာ နိုင်ငံခြားသားတွေ ပြည့်နေတာကိုပါ။ အထူးသဖြင့် အနောက်နိုင်ငံသားတွေနဲ့ ကိုရီးယားတွေ အလာများပါတယ်။ ဧည့်လာများတဲ့မြို့ဖြစ်တော့ ဒေသခံတွေထက်တောင် ဧည့်သည်က ပိုလို့တောင်များနေပါတယ်။ မြို့ထဲဘာမှသိပ်မရှိပေမဲ့ အကောင်းစား ဟိုတယ်ကြီးတွေ၊ Resort တွေ၊ တည်းခိုခန်းတွေ၊ Backpacker တွေအတွက် Hostel အဆောင်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ပြည့်လို့နေပါတယ်။

IMG_1339

ဗန်ဗီယန်းကို ဧည့်သည်တွေလာကြတဲ့ အဓိကအချက်ကတော့ တောတောင်မြစ်ချောင်း သဘာဝတရားတွေကြောင့်ပါ။ ဧည့်သည်တွေက မြို့ကို ဖြတ်စီးနေတဲ့ နမ်ဆန်မြစ်ထဲ Kayak လှေလှော်ကြတယ်။ Tubing လို့ခေါ်တဲ့ ဘောကွင်းပေါ်ထိုင်ပြီး ရေစီးကြောင်းအတိုင်း မြောကျတယ်။ ဂူတွေထဲစီးဝင်နေတဲ့ ဂူအောက် မြစ်ထဲ ဘောကွင်းစီးကြတယ်။ ရေပြာအိုင်တွေထဲ ရေစိမ်ကြပြီး ရေပြာအိုင်ပေါ်အုပ်မိုးနေတဲ့ သစ်ပင်ရဲ့ သစ်ကိုင်းတွေပေါ်ကနေ ရေပြာအိုင်ထဲ တဗွမ်းဗွမ်းနဲ့ ခုန်ဆင်းကြတယ်။ ကျောက်တောင်တွေတက်ကြတယ်။ ကျောက်ဂူတွေထဲဝင်ကြတယ်။ စပါးခင်းတွေထဲလမ်းလျှောက်ကြတယ်။ စက်ဘီးလေးတွေ ဆိုက်ကယ်တွေကိုယ်တိုင်မောင်းပြီး ဟိုဒီလျှောက်သွားကြတယ်။ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကြား Zipline တွေစီးကြတယ်။ မြစ်ကမ်းစပ်ကတဲလေးတွေမှာ အကင်တွေစားပြီး လေညှင်းခံကြတယ်။ သဘာဝတရားထဲ သဘာဝအတိုင်းပျော်မွေ့နိုင်ကြလို့ လူငယ်တွေ တအားကြိုက်ကြပါတယ်။

ညဘက်ဆိုလည်း မြို့ထဲဘားတွေ၊ ကလပ်တွေမှာ လူစည်လွန်းလို့ လူငယ်တွေပျော်မွေ့ရာ ပါတီမြို့၊ ကျောပိုးအိတ်တစ်လုံးထဲလွယ်ပြီးလျှောက်သွားကြတဲ့ လူငယ်တွေအလာများလို့ Backpacker မြို့၊ စွန့်စွန့်စားစားအရာတွေ လုပ်လို့ရလို့ Adventure မြို့လေး အဖြစ် လူသိများပါတယ်။

ဘာတွေလုပ်ခဲ့လဲ

နုမြတ်တို့ ဗန်ဗီယန်းမြို့လေးကို ညနေလောက်ရောက်တာဆိုတော့ ဟိုတယ်မှာ Check In ဝင်ပြီး အလင်းရောင်ရှိတုန်း မြို့ထဲ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ခဲ့တယ်။ ကိုယ်တွေတည်းတာ Grandview Riverside Hotel ပါ။ နာမည်က အပျံစားဖြစ်ပေမဲ့ မိုတယ်အဆင့်လောက်ပါပဲ။ မြစ်ကမ်းဘေး ၃ယောက်ခန်းကို US$ ၅၀ ကျော်လောက်ပဲကျတယ်ဆိုတော့လည်း သူ့ဈေးနဲ့သူ မဆိုးဘူးပြောရမှာပါ။ ဒါပေမဲ့ ဟိုတယ်ထဲဝင်ရင် ဖိနပ်ချွတ်ဝင်ရတာကတော့ တော်တော်မနိပ်ပါဘူး။ ဟိုတယ် Location ကောင်းလို့ရယ် Website က ပုံလေးတွေက မဆိုးတော့လည်း ရွေးဖြစ်ခဲ့တာပါ။ ဟိုတယ်ကမြစ်ဘေးတင်ဆိုတော့ မြစ်ထဲကရှုခင်းတွေကိုလည်း လှမ်းမြင်ရတာပေါ့။တောတောင်တွေနောက်ခံနဲ့ မြစ်ရှုခင်းကတော်တော်သာယာပါတယ်။ မြစ်ထဲမှာလည်း Speed Boat စီးတဲ့သူတွေ Kayak လှေလှော်သူတွေနဲ့ ပြည့်နေတာ။ မြို့ထဲစနည်းနာပြီး နောက်နေ့အတွက် Tour တွေစုံစမ်းနေတာနဲ့ နေဝင်ချိန်ကိုတောင်မခံစားလိုက်ရဘူး။ ဟိုရောက်ရင်လည်ပတ်ဖို့ စိတ်မပူနဲ့။ ဟိုတယ်ကထွက်လိုက်တာနဲ့ လမ်းဘေးဝဲယာမှာ Tour Agent တွေ တပုံကြီး။ ကြိုက်တဲ့ Activities လုပ်ဖို့ ကြိုက်တာရွေးဝယ်လို့ရတယ်။ နောက်နေ့ နေ့တဝက်နေမှာဆိုတော့ Half Day Tour ဝယ်လိုက်တယ်။ အဲ့ညမှာတော့ မြစ်တစ်ဖက်ကမ်းကို ဝါးတံတားလေးနဲ့ကူးပြီး မြစ်ဘေးက တဲလေးတွေမှာ အကင်စားပြီး အေးဆေးလေညှင်းခံခဲ့ကြတယ်။ တဲတွေမှာ လင်းထိန်နေပြီး သီချင်းတွေအကျယ်ကြီး ဖွင့်ထားတာ ပျော်ဖို့ကောင်းပါတယ်။ မြစ်ကမ်းဘေးမှာတော့ တချို့က မီးပုံးပျံတွေ လွှတ်တဲ့သူကလွှတ်ပေါ့။

 

နောက်တစ်ရက်မှာတော့ ဟိုတယ်ကို Tour က ကားနဲ့လာခေါ်ပြီး Activities တွေလုပ်မယ့်နေရာကို ပို့ပေးပါတယ်။ စစချင်း Cave Tubing လို့ခေါ်တဲ့ ဂူထဲဘောကွင်းစီးဝင်ခဲ့တယ်။ ဘောကွင်းပေါ်ထိုင်ပြီး ဂူအောက်မြစ်ထဲ ရေစီးအတိုင်းဝင်ရတာ။ မှောင်ထဲမဲထဲဆိုတော့ စိတ်လှုပ်ရှားဖို့တော့ကောင်းတာပေါ့။ ရေဆုံးတဲ့အခါ ဂူထဲ လမ်းလျှောက်ဝင်ရတယ်။ အစအဆုံးစီးရမယ်ထင်ပြီး ဖိနပ်ချွတ်ထားခဲ့မိတော့ ခြေထောက်တွေ အသေစူးပေါ့။အချိန်ရရင် မြစ်ထဲလှေလှော်တဲ့ Kayaking ပါလုပ်မယ့်ဟာကို မလုပ်လိုက်ရဘူး။ Cave Tubing မှာ ခေါင်းမှာတပ်ရမယ့် Headlight ကို သွားယူနေတာကို အကြာကြီးစောင့်နေရလို့ မလုပ်လိုက်ရတာ။

IMG_1369

Blue Lagoon လို့နာမည်ကြီးတဲ့ ရေပြာအိုင်ရောက်ဖို့ ကားနဲ့နည်းနည်းသွားရတယ်။ ရေကတော့ တကယ်ပြာပါတယ်။ ပြာလဲ့နေတာ။ အေးလည်းအရမ်းအေးတယ်။ ဒါပေမဲ့ သူက ကားပါကင်ဘေးတင်ရှိတာဆိုတော့ အိုင်ဘေးပတ်လည်ကနေလူတွေထိုင်ပြီး ကြည့်နေကြတာ။ ရေပြာအိုင်ထဲကို သစ်ကိုင်းပေါ်ကနေခုန်ချတာကို အားပေးနေကြတာလေ။ မသိရင် ပွဲကြည့်နေသလိုပဲ။ ခုန်ချပြီးတာနဲ့ လက်ခုပ်တွေဝိုင်းတီးကြတာ။ သစ်ကိုင်းက ၂ဆင့်ရှိတယ်။ အပေါ်တဆင့်က တော်တော်မြင့်တယ်။ ရောက်လက်စနဲ့မထူးဘူးဆိုပြီး အားတင်းပြီး ခုန်ချခဲ့သေးတယ်။


ရေပြာအိုင်ထဲမှာ ဒန်းလိုမျိုးတွေလည်း လုပ်ထားသေးတယ်။ ကန်ဘေးကနေ ကြိုးတွေခုန်ပြီး ခုန်ချတာမျိုးလည်းလုပ်ကြတယ်။ ဒါပေမဲ့ လူအရမ်းရှုပ်လို့  အေးဆေးမနေရပါဘူး။ နောက်ထပ်ရေပြာအိုင်တစ်ခုကတော့ ပိုကြီးတယ်တဲ့။ ဒါပေမဲ့ အချိန်မရှိတော့ ဒီမှာပဲ ရေဆော့ခဲ့ရတယ်။  မြို့ထဲပြန် Lunch စားပြီးတော့ Vientiane ကို ကားနဲ့ဆက်ကူးခဲ့ပါတယ်။ ကားတွေက Hi Ace လိုကားမျိုးတွေမှာ တခြားလူတွေနဲ့ လိုက်စီးရတာပါ။ ကား ၄နာရီလောက်မောင်းရပါတယ်။

ဗီယန်ကျန်းမြို့

မြို့တော် ဗီယန်ကျင်း(Vientianne) ကတော့ ထိုင်းနိုင်ငံနယ်စပ်နားရှိ မဲခေါင်မြစ်ကမ်းမှာရှိပြီး စန္ဒကူးမြို့တော် (သို့) လမြို့တော်လို့အဓိပ္ပါယ်ရပါတယ်။ ၂၀၁၅ခုနှစ် စစ်တမ်းများအရ လူဦးရေ ၇သိန်း၆သောင်းကျော်ပဲရှိတဲ့ မြို့လေးပါ။ ကျွန်မတို့ရဲ့အကြီးဆုံးမြို့ ရန်ကုန်မှာ လူဦးရေ ၇သန်းကျော်ရှိတာဆိုတော့ ရန်ကုန်နဲ့ယှဉ်ရင် ၁၀ပုံ ၁ပုံလောက်ပဲရှိပါတယ်။

IMG_1754IMG_1758

သမိုင်းတလျှောက်မှာ ဗီယန်ကျင်းမြို့က တစ်ချိန်က မြို့ပျက်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ ၁၇၀၇ ခုနှစ်က လာအိုမင်းနေပြည်တော်ရဲ့ မြို့တော်အဖြစ်စတင်သတ်မှတ်ခံခဲ့ရပေမဲ့ ၁၈၂၇ခုနှစ်မှာ ထိုင်းလူမျိုးတို့ ကျူးကျော်သိမ်းပိုက်ပြီး ဖျက်စီးခဲတာကြောင့် မြို့ပျက်ကြီးဖြစ်သွားခဲ့ရပါတယ်။ ၁၈၉၃ခုနှစ်မှာ လာအိုနိုင်ငံ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ပြီးနောက် ၁၈၉၉ခုနှစ်ရောက်မှ လာအိုနိုင်ငံရဲ့မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ခံခဲ့ရတာပါ။ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့ဖူးလို့ အဆောက်အအုံတချို့က ပြင်သစ်ဗိသုကာလက်ရာတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

 

သွားလည်ရမယ့်နေရာများ

IMG_2097

ဗီယန်ကျင်းမြို့ရောက်ရင် မသွားမဖြစ်နေရာအဖြစ် အကျော်ကြားဆုံးကတော့ မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့  Buddha Park (ဗုဒ္ဓပန်းခြံ) ပဲဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်က လာအိုဘုန်းတော်ကြီးတစ်ပါးဦးဆောင်ပြီး ပန်းခြံထဲမှာ ဘာသာရေးဆိုင်ရာ ရုပ်တုပေါင်း ၂၀၀ကျော် ထုဆစ်ထားရှိခဲ့တာပဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဇာတ်နိပါတ်တော်တွေထဲက နတ်ဘုရားရုပ်တုတွေကို ထုဆစ်ထားရှိရာမှာ ၄၀မီတာအမြင့်ရှိတဲ့ လျောင်းတော်မူဘုရား၊ အဝင်ဝနားရှိ ဖရုံသီးသဏ္ဏာန် ၃ထပ်အဆောက်အအုံ၊ ဦးခေါင်းသုံးလုံးပါ ဆင်နတ်ဘုရား၊ ဦးခေါင်း ၁၂လုံးပါနတ်ဘုရားစတဲ့ ရုပ်တုတွေက ထင်ရှားပါတယ်။

မြို့ထဲရှိ ထင်ရှားတဲ့အဆောက်အအုံတစ်ခုကတော့ Patuxai Victory Monument မော်ကွန်းတိုင်ကြီးပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နာမည်ကျော် Arc de Triomphe မော်ကွန်းတိုင်နဲ့ဆင်ပြီး ဟိန္ဒူနတ်ဘုရားရုပ်တွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ လာအိုဗိသုကာလက်ရာတွေကိုပါ တွေ့မြင်နိုင်ပါတယ်။ စစ်ပွဲများမှာ ကျဆုံးခဲ့သူများကို ရည်စူးပြီး ဆောက်လုပ်ထားရှိခဲ့တယ်လို့ သိရပါတယ်။

2018_04_02_10_58_IMG_1896.JPG

လာအိုက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်တဲ့အလျှောက် မြို့တော်ဗီယန်ကျင်းမှာ ဖူးမြော်စရာ ဘုရားစေတီတွေများစွာရှိပါတယ်။ တန်ခိုးအကြီးဆုံး နာမည်အကြီးဆုံးကတော့  That Luang စေတီပါ။ ရွှေရောင်လွှမ်းနေတဲ့စေတီက လာအိုဗိသုကာလက်ရာနဲ့ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး လာအိုနိုင်ငံရဲ့ အထင်ကရအဆောက်အအုံအဖြစ်လည်း ထင်ရှားပါတယ်။

IMG_2098

အခုလက်ရှိ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နာမည်ကျော် မြဘုရားဆင်းတုကို အပူဇော်ခံထားရှိခဲ့ဖူးတဲ့ ကျောင်းတော်ကြီး Wat Ho Phra Keo ကတော့ မြို့ထဲမှာရှိပြီး လှပတဲ့ ရိုးရာဗိသုကာလက်ရာတွေကြောင့် ကျော်ကြားပါတယ်။ မြဘုရားဆင်းတုကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ လာအိုဘုရင်သိမ်းပိုက်ခဲ့စဉ်တုန်းက ထားရှိကိုးကွယ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း ထိုင်းစစ်တပ်က ပြန်လည်ပင့်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကျော်က ဘုရားကျောင်းဆောင်တည်ဆောက်ရာမှာ ယာဇ်အပူဇော်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆီမောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တဲ့ Wat Si Muang ကျောင်းဆောင်ကလည်း ဘုရားဖူးသူတွေနဲ့ စည်ကားနေပါတယ်။

ထိုင်းကျူးကျော်ခဲ့စဉ်တုန်းက မပျက်စီးခဲ့တဲ့ တစ်ခုတည်းသောကျောင်းဆောင် Wat Si Saket ကတော့ နှစ်ပေါင်း၂၀၀နီးပါးသက်တမ်းရှိပြီး မြို့ထဲသမ္မတအိမ်တော်ရာနားမှာရှိကာ ဗုဒ္ဓဆင်းတုငယ်ပေါင်း အရွယ်စုံ ပုံစံစုံ ၆၈၀၀ကျော်ရှိလို့ ထင်ရှားပါတယ်။

IMG_1752

ဘာတွေလုပ်ခဲ့လည်း

Vientiane မြို့ရောက်တဲ့အခါမှာတော့ မြို့ထဲက Khampiane Boutique Hotel မှာ Check in ဝင်ပြီး အနီးအနားက ဘုရားတွေဆီလမ်းလျှောက်သွားကြည့်ခဲ့တယ်။ ဒါပေမဲ့ ညနေစောင်းပြီဆိုတော့ ဘုရားတွေပိတ်နေပါပြီ။ လမ်းမှာလည်း လူတွေတအားရှင်းတာပဲ။ ကားဌားဖို့ Taxi လည်းမတွေ့။ တုပ်တုပ်လည်းမတွေ့။ လာအိုမြို့တော်ဖြစ်ပြီး လူရှင်းလိုက်တာလို့တောင် တွေးမိသေးတယ်။ ကံကောင်းချင်တော့ လမ်းအတော်လျှောက်ပြီးတဲ့အခါ တုပ်တုပ်တစ်စီးရပ်ထားတာတွေ့တာနဲ့ ဌားပြီး ကမ်းနားက ညဈေးထွက်ခဲ့တယ်။ ညဈေးနားမှာတော့ ကားတွေရော လူတွေရော စည်လို့ရယ်ပေါ့။ ထိုင်းက အဝတ်အစားတွေများပေမဲ့ ဈေးသက်သာတော့ ဝယ်ပျော်ပါတယ်။ နောက်တနေ့မှာတော့ နေ့တဝက်စာ ကားဌားထားပြီး မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့ Buddha Park ရယ် လာအိုနိုင်ငံရဲ့ နာမည်အကြီးဆုံး That Luang စေတီရယ် Victory Monument ရယ်သွားခဲ့ပါတယ်။ ဘန်ကောက်ကို ထွက်တဲ့ Air Asia လေယာဉ်ချိန်က နေ့လည်၁း၄၅ဆိုတော့ နေ့လည်စာစားပြီး လေဆိပ်ထွက်ကာ ပြန်လာခဲ့ကြပါတယ်။

2018_04_01_18_32_IMG_1711.JPG

ခရီးစဉ်ဆွဲမယ်

ကိုယ်တွေသွားတုန်းကတော့ အချိန်မရှိလို့ တစ်မြို့ကိုတစ်ညနှုန်းနဲ့ နှစ်ညအိပ် နှစ်မြို့သွားခဲ့တယ်။ အချိန်ရရင်တော့ ၄ညအိပ်လောက်သွားသင့်တယ်။ အချိန်ပိုရရင်ရင်တော့ ၆ရက်လောက်နေပြီး လောင်ပရာဘန်မြို့ပါဆက်သွားလို့ရပါတယ်။ေ လာင်ပရာဘန်မှာဆိုလည်း လည်စရာ ရေတံခွန်တွေ၊ တောင်တွေရှိပါတယ်။ နောက်တစ်ခါသွားဖြစ်ရင်တော့ လောင်ပရာဘန်ပါရောက်အောင်သွားရမယ်။

2018_04_01_17_15_IMG_1761.JPG

ကုန်ကျစားရိတ်

ကုန်ကျစားရိတ်က ဘန်ကောက်ကနေ ရထားနဲ့သွား လေယာဉ်နဲ့ပြန်ခဲ့တာဆိုတော့ အားလုံးတွက်ကြည့်လိုက်တဲ့အခါမှာ ၂ညအိပ်ခရီးကို မြန်မာငွေ ၂သိန်းခွဲလောက်ပဲကျခဲ့ပါတယ်။ ထိုင်းမှာ ထိုင်းဘတ်သုံးခဲ့ပြီး လာအိုရောက်တဲ့အခါမှာတော့ လာအိုပိုက်ဆံ Kip ကို သုံးခဲ့ပါတယ်။ လာအိုပိုက်ဆံ 1000 Kip က မြန်မာငွေ 163ကျပ်နဲ့ ညီမျှပါတယ်။

လာအိုအစားအစာ

လာအိုအစားအစာက ထိုင်းမြောက်ပိုင်းအစာနဲ့ဆင်ပါတယ်။ Larb လို့ခေါ်တဲ့ အသားစင်းကောကို အရွက်တွေနဲ့ သုတ်ထားတဲ့ဟင်း၊ သင်္ဘောသီးထောင်း၊ ငါးပေါင်း၊ ကြက်ကင် စတာတွေကို ကောက်ညှင်းနဲ့တွဲစားလေ့ရှိပါတယ်။ ကောက်ညှင်းလေးကို လက်နဲ့ဖဲ့ပြီး အလုံးသေးသေးကျစ်ကျစ်လေးဖြစ်အောင် လုံးပြီးမှ ဟင်းတွေနဲ့တွဲစားတာပါ။ ပြင်သစ်လက်အောက်ရောက်ခဲ့တော့ ပြင်သစ်စာဖြစ်တဲ့ ပေါင်မုန့်လုံးလုံးရှည်ရှည်ထဲ အသားတို့ ဝက်ပေါင်ခြောက်တို့ကို အရွက်တွေ ရောညှပ်စားတဲ့ Baguette ဟာလည်း လာအိုလမ်းဘေးအစားအစာအဖြစ်ထင်ရှားပါတယ်။

လည်ပတ်ဖို့အကောင်းဆုံးအချိန်

လာအိုက မြန်မာနိုင်ငံနဲ့ရာသီဥတုဆင်တော့ လာအိုနိုင်ငံဆီ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်က နိုဝင်ဘာလနဲ့ ဧပြီလအကြား အေးမြတဲ့ရာသီဥတုမှာပဲဖြစ်ပါတယ်။

2018_04_02_10_45_IMG_1899

ဒီလောက်ဆိုရင်တော့ လာအိုအကြောင်း အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။ လာအိုက ချစ်စရာကောင်းတဲ့ အိမ်နီးချင်းနိုင်ငံလေးပါ။ သဘာဝအလှတွေနဲ့ အေးချမ်းပါတယ်။ သွားလည်လို့လည်းကောင်းပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာက ကိုယ်တွေရဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုလှတဲ့ ရှုခင်းတွေ၊ ပိုဆန်းကြယ်တဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးျွှုအမွေအနှစ်တွေ၊ လူမျိုးစုတွေ ရှိနေရက်နဲ့ ဒီနိုင်ငံသေးသေးလေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေ ပိုနည်းနေတာကိုပါ။ သူတို့ရဲ့ မြို့တော်က ပဲခူးမြို့သာသာလောက်ပဲရှိပြီး ခရီးသွားတွေ အမြဲမပြတ်စည်ကားနေတဲ့ ဗန်ဗီယန်းမြို့ဆိုရင်လည်း ကလောမြို့လေးလိုပါပဲ။ ဒီလို လည်စရာ ၃-၄မြို့ပဲရှိတဲ့ လာအိုက မြန်မာထက် ခရီးသွားပိုများနေတာ တကယ်စိတ်မကောင်းပါဘူး။ အဓိကကတော့ Tourist တွေအသွားများတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကနေ ကုန်းကြောင်းကနေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ သိပ်မကြာခင်မှာလည်း ကိုယ်တွေရဲ့ မြန်မာနိုင်ငံအလှနဲ့ ယဉ်ကျေးအမွေအနှစ်တွေ ကမ္ဘာကျော်လာပြီး ခရီးသွားအများကြီးဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းကြီး တိုးတက်လာမယ်လို့တော့ မျှော်လင့်ရတာပဲနော်။
ချစ်ခင်လျှက်

Dr.Nu Myat

အင်ဒိုနီးရှားရဲ့ လှပသာယာတဲ့နေရာသစ်..မော်ရတိုင်းကျွန်းတွေဆီ… 🏝 (Morotai Island, the Pearl of Pacific Ocean; the charm of Indonesia)

အင်ဒိုနီးရှားရဲ့ လှပသာယာတဲ့နေရာသစ်
Morotai ကျွန်းတွေဆီ… 🏝

ဒီကျွန်းလေးက ပစိဖိတ်သမုဒ္ဒရာရဲ့ ပုလဲရတနာတဲ့လေ….

2019_08_08_07_09_IMG_4517.jpg

နုမြတ်တို့ဆီမှာ အင်ဒိုနီးရှားဆိုရင် ဘာလီနဲ့တွဲသိကြတာများပါတယ်။ ဘာလီအပြင် မြို့တော် ဂျာကာတာနဲ့ဂျော့ဂျာကာတာတို့ကိုပါ သွားလေ့ရှိကြတယ်။ တကယ်တော့ အင်ဒိုနီးရှားက ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးနိုင်ငံပါ။ အာရှတိုက်နဲ့သြစတြေးလျတိုက်အကြား ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတွေပေါ် တည်ရှိနေတဲ့ကျွန်းပေါင်း ၁၇၀၀၀ ကျော်တောင်ရှိပါတယ်။ အဲဒီတော့ ဘယ်သူမှသိပ်မရောက်ဖူးသေးတဲ့ ကျွန်းတွေလည်း အများကြီးရှိသလို Tourist တွေ ရှာဖွေမတွေ့ရှိသေးတဲ့ ကျွန်းတွေလည်း ရှိနေတုန်းပါပဲ။ Morotai က တော့ အဲ့လိုကျွန်းတွေထဲက တစ်ခုပါ။ ဘာလီကျွန်းလို Tourist တွေနဲ့ ပြည့်နှက်မနေဘဲ သဘာဝနဲ့ တသားတည်းကျနိုင်တဲ့ ကျွန်းလေးပါ။

အင်ဒိုနီးရှားကနေရာသစ်မိတ်ဆက်တဲ့အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံက နာမည်ကြီး Social Influencer တစ်ယောက်ဆီကို ဖိတ်ခေါ်ပြီး လိုက်ပို့ပေးလို့ မြန်မာနိုင်ငံကိုယ်စားပြု Social Influencer အဖြစ် အင်ဒိုနီးရှားရဲ့ အရမ်းလှတဲ့ Moratai ကျွန်းတွေဆီရောက်ခဲ့ရပါတယ်။

2019_08_08_10_44_IMG_4289.JPG

Morotai ကျွန်းက အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းမှာ နေရာသစ်ဖြစ်ပြီး လူတွေသိပ်မသိကြသေးတော့ လူရှင်းပါတယ်။ တခြားနိုင်ငံတွေက ကမ်းခြေတွေ ကျွန်းတွေလို နေရာတိုင်း Tourist တွေနဲ့ပြည့်မနေပါဘူး။ ဆူဆူညံညံမရှိဘူး။ မတိုးရဘူး။ သဘာဝတရားကြီးကို အပြည့်အဝခံစားလို့ရပါတယ်။

လူတွေရှင်းတာမှ ဘယ်သွားသွား ကိုယ်တွေပဲရှိတာပါ။ လူအလာနည်းတာရဲ့ တစ်ဘက်ဆိုးကျိုးကတော့ Tourist တွေအတွက် Facility တွေ ကောင်းကောင်းမရှိတာပေါ့။ ဥပမာ-ဟိုတယ်တွေနည်းပါတယ်။ Resort ၂ခုပဲရှိပြီး ဟိုတယ်အသေးစားနည်းနည်းပဲရှိပါတယ်။ ကျွန်းတွေမှာဆိုလည်း ဆိုင်မရှိပါဘူး။ ဆိုင်ရှိရင်လည်း ဝယ်စားစရာ ဆိုင်တွေတစ်ဆိုင်လောက်ပဲရှိပါတယ်။ အဲ့ဒီတော့ ကျွန်းတွေသွားမယ်ဆို ကိုယ့်အတွက်အစားအစာတွေကို ကိုယ်တိုင်သယ်လာမှရပါမယ်။

ဘယ်လိုသွားရလဲ

———————-

Moratai ကျွန်းတွေက ရှုခင်းလှသလောက် သွားရတာတော့ခက်ပါတယ်။ အင်ဒိုနီးရှားက ကျွန်းတွေများသလောက် နိုင်ငံကတအားကျယ်တော့ တစ်နေရာနဲ့ တစ်နေရာ သွားရတာဝေးပါတယ်။ Morotai ကျွန်းက နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာဆိုတော့ ဂျာကာတာကနေ သွားရင်တောင် လေယာဉ် ၂ဆင့်စီးရပါတယ်။ Jakarta ကနေ Manando ကို အရင်သွားပြီးမှ Manando ကနေ Moratai ကိုလေယာဉ်ထပ်စီးရပါတယ်။ ကြားထဲမှာ ကျွန်းပတ်ပြီးတစ်နေရာခဏရပ်ပါသေးတယ်။

2019_08_07_08_59_IMG_4699.JPG

ရန်ကုန်ကနေ ဂျာကာတာကိုလည်း direct flight မရှိတော့ Singapore, Thai နဲ့ Malaysia တစ်ခုခုကို Transit လုပ်ရတာဆိုတော့ အဲ့ဒီမှာလည်း လေယာဉ်၂ဆင့်စီးရပါတယ်။ အဲဒီတော့ ရန်ကုန်ကနေ Morotai သွားဖို့ဆို လေယာဉ် ၄ဆင့်စီးမှရောက်မှာပါ။ ကိုယ်တွေတုန်းကတော့ Malaysia Airlines နဲ့ မလေးရှားကို Transit ဝင်ပြီး ဂျာကာတာကို အရင်သွားကာ ရောက်လက်စနဲ့ ဂျာကာတာကိုပါ ၁ရက်ဝင်လည်လိုက်ပါတယ်။ Jakarta မသွားချင်ရင် ဘာလီတို့ Yogyakarta တို့နဲ့တွဲသွားရင်လည်း အဆင်ပြေပါတယ်။

ဘာတွေလုပ်စရာရှိလဲ

————————–

ဒီကျွန်းကို အဓိကလာလည်ကြတာ နူးညံ့တဲ့ သဲတွေရှိတဲ့၊ စိမ်းပြာလဲ့နေတဲ့ ရေတွေရှိတဲ့ ကမ်းခြေတွေ၊ ကျွန်းတွေကြောင့်ပါ။ ရေအောက်ရှုခင်းတွေလည်းလှလို့ ရေငုပ်တဲ့သူတွေအကြိုက်တွေ့ကြပါတယ်။ ရေအောက်မှာ လင်းပိုင်တွေ၊ ငါးမန်းသေးသေးလေးတွေတောင် တွေ့နိုင်ပါတယ်တဲ့။ အဲဒီတော့ ဒီကို လာတဲ့သူတွေက ရေငုပ်ကြတယ်။ Snorkeling လုပ်ပြီး ရေအောက်ရှုခင်းကြည့်ကြတယ်။ ကျွန်းပတ်ကြတယ်။ ကမ်းခြေမှာရေဆော့ကြတယ်။ ပြတိုက်သွားလေ့လာကြပါတယ်။ စားသောက်ဆိုင်တွေ များများမရှိသလို Nightlife တွေ Night Market တွေလည်း ဒီမှာမရှိပါဘူး။

2019_08_13_19_25_IMG_5528.JPG

ကျွန်းပတ်ခရီး

ကျွန်းမကြီးကနေ Speed Boat နဲ့ အနီးအနားရှိ ကျွန်းတွေဆီသွားလို့ရပါတယ်။ Morotai ကို အဓိကလာကြတဲ့ ရည်ရွယ်ချက်က ကျွန်းတွေဆီ သွားချင်ကြလို့ပါ။ Speed Boat ဌားမယ်ဆို တစ်နေကုန်ကို တစ်စီးကို သူတို့ငွေ တစ်သန်းလောက် ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၁သိန်းကျပ်လောက်ရှိပါတယ်။ လူအယောက် ၂၀ လောက်ဆန့်ပါတယ်။ ကိုယ်ကြိုက်တဲ့ ကျွန်းသွားခိုင်းရုံပါပဲ။ နုမြတ်တို့သွားခဲ့တဲ့ကျွန်းတွေကတော့ ….

2019_08_08_09_56_IMG_4282.JPG

Dodola Island

ဒီကျွန်းက Morotai မှာ နာမည်အကြီးဆုံးပါ။ ကျွန်းကြီးနဲ့ ကျွန်းငယ် ၂ ခုရှိပြီး ကျွန်း၂ ခုက တစ်ဆက်ထဲဖြစ်နေတာပါ။ သဲသောင်လေးခြားထားတော့ ရေကျတဲ့အချိန်ဆို လမ်းလျှောက်ကူးလို့ရပါတယ်။ နုမြတ်တို့ရောက်တော့နေ့လည်၁ နာရီမှာ ကျွန်းကူးတာ ခြေသလုံးတစ်ဝက်လောက်ရေတက်နေပါပြီ။ ဒါပေမဲ့ လမ်းလျှောက်ကူးလို့ရပါတယ်။ ရေထဲဖြတ်လျှောက်ရတာ ပိုတောင်ပျော်ဖို့ကောင်းပါသေးတယ်။

ကျွန်းကြီးဘက်မှာ ညအိပ်ညနေတည်းလို့ရအောင် အဆောင်တွေဆောက်ထားတာတွေ့ရတယ်။ ကမ်းခြေမှာ ထီးလေးတွေ အဆောင်လေးတွေ ထိုင်ခုံလေးတွေလည်း ထားပေးထားပါတယ်။ ပြေးလွှားဆော့ကစားပြီး Adventure နှစ်သက်သူတွေအတွက် ရေပြင်ကျယ်ကြီးပေါ်မှာ ရေပေါ်ကစားကွင်းလည်း ထားပေးထားပါတယ်။ တစ်နာရီမှ ၂၅၀၀ ကျပ်လောက်ပဲပေးရတယ်။ ရေလွှာလျှောစီးတွေရော၊ ဧရာမဖော့တုံးကြီးတွေပေါ်ဆော့ရတာတွေရော စုံနေတာပဲ။ ကိုယ်တွေဆီမှာလည်း အဲ့လိုထားပေးရင် ကောင်းမယ်နော်။ တခြား Water Activities တွေအနေနဲ့ Speed Boat, Banana Boat နဲ့ Kayaking လှေလှော်တာတွေလည်း လုပ်လို့ရပါတယ်။

ကျွန်းသေးမှာတော့ အဲ့ဒါတွေမရှိဘူး။ အသည်းပုံလေးပါတဲ့ DoDoLa ဆိုတဲ့ဆိုင်းဘုတ်လေးပဲတွေ့ရတာပါ။ ဒါပေမဲ့ အဲ့ကျွန်းကသဲတွေက အရမ်းနူးညံ့တာပဲ။ အင်ဒိုနီးရှားမှာအနူးညံ့ဆုံးသဲဆိုပဲ။ တကယ်လည်း နူးညံ့တာကိုတွေ့ခဲ့ရတယ်။ အဲ့ဘက်မှာ ညအိပ်ညနေတည်းမယ်ဆိုရင်တော့ Tent ထိုးပြီးတည်းလို့ရတယ်တဲ့လေ။

အဲ့ကျွန်းမှာ အချိန်ပေးပြီး အနားယူသင့်ပါတယ်။ ကျွန်းဆိုပေမဲ့ အရမ်းကြီးတဲ့ကျွန်းတွေမဟုတ်တော့ အရှေ့ဘက်ကြည့်လည်းပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ပြာ၊ အနောက်ဘက်လှည့်ကြည့်လည်း ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ပြာဆိုတော့ သိပ်ကိုသာယာပါတယ်။ ကျွန်း၂ ကျွန်းဆက်နေတဲ့နေရာကလည်း အရမ်းလှပါတယ်။ တတ်နိုင်ရင် Drone သယ်သွားပြီးရိုက်သင့်ပါတယ်။ ရေတွေကလည်း စိမ်းပြာလဲ့နေပြီး ကြည်စိမ့်နေတော့ ရေကူးလို့လည်းရတယ်လေ။

Kokoya Island

ဒီကျွန်းလေးကတော့ တစ်ကျွန်းလုံးမှာမှ လူတစ်ယောက်ထဲနေတဲ့ကျွန်းပါ။ အဲ့လူကတော့ အဲဒီကျွန်းကိုပိုင်တဲ့ ကျွန်းပိုင်ရှင်ပါတဲ့။ ကျွန်းပိုင်ရှင်က ဟိုးအရင်ကတည်းက အဲ့ဒီကျွန်းမှာနေလာတော့ ကျွန်းကိုပိုင်သွားတာတဲ့။ ကျွန်းကနေစွန့်ခွာသွားရင် ကျွန်းမပိုင်တော့မှာစိုးလို့လည်းနေမယ်နော်။ ကျွန်းမှာတစ်ယောက်ထဲနေနေရတာ။ လိုအပ်တာရှိရင်တော့ မြို့ထဲ မော်တော်ဘုတ်နဲ့သွားဝယ်တယ်တဲ့ ။

ကျွန်းလေးကတော့ တော်တော်သာယာပါတယ်။ အုန်းကပင်လေးတွေ အပင်လေးတွေနဲ့စိမ်းစိမ်းစိုစို သာသာယာယာရှိလှတယ်။ ရေလေးတွေဆို စိမ်းပြာလဲ့နေတာပဲ။ ရေတွေထဲငါးတွေ ကူးနေတာ အုပ်လိုက်အုပ်လိုက်။ ရေတွေမဲနေတဲ့နေရာက ငါးအုပ်တွေရှိနေလို့ ငါးအရောင်ကြောင့်မဲနေတာ။ ငါးအကောင်ကြီးတစ်ကောင်ရောက်လာရင် ငါးတွေထွက်ပြေးကြလို့ မဲနေတဲ့နေရာက ချက်ချင်းကွက်ပြီးစိမ်းသွားတာ။ ကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။

2019_08_08_08_39_IMG_4155.JPG

Pasir Timbul Island

ပစိဖိတ်သမုဒ္ဒရာကြီးထဲ သောင်တင်နေတဲ့ကျွန်းလေးပေါ့။ ရေလည်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းဆိုတာ ဒီလိုကျွန်းလေးပေါ့။ တကယ်ကို စိမ်းလဲ့ပြာနေတဲ့ ရေပြင်ကျယ်ကြီးထဲမှာ သဲဖြူကျွန်းလေးက ထင်းနေတာပဲ။ ကျွန်းပေါ် ဘာအပင်မှမရှိ ဘာကျောက်ဆောင်မှမရှိ ဘာအကောင်မှမရှိ သဲဖြူလေးတွေပဲရှိတယ်… ပင်လယ်ကြီးနဲ့ ကောင်းကင်ကြီးဆိုတာ တကယ့်မြင်ကွင်းကျယ်ကြီး။ တမျှော်တခေါ်ကြီးကို လှမ်းမြင်နေရတာ။ ရေလေးတွေလည်း ကြည်နေတာပဲလေ။ ဒီကျွန်းကို နေသိပ်မပြင်းတဲ့ မနက်စောစောနဲ့ ညနေစောင်းလောက်သွားရင်အဆင်ပြေလောက်မယ်။

65865161_1363754557108219_6907610778149542298_n
Pasir Timbul Island  Credit to AyokeMorotai Instagram

2019_08_08_05_10_IMG_42382019_08_08_08_16_IMG_55252019_08_08_10_44_IMG_4715

Batu Kopi (Roi Island)

ကော်ဖီနံ့ရတဲ့ကျောက်တုံးကြီးရှိတဲ့ကျွန်းပေါ့။ ကမ်းခြေမှာရှိတဲ့ သဘာဝကျောက်ဆောင်ကြီးက ကော်ဖီနံ့အလိုလိုရနေတာတဲ့။ လူကောင်းတွေပဲ အနံ့ရပြီး မကောင်းတဲ့လူဆို အနံ့မရဘူးတဲ့လေ။ ကိုယ်တွေဆို ကော်ဖီနံ့ရပါ့မလားဆိုပြီး အချင်းချင်းနောက်နေကြတာပေါ့။ တချို့ဆို စက်လှေပေါ်ကတည်းက အနံ့ရနေပြီတဲ့လေ။ Mocha တွေရော၊ Cappucငino တွေရောစုံနေတာပဲ။ အရမ်းကို လူကောင်းဖြစ်ချင်နေကြတာ။ 😛

2019_08_09_06_54_IMG_4485.JPG

အဲ့လိုတွေ လျှောက်နောက်ကြလို့လားတော့မသိ။ တကယ်တမ်း ကျွန်းပေါ်ရောက်လို့ ကျောက်တုံးကြီးဆီ အပြေးအလွှားသွားရှုကြည့်ကြတဲ့အခါမှာတော့ ဘယ်သူမှအနံ့မရကြဘူးလေ။ အနားကပ်ရှုလည်းမရ၊ ကျောက်ဆောင်အောက်ခြေကို ရှုကြည့်လည်းမရနဲ့ ဘာအနံ့မှမရကြပါဘူး။ ဒါပေမဲ့ ခပ်ဝေးဝေးမှာနေကြည့်တဲ့အခါမှာတော့ တစ်ချက်တစ်ချက်ကော်ဖီနံ့လေး ပျံ့လာတာကို တချို့တလေရကြပါတယ်။ ကိုယ်လည်း မရှုကြည့်တော့တဲ့အခါမှ ကော်ဖီနံ့လေးတစ်ချက်ရသွားတော့ တကယ်အံ့သြသွားတယ်။

သူက တချို့အချိန်တွေဆို အနံ့ပိုရတယ်တဲ့လေ။ မနက်စောစောနဲ့ ညနေပိုင်းအချိန်တွေဆိုပိုရတတ်တယ်တဲ့။ ညနေ၃နာရီဆို အနံ့အပြင်းဆုံးတဲ့လေ။ ကိုယ်တွေရောက်တဲ့အချိန်က နေ့လည်နေ့ခင်းဆိုတော့ အနံ့မရကြတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီစိုက်ခင်းတွေမရှိတဲ့ ကော်ဖီဆိုင်တွေမရှိတဲ့ ကမ်းခြေက ကျောက်တုံးကြီးကနေ ကော်ဖီနံ့ ရတယ်ဆိုတာတော့ အတော်ဆန်းတယ်နော်။

ကော်ဖီကျောက်တုံးကြီးရဲ့ ရာဇဝင်ကလည်းရှိနေသေးပြန်ရော။ အင်ဒိုနီးရှားကို ဒတ်ချ်လူမျိုးတွေ လာကျူးကျော်တုန်းက ဒီကျွန်းကြီးပေါ်ကိုပါရောက်လာကြသတဲ့။ ကျွန်းကဒေသခံတွေနဲ့ တိုက်ခိုက်ကြတဲ့အခါ ကျွန်းပေါ်က ကော်ဖီလုပ်ငန်းလုပ်ကိုင်သူတွေက ဒီကျောက်တုံးကြီးနားမှာ ရုတ်တရက် ကိုယ်ပျောက်သွားကြသတဲ့။ သူတို့က သေသွားတာမျိုးမဟုတ်ဘဲ တခြားကမ္ဘာမှာ ပိတ်မိနေတာမျိုးဖြစ်နေတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း မနက်တစ်ခါ ညနေတစ်ခါ ကော်ဖီဖျော်ကြတဲ့အခါမှာ ကော်ဖီနံ့တွေရတာလို့ သိရပါတယ်။

ကော်ဖီကျောက်တုံးကျွန်းကို သွားဖို့တော့ နည်းနည်းခက်ပါတယ်။ ၂နာရီကြာကားမောင်းပြီး စက်လှေနဲ့ မိနစ် ၂၀ မောင်းရတယ်။ သူ့ဆီသွားမယ်ဆိုရင်တော့ နေ့တစ်ဝက်အချိန်ကုန်တယ်။ အပေါ်က ကျွန်း၃ကျွန်းနဲ့လည်း မနီးတော့ နောက်နေ့သက်သက်ထက်သွားရပါတယ်။ သွားရခက်ပေမဲ့ ကျောက်တုံးကြီးက ဆန်းကြယ်တာရယ်၊ ကော်ဖီနံ့မရရင်တောင်မှ ကမ်းခြေကသာယာပြီး ရေတွေက ကြည်စိမ့်ပြာလဲ့နေတာကြောင့် သွားရကျိုးနက်ပါတယ်။ ဒီကျွန်းကတော့ နည်းနည်းကြီးတော့ ဒေသခံရွာတွေ ရွာသားတွေလည်းရှိပါတယ်။ ညအိပ်တည်းဖို့တည်းခိုဆောင်တွေလည်း ရှိနေပြီး အနောက်နိုင်ငံသားစုံတွဲတစ်တွဲ အေးအေးဆေးဆေးလာတည်းနေတာတွေ့ခဲ့ရပါတယ်။ ဘယ်သူနဲ့မတွေ့ချင်ဘဲ အေးအေးဆေးဆေးလာပြီး အပန်းဖြေလိုတဲ့သူတွေအတွက်တော့ တကယ်လှတဲ့ ကျွန်းလေးပါ။

Zum-Zum Island

ဒီကျွန်းကို ဇွမ်းဇွမ်းကျွန်းလို့ခေါ်သလို Douglas McArthur Island လို့လည်းခေါ်ပါတယ်။ အမေရိကန်စစ်ဗိုလ်ချုပ်ကြီးကို အစွဲပြုမှည့်ခေါ်ထားတဲ့နာမည်ဖြစ်ပြီး သူ့ရုပ်တုကြီးလည်း ဒီကျွန်းမှာရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်လက်အောက်ကနေ တိုက်ထုတ်ခဲ့တုန်းက အမေရိကန်စစ်တပ်တွေ စခန်းချခဲ့တဲ့ ကျွန်းဖြစ်လို့ ဗိုလ်ချုပ်ရုပ်တုကြီး အမှတ်တရထားထားတာပါ။

2019_08_08_11_27_IMG_4108

ပြတိုက်တွေ

တည်နေရာအရ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရေးအရအရေးပါခဲ့တဲ့ ကျွန်းပါ။ ဂျပန်စစ်တပ်တွေ အခြေချခဲ့တဲ့ ကျွန်းတစ်ကျွန်းဆိုတော့ စစ်သမိုင်းပြတိုက်တွေ သွားလေ့လာလို့ရပါတယ်။ မြို့ထဲမှာ ဒုတိယကမ္ဘာစစ်ပြတိုက်ကြီးရှိသလို Batu Kopi ဆီသွားတဲ့ လမ်းမှာလည်း Swadaya ဒုတိယကမ္ဘာစစ်ပြတိုက်ကို ဝင်ကြည့်နိုင်ပါသေးတယ်။ ပြတိုက်အသေးလေးပါ။ ဒေသခံတစ်ယောက်က သူရှာဖွေတွေ့ရှိခဲ့တဲ့ သမိုင်းဝင်ပစ္စည်းတွေကို သူ့အိမ်မှာပဲပြတိုက်လိုလေးပြထားတာပါ။

2019_08_09_13_47_IMG_4520.JPG

ဘယ်လိုလျှောက်လည်မလဲ

———————————-

စက်ဘီးတွေ ဆိုင်ကယ်တွေသုံးကြတာများပါတယ်။ အဲဒီမှာသုံးကြတဲ့ ဆိုက်ကားကလည်းဆန်းပါတယ်။ ကိုယ်တွေဆီမှာလို ဘေးတွဲမဟုတ်ဘဲ ခရီးသည်ကိုအရှေ့မှာထားပြီး နင်းသူကနောက်မှာပါ။ ဟိုတယ်ကနေ ဆိုင်ကယ်ဌားမယ်ဆိုရင် ၂နာရီကို မြန်မာငွေတစ်သောင်းလောက်ကျပါတယ်။ ဟိုတယ်ကနေ ကားဌားရင်လည်းရပါတယ်။ လူများရင်ကားဌားစီးတာပိုကောင်းပါတယ်။ လေဆိပ်ကနေဟိုတယ်အထိကို ၁၅၀၀၀ကျပ်၊ မြို့ထဲ City Tour ဆို ၁၀နာရီမှ ၅သောင်းကျပ်လောက်ပါပဲ။

2019_08_07_15_45_IMG_4703.JPG

ဘယ်မှာတည်းကြမလဲ

———————————-

လူအလာနည်းသေးတဲ့အလျှောက် ဟိုတယ်တွေလည်းမများပါဘူး။ ကမ်းခြေ Resort ကြီး ၂ခုပဲရှိသေးပြီး ဟိုတယ်အသေးလေးတွေနဲ့ တည်းခိုခန်းနည်းနည်းတော့ရှိပါတယ်။

ကိုယ်တွေတည်းခဲ့တာကတော့ D’Aloha Resort ပါ။ တစ်ညကို $50 လောက်ပဲကျပါတယ်။ ဘန်ဂလိုလေးတွေပုံစံဆောက်ထားတာဖြစ်ပြီး ဘန်ဂလိုတစ်လုံးမှာ အိပ်ခန်း၂ခန်း၊ ရေချိုးခန်းအိမ်သာနဲ့ ဧည့်ခန်းပါပါတယ်။ ကမ်းခြေနဲ့ကပ်နေတော့ အချိန်မရွေးရေဆင်းကူးလို့ရပါတယ်။ လှိုင်းမရှိတော့ ကိုယ်တွေဆီမှာလိုတော့ လှိုင်းစီးလို့မရဘူးပေါ့။ D’ALoha Resort ရဲ့ Email က resortdaloha@gmail.com ပါ။

ဒီထက်ပိုကောင်းတာကတော့ Moro Ma Doto Resort & Spa ပါ။ သူလည်း ကမ်းခြေမှာရှိတဲ့ Resort ပါပဲ။ ရေကူးကန်ပါပါပြီး ဟိုတယ်ရဲ့ Facility ပိုကောင်းသလို ဈေးကလည်း နှစ်ဆလောက်ရှိပါတယ်။ Email က info@moromadoto.com ပါ။

2019_08_07_12_49_IMG_41842019_08_08_16_07_IMG_4590
ဒီတော့ အင်ဒိုနီးရှားမှာ သူများတွေ သွားလေ့မရှိတဲ့ နေရာသစ်လည်း သွားချင်တယ်။ လူရှင်းပြီး သဘာဝနဲ့ တစ်သားထဲကျနေတဲ့နေရာကို သွားချင်တယ်။ ၂ယောက်ထဲ ဟန်းနီးမွန်းထွက်ပြီး အေးအေးဆေးဆေး အနားယူချင်တယ်ဆိုရင်တော့ Morotai ကျွန်းကိုလည်း စာရင်းထဲထည့်ထားသင့်ပါတယ်။ ဒါပေမဲ့ Tourist နည်းတဲ့နေရာဖြစ်တဲ့အလျောက် ညဈေးတွေ၊ ရှော့ပင်းဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေ ရှိမယ်လို့တော့ မမျှော်လင့်ပါနဲ့။ စိမ်းပြာရောင် ကြည်လဲ့နေတဲ့ ရေတွေ၊ ဖြူလွလွသည်းတွေ၊ အဆုံးအစမရှိတဲ့ကောင်းကင်နဲ့ ရေပြင်ကျယ်ကို အေးအေးဆေးဆေးခံစားလိုတဲ့သူတွေနဲ့မှ ကိုက်မှာပါ။

အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေနော်

ချစ်တဲ့

Dr.Nu Myat

#WonderfulIndonesia #AyokeMorotai #Morotai #MorotaiIndoneisa
#NuMyataroundtheWorld

Website
http://www.numyataroundtheworld.com
Youtube
https://www.youtube.com/…/UCEECmxgvJAEfQsIX1cbF5xQ/featured…

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး မြေသားတောင် ခေါနူးစုမ် (ခေါ်) နတ်မတောင် (Chin Hills, Myanmar)

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး မြေသားတောင်
ခေါနူးစုမ် (ခေါ်) နတ်မတောင်

1104 Chin.jpg

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ကြီးရှိရာနီပေါသို့ … Nepal where Mt.Everest exists

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ကြီးရှိရာနီပေါသို့ …

IMG_3907

🌳မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်ကြီးရှိရာ…


🏔ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင် ၈တောင်ရှိရာ..


🏯ဟိန္ဒူဘာသာဝင်တိုင်း သွားရောက်ဖူးမြော်သင့်တဲ့ ကျောင်းတော်ကြီးရှိရာ…


🏯တတိယမျက်လုံးလို့တင်စားခေါ်ဝေါ်ကြတဲ့ ဗုဒ္ဓမျက်လုံးရှိရာ…


👸ကုမ္မာရီလို့ခေါ်တဲ့ ကမ္ဘာ့တစ်ဦးတည်းသော သက်ရှိနတ်ဘုရားမကိုးကွယ်ရာ…


🤺ရဲရင့်တဲ့ ဂေါ်ရခါးစစ်သားတွေရှိရာ…


နီပေါနိုင်ငံဟာ အရမ်းလည်းလှသလို အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်…

Snapseed-2-2

နီပေါရောက်တုန်း
-ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ရာနေရာကို ဖူးမြော်ခဲ့ရတယ်
-နှင်းတွေဖုံးနေတဲ့ ရေခဲတောင်တန်းကြီးကိုကြည့်ရင်း နိုးထလာခဲ့ရတယ်…
-ဟိမဝန္တာတောင်တန်းတွေကြား Paragliding လုပ်ပြီး ငှက်လိုလေဟုန်စီးခဲ့ရတယ်…
-ဧဝရက်တောင်နဲ့ ကမ္ဘာ့အမြင့်တကာအမြင့်ဆုံး ရေခဲတောင်တွေပေါ်ကနေ Mountain Flight စီးခဲ့ရတယ်…
ဒီအတွေ့အကြုံတွေက ဘယ်လိုမှ မေ့မရနိုင်မယ့် ဘဝမှတ်တိုင်တွေလို့ ဆိုရမှာပါ

IMG_1087

နီပေါဆိုတာ

နီပေါနိုင်ငံက မြန်မာတွေအတွက်မစိမ်းတဲ့နိုင်ငံပါ။ ရဲရင့်တဲ့ ဂေါ်ရခါးစစ်သည်တွေကို ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ခေါ်ဆောင်လာလို့ ဂေါ်ရခါးမျိုးဆက်တွေ မြန်မာမှာ အများကြီးရှိနေပါသေးတယ်။ဂေါတမ မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်တော်ကြီးဆီ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရင်းလည်း ရောက်ဖူးကြမှာပါ။

နိုင်ငံမြောက်ဘက်မှာ တရုတ်နိုင်ငံနဲ့ ဟိမဝန္တာတောင်တန်းကြီးခြားထားပြီး တောင်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတာပါ။ ဟိန္ဒူဘာသာဝင်အများစုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေက ဒုတိယအများဆုံးပါ။ နီပေါရဲ့ အလံကလည်း ထူးဆန်းလှပါတယ်။ တြိဂံ၂ခုဆင့်ထားတဲ့ ပုံစံဖြစ်နေလို့ ကမ္ဘာ့တစ်ခုတည်းသော ထောင့်မှန်စတုဂံပုံ မဟုတ်တဲ့ အလံလို့ ဆိုရမှာပါ။

Snapseed-5

ဘယ်တွေလည်စရာရှိလဲ

ခတ္တမန္ဒူမြို့ (Kathmandu)

ဟိမဝန္တာတောင်တန်းတွေဝန်းရံထားတဲ့ ချိုင့်ဝှမ်းထဲက မြို့တော်ခတ္တမန္ဒူဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဆောက်ခဲ့တဲ့ ဘုရားကျောင်းတွေ အဆောက်အအုံတွေနဲ့ လဟာပြင်ပြတိုက်တစ်ခုလိုပါပဲ။ မြို့က ငလျင်ကြောမှာရှိလို့ တိုက်တွေ သိပ်မမြင့်ဘူးရယ်။ ကြည့်လိုက်တိုင်း ၂ ထပ် ၃ ထပ်လောက်ပဲရှိကြတာ။ အထပ်အမြင့်ဆုံးရယ်မှ ၁၇ထပ်တဲ့လေ။

Snapseed-4

-ခတ္တမန္ဒူမှာက ဗုဒ္ဓနတ်(Buddhanath) လို့ခေါ်တဲ့ စေတီပုထိုးရှိတယ်။ ထူးခြားတာက စေတီပေါ်မှာ ဗုဒ္ဓမျက်လုံးလို့ခေါ်တဲ့ ဧရာမမျက်လုံး၂လုံးကို လေးဘက်လေးလန်မှာ ရေးဆွဲထားပြီးခလယ်မှာ အင်္ဂလိပ်အက္ခရာ 9 လိုပုံရှိတဲ့ နီပေါလို နံပါတ် ၁ ကို နှာခေါင်းအဖြစ်ရေးဆွဲထားတယ်။ တရားရတော်မူရာ Enlightenment သင်္ကေတလို့သိရပြီး ဒါကြောင့် တတိယမျက်လုံးလို့လည်း ခေါ်ကြပါတယ်။ နီပေါရဲ့ဘုရားတွေမှာတွေ့ရလေ့ရှိပြီး နီပေါနိုင်ငံရဲ့ သင်္ကေတလို့လည်း ဆိုရမှာပါ။ ဘုရားဝန်းကျင်မှာ တိဘက်လူမျိုးတွေ နေများလို့ Little Tibet လို့လည်း ခေါ်ကြတယ်တဲ့။

Snapseed-14
-တောင်ထိပ်ပေါ်မှာရှိတဲ့ ဆွာယန်ဘူနတ်စေတီ Swayambhunath temple မှာ မျောက်တွေများလို့ Tourist တွေကြား Monkey Temple လို့လည်းခေါ်ကြတယ်။ အဲ့တောင်ကုန်းပေါ်တက်တဲ့ ဘုရားစောင်းတန်းလှေကားထစ်ပေါင်း ၃၆၅ထစ်ရှိပြီး တောင်ပေါ်က မြင်ရတဲ့ ခတ္တမန္ဒူမြို့ရှုခင်းကလည်း အရမ်းလှတယ်။

-ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ပရှူးပသီနတ် (Pashupathinath) ဘုရားကျောင်းဆိုတာလည်း ရှိသေးတယ်။ ဟိန္ဒူဘာသာဝင်တိုင်း ဘဝမှာတစ်ကြိမ်ရောက်သင့်တဲ့ ဘုရားကျောင်းလို့ဆိုပါတယ်။ ဟိန္ဒူဘာသာဝင်တွေ သေဆုံးတဲ့အခါ အလောင်းတွေကို အဲ့ ဘုရားကျောင်းဘေးက ဘက်ဂ်မာတီ (Bagmati) မြစ်ကမ်းမှာ မီးသဂြိုဟ်လေ့ရှိပြီး ပြာတွေ မြစ်ထဲမြောချလေ့ရှိကြတယ်။ အဲ့မြစ်ကိုလည်း Holy River အဖြစ်သတ်မှတ်ထားပြီး အဲ့လို သဂြိုဟ်ခြင်းအားဖြင့်နောင်ဘဝရှိမလာတော့ပဲ သံသရာဝဋ်ဆင်းရဲကနေကင်းလွတ်တယ်လို့ အဆိုရှိကြတယ်။
ပရှူးပသီနတ် ရောက်တုန်းလွှင့်ခဲ့တဲ့ Live Video link https://www.facebook.com/numyataroundtheworld/videos/1836358436603517/

IMG_1179
-ဘက်ခ်တာပါဒါဘာရင်ပြင် (Bukdapur Durbur Square) ကတော့ ခတ္တမ္ဒူကနေ ၁နာရီလောက်ကားမောင်းရင်ရောက်တဲ့ ဘက်ခ်တာပါမြို့မှာ ရှိတဲ့ ရင်ပြင်ပါ။ နီပေါနိုင်ငံရဲ့ မြို့တော်ဟောင်း ဖြစ်ပြီး နန်းတော်ဟောင်းလည်းတွေ့မြင်ရမှာပါ။ ၂၀၁၅တုန်းက နီပေါမှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အအုံတွေ အများကြီး အုတ်ပုံဘဝရောက်နေတာ မြင်ရတော့ စိတ်မကောင်းဘူးရယ်။ မြို့ထဲမှာ Kathamandu နဲ့ Patan ဆိုတဲ့ ရင်ပြင်တွေ ရှိသေးတယ်။ ကံကောင်းရင် ကမ္ဘာ့တစ်ပါးတည်းသော သက်ရှိနတ်ဘုရားမ ကုမ္မာရီနေတဲ့ အဆောက်အအုံပြတင်းပေါက်ကနေ နတ်ဘုရားမ လက်ပြနှုတ်ဆက်တာကို မြင်တွေ့နိုင်တယ်။

IMG_3518

-Thamel ဆိုတဲ့နေရာကတော့ နေ့ရောညပါ စီကားတဲ့ ဈေးဆိုင်တန်းတွေရယ်ပါ။ ညဘက်ဆို နီပေါ Nightlife ကို အဲ့မှာ ခံစားလို့ရတယ်လေ။

-ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်၈ခုကို လှမ်းမြင်ရအောင် သီးသန့်ထွက်ပေးတဲ့ Mountain Flight ဆိုတာလည်းရှိတယ်။ လေဆိပ်ကနေ ထွက်ပေးတာ။ တစ်ယောက်ကို $200 ကျတယ်။
Mountain Flight Video Link က ဒီမှာပါ။https://www.facebook.com/numyataroundtheworld/posts/1838824249690269

ညအိပ်မယ်ဆိုရင်
Maya Manor Boutique Hotel လေးက မြို့ထဲမှာရှိပြီး ဟိုတယ်ဆောက်ထားပုံလေးက ချစ်စရာပါ။ ဈေးလည်း သင့်တင့်ပါတယ်။

IMG_4562

ပိုခါရာမြို့ (Pokhara)

ပိုခါရာမြို့လေးက မြို့တော် ခတ္တမန္ဒူပြီးရင် ဒုတိယမြောက်Tourist အလာဆုံးမြို့ပါ။ မြို့လေးက အရမ်းကိုလှပါတယ်။ ဟိမဝန္တာတောင်တန်းတွေအလယ်က ရေကန်ကြီးဘေးမှာ ဆောက်ထားတဲ့မြို့လေးဆိုတော့ ရှုခင်းတွေက တအားလှပေါ့…

IMG_1763

Snapseed-8

ရေခဲတောင်တွေကို မြို့ထဲကနေလှမ်းမြင်ရသလို တောင်တွေကြားထဲက နေထွက်လာတဲ့ ရှုခင်းတွေကလည်း အရမ်းလှပါတယ်။ Sunrise၊ Sunset ကြည့်လို့ရတဲ့ View Point တွေလည်း အများကြီးရှိလို့နေပါတယ်။ ဆာရန်ကော့တောင်ကတော့ Sunrise ကြည့်ဖို့ နာမည်ကြီးပါတယ်။

ပိုခါရာမြို့လေးကတော့ Adventure မြို့တော်လို့ဆိုရမှာပါ။ အဲ့မှာ တောင်တွေပေါ်ကနေ လေဟုန်စီးနိုင်တဲ့ Paraglidingလုပ်နိုင်သလို ကောင်းကင်ပေါ်ကနေ ရှုခင်းကြည့်နိုင်တဲ့ Pilot နဲ့ကိုယ်နဲ့ ၂ယောက်ထဲစီးရတဲ့ Ultralight Flight နဲ့ ရေခဲတောင်တွေပေါ်ဖြတ်ပြီး ပျံသန်းတဲ့ Mountain Flight ဆိုတာလည်းရှိတယ်။ တောင်တွေလည်းများတော့ Trekking တို့ Hiking တို့လည်း လုပ်လို့ရတယ်။ Annapura ရေခဲတောင် Base Camp ကိုလည်း အသွားများကြတယ်။

IMG_4563

မြို့လည်ရှိ Phewa ရေကန်ကြီးထဲ ခြေနင်းလှေစီးလို့ရသလို လှေလှော်လို့လည်းရတယ်။ ရေစီးသန်တဲ့ မြစ်တွေထဲလည်း Rafting လုပ်လို့ရတယ်။
Paragliding လုပ်တဲ့ Video က ဒီမှာပါ။ https://www.facebook.com/numyataroundtheworld/videos/1839864816252879/
Paragliding လုပ်တဲ့ Review ကတော့ ဒီမှာပါ။

ညအိပ်မယ်ဆိုရင်
Raniban Retreat နဲ့ Himalaya Front Hotel တို့က တောင်ပေါ်မှာ ရှိလို့ မြို့အလှကို အပေါ်စီးက လှမ်းမြင်ရတယ်။ အဲ့က မြင်ရတဲ့ နေထွက်ချိန်ရှုခင်းတွေက သိပ်လှတာပဲ။ ရေခဲတောင်တွေကိုလည်း လှမ်းမြင်ရတယ်လေ။

Snapseed-9
Fishtail Resort နဲ့ Waterfront Hotel တွေကတော့ ရေကန်ဘေးမှာ ရှိပြီး ရာသီဥတုသာယာရင် ဟိုတယ်ကနေ ရေခဲတောင်တွေလှမ်းမြင်ရပါတယ်။
Temple Tree ဟိုတယ်ကတော့ မြို့ထဲမှာရှိပြီး သွားရလာရ လွယ်ကူပါတယ်။

IMG_2526

လုမ္ဗိနီမြို့ (Lumbini)

ဂေါတမမြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်ရှိပြီး မြတ်စွာဘုရားမွေးဖွားတဲ့နေရာအစစ်ကို အသိအမှတ်ပြုထားတဲ့ကျောက်တုံးရယ်၊ ဗောဓိပင်ရယ်၊ မယ်တော်မာယာမီးဖွားခါနီးကိုယ်လက်သန့်စင်ရာ၊ မီးဖွားပြီးသိန္ဒဿမင်းသားကို ဆေးကြောသန့်စင်ရာ ရေအိုင်တော်ရယ်၊ မယ်တော်မာယာဒေဝီကျောင်းဆောင်ကြီးရယ်၊ အာသောကမင်းကြီး တည်ထားခဲ့တဲ့ ကျောက်စာတိုင်ရယ် ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း သွားရောက်ဖူးမြော်သင့်တဲ့ မွန်မြတ်တဲ့ နေရာပါ။

ညအိပ်မယ်ဆိုရင်
Lumbini Hokke Hotel အခန်းတွေက ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ဂျပန်တွေအတည်းများတော့ ဂျပန်စတိုင်အခန်းလေးတွေလည်းရှိတယ်။
မြန်မာဘုန်းကြီးကျောင်းတွေလည်းရှိပြီး ဘုန်းကြီးကျောင်းမှာတည်းမယ်ဆိုရင် မြန်မာငွေ ၅၀၀၀ ပဲလှူရမှာပါ။ သက်သက်လွတ်ထမင်းဟင်းတွေပါကျွေးပါတယ်။

နာဂါကော့မြို့ (Nagarkot)

ခတ္တမန္ဒူကနေ ၁နာရီလောက်မောင်းရင်ရောက်တဲ့ တောင်ပေါ်မြို့လေးပါ။ နေဝင်နေထွက်ရှုခင်းတွေ အရမ်းလှတယ်လို့ နာမည်ကြီးပါတယ်။ မြို့လေးသွားတဲ့တောင်ပေါ်လမ်းလေးက ထင်းရှုးပင်လေးတွေနဲ့ သိပ်ကိုလှပါတယ်။
ဒီမြို့မှာလည်း Hiking, Mountain Biking, Paragliding စတဲ့ Activities တွေ လုပ်လို့ရပါတယ်။

Snapseed-4

ညအိပ်မယ်ဆိုရင်
Hotel Country Villa Resort ဆိုတဲ့ ဟိုတယ်လေးရွေးသင့်ပါတယ်။ ရှုခင်း တမြော်တခေါ်ကြီး မြင်ရတဲ့ တောင်စောင်းပေါ်ဆောက်ထားပြီး ဈေးကလည်း $80-100 လောက်ပါပဲ။
Himalaya Club ဟိုတယ်ကတော့ အခန်းတွေပိုကျယ် ပိုကောင်းပြီး View တွေလည်း သိပ်ကိုလှပါတယ်။ ရေကူးကန်ကြီးလည်းရှိတယ်။ ဈေးကတော့ $160 လောက်ရှိမယ်။
တောင်စောင်းက အိမ်လေးတွေမှာ Homestay လည်း နေလို့ရလောက်တယ်။ လမ်းတလျှောက် Homestay ဆိုပြီး ဆိုင်းဘုတ်လေးတွေ တွေ့ရလို့ပါ။

ချန်ဒရာဂီရိ (Chandragiri)

ဒီမြို့ကလည်း ခတ္တမန္ဒူမြို့ကနေ ၁နာရီကျော်လောက်စီးရုံနဲ့ရောက်တယ်။ Cable Car စီးပြီးတောင်အမြင့်ကြီးပေါ်တက်ရတာ။ တောင်ပေါ်မှာ ဘုရားကျောင်းရှိပြီး တောင်ပေါ်က မြင်ရတဲ့ရှုခင်းတွေက အရမ်းကိုလှတာ။ တောင်ပေါ်က ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး Lunch စား နီပေါစတိုင် မာဆလာလက်ဖက်ရည်လေးသောက်နဲ့ ဇိမ်ကိုကျနေရော။ နောက်ဆို ကစားကွင်းတွေ Zipline တွေလည်း လုပ်ဦးမှာဆိုတော့ ပိုပြီး ပျော်ဖို့ကောင်းမှာပါ။

ချန်ဒရာဂီရိ Live Video က ဒီမှာပါ

IMG_4565

နီပေါကိုဘယ်လိုသွားရမလဲ

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့နဲ့ ရန်ကုန်ကို Himalaya Airlines ကနေ တိုက်ရိုက်ပြေးဆွဲနေပါပြီ။ လေယာဉ်ပျံသန်းချိန်က ၃နာရီနီးပါးရှိပြီး အသွားအပြန်မှ US$350 ဝန်းကျင်လောက်ပဲရှိပါတယ်။

ခတ္တမန္ဒူကနေ ပိုခါရာကို လေယာဉ်စီးရင်စီး၊ မစီးရင်ကားနဲ့သွားလို့ရပါတယ်။ ကားက Tourist Bus ဆိုတဲ့လိုင်းကားရှိတယ်။ ကားအမျိုးအစားနဲ့ Service ပေါ်မူတည်ပြီး ဈေးက 7$ ကနေ $25 ထိရှိတယ်။ $25 တန်ဆိုရင် ကားပေါ် အိမ်သာပါသလို lunch လည်းကျွေးပါသတဲ့။ ကားစီးချိန်ကတော့ ၇နာရီလောက်ကြာပါမယ်။
လုမ္ဗိနီဆီကိုတော့ ပိုခါရာကနေ ကားနဲ့သွားမှရပါမယ်။ ခတ္တမန္ဒူကဆိုရင်တော့ လေယာဉ်လည်းရှိပါတယ်။

IMG_4564

အစားအသောက်

နီပေါစာက အိန္ဒိယအစာနဲ့ ဆင်ပါတယ်။ ထမင်းနဲ့ ကြက်သားဟင်း အဓိကစားပြီး ပဲဟင်းအစားများပါတယ်။ ထမင်းကို ဒိန်ချဉ်စမ်း ဆားနဲ့နယ်စားရတာ သိပ်အရသာရှိတာပဲ။ စမူဆာတွေကလည်း အကြီးကြီး၊ ပူရီ၊ ချာပါတီ၊ နံပြား စားလို့ကောင်းမှကောင်း။ အထူးအဆန်းအနေနဲ့ Momo ဆိုတာ ဖက်ထုပ်ကို ပဲအနှစ်တို့စားရတာဖြစ်ပြီး တရုတ်နဲ့ကုလား ၂မျိုးပေါင်းထားတဲ့ Fusion လို့ဆိုရမှာပါ။ နီပေါမှာ မာဆလာလက်ဖက်ရည် Masala Tea ကိုတော့ အရမ်းကြိုက်သွားမိတယ်။ နေ့တိုင်း အဲ့ဒါပဲ မှာသောက်တာ။ လက်ဖက်ရည်ကို ဟင်းခတ်အမွှေးအကြိုင်ရယ် နို့ရယ်ထည့်ကြိုပေးတာ သိပ်အရသာရှိတာပဲ။ Masala Cola ဆိုတာလည်းရှိတယ်တဲ့ ကိုကာကိုလာထဲ ဟင်းခတ်အမွှေးအကြိုင် ထည့်သောက်တာတဲ့။ အဆန်းကြီးတွေနော်။

IMG_1638

ဆောင်ရန်ရှောင်ရန်

– US$ 1$ = နီပေါရူးပီး 102-108 လောက်ရယ်ပါ။ မြန်မာငွေတွက်မယ်ဆို နီပေါရူပီးကို အကြမ်းဖျဉ်းအားဖြင့် ၁၀နဲ့ မြှောက်ရုံပဲပေါ့ ။ ဒေါ်လာအကြွေတွေရှိလည်း ဆောင်သွားပါ။ ဒေါ်လာနဲ့ ပေးလည်း လက်ခံကြပါတယ်။

-Visa က လေဆိပ်မှာ Arrival Visa လျှောက်လို့ရပါတယ်။ 25$ ပါ။ Passport ပုံ လိုပါလိမ့်မယ်။

-Passport ဓာတ်ပုံ အပိုဆောင်သွားပါ။ ဖုန်းကတ်ဝယ်ရင် ပုံပေးပြီး ဖောင်ဖြည့်ရပါတယ်။ ဖုန်းကတ်ကို လေဆိပ်မှာပဲဝယ်ပါ။ မြို့ထဲမှာ ရှာရခက်ပါတယ်။ 100 MB ကို 800ရူပီး နဲ့ 300 MB ကို 1000ရူပီး ကျပါတယ်။

– တောင်တွေ ထူထပ်တဲ့ နိုင်ငံမို့လို့ ရာသီဥတုအေးပါတယ်။ နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေ ယူသွားပါ။ ညဆိုတော်တော်အေးပါတယ်။ အိန္ဒိယနဲ့ နီးတဲ့ လုမ္ဗိနီမြို့မှာသာ ရာသီဥတုနွေးပါတယ်။

-လေယာဉ်စီးရင် အသွား ညာဘက်၊ အပြန်ဘက်ဘက် Window seat မှာစီးပါ။ ရာသီဥတုကြည်လင်တဲ့ အချိန်ဆို ဧဝရက်တောင်အပါအဝင် ရေခဲတောင်တွေကို လေယာဉ်ပေါ်ကနေ တမြော်တခေါ်ကြီး လှမ်းတွေ့ရမှာပါ။

-လေယာဉ်က တစ်ပတ်မှာ တစ်ကြိမ်ပဲထွက်တော့ ၇ညအိပ် ၈ရက်ခရီးသွားရပါမယ်။ အဲ့ရက်နဲ့ဆို အပေါ်မှာ ပြောထားတာတွေ အကုန်ရောက်ပါတယ်။ တချို့ကတော့ ၂နိုင်ငံဖြစ်အောင် နီပေါနဲ့ နီးတဲ့ ဘူတန်ကိုပါ တွဲသွားပါတယ်။

အပြီးထိ စိတ်ဝင်တစား ဖတ်ရှုလို့ ကျေးဇူးပါ။ အားလုံး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ။

နုမြတ်

Snapseed-3-2

ခမာတို့နိုင်ငံ ကမ္ဘောဒီးယား Cambodia, a Country of Khmers

ခမာတို့နိုင်ငံ ကမ္ဘောဒီးယား

Dr. Nu Myat Theingi Oo

edf
ကမ္ဘောဒီးယားဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေးကျောင်းတော်ကြီး တည်ရှိရာနိုင်ငံ၊ အင်ပါယာကြီးထွားခဲ့တဲ့ ခမာတို့ရဲ့ အန်ကောမြို့တော်ရှိရာ နိုင်ငံ၊ အရှေ့တောင်အာရှရဲ့ အကြီးဆုံးရေကန်ကြီးရှိရာ နိုင်ငံစတဲ့ အကောင်းဆုံးအချက်တွေ မြင်ယောင်မိကြသလို တစ်ဖက်မှာလည်း
ကိုယ့်လူမျိုးအချင်းချင်း အစုလိုက်အပြုံလိုက် မျိုးတုန်းသတ်ဖြတ်ခြင်းခံရတဲ့နိုင်ငံ၊ လေးနှစ်တာကာလအတွင်း လူပေါင်း ၂သန်းကျော် သေဆုံးခဲ့ရတဲ့နိုင်ငံ၊ တစ်နိုင်ငံလုံးအဆင့်အတန်းတူညီအောင် ပညာတတ်လူတန်းစား၊ သူဌေးသူကြွယ်မှန်သမျှ အကုန်ရှင်းပစ်ခံခဲ့ရတဲ့နိုင်ငံ စတဲ့ နိမ့်ကျခဲ့တဲ့ အဆိုးဆုံးအခြေအနေကိုလည်း မြင်ယောင်မိကြမှာပါ။

sdr

ခမာပျိုဖြူတွေနဲ့

နိုင်ငံတစ်နိုင်ငံ သွားလည်တဲ့အခါ နိုင်ငံရဲ့ ထိပ်ဆုံးကာလ၊ အကောင်းဆုံး၊ အမွန်အမြတ်အထားဆုံးနေရာတွေ သွားလေ့လာကြရတာများပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော့ သူတို့နိုင်ငံရဲ့ အနိမ့်ကျဆုံးအခြေအနေကို လေ့လာနိုင်အောင်ပြသထားတာကိုတွေ့ခဲ့ရပါတယ်။ ဒီတစ်ခေါက် Cambodia သွားလည်တဲ့အခါမှာလည်း ဒီ အခြေအနေ၂မျိုးလုံးကို ကြုံတွေ့ခဲ့ရလို့ သံဝေဂတွေလည်းရခဲ့ပါတယ်။ အဆိုးဆုံးကာလတွေက ရုန်းထွက်နိုင်ခဲ့တဲ့ Cambodia နိုင်ငံကိုလည်း ချီးကျူးမိပါတယ်။

Quick Facts

မြို့တော် – ဖနွမ်းပင်
အသုံးပြုငွေ- Cambodian Riel ( US$ကိုလည်း အလွယ်တကူသုံးစွဲတာကြောင့် ပိုက်ဆံမလဲဘဲ $ပဲ သုံးလည်းရပါတယ်။ ငွေလဲမယ်ဆိုရင်တော့ ၁ဒေါ်လာကို ကမ္ဘောဒီးယားပိုက်ဆံ ၄၀၀၀ကျော်ရပါမယ်)
အချိန်ကွာခြားချက်- ရန်ကုန်ထက် နာရီဝက်ပိုစောပါတယ်။ ဥပမာ- ရန်ကုန်မှာ ၁နာရီဆို အဲ့မှာ ၁နာရီခွဲ ရှိနေပါပြီ

Tourist Attractions (ဘာတွေလည်စရာရှိလဲ)
ဖနွမ်းပင် (Phanom Penh)
နိုင်ငံတစ်နိုင်ငံရောက်ရင် သူ့ရဲ့ မြို့တော်တော့ သွားလည်သင့်ပါတယ်။ Camboidaမှာတော့ အန်ကောဝပ်ရှိတဲ့ Siem Reap ကိုပဲ သွားကြတာများပါတယ်။ နိုငံရဲ့ မြို့တော် ဖနွမ်းပင်မှာလည်း သွားလည်စရာနေရာတွေရှိပါတယ်။

img1506228493463-01 - Copy - Copy.jpeg

Royal Palace (တော်ဝင်နန်းတော်ကြီး)
ကမ္ဘောဒီးယား နန်းတော်က ဘန်ကောက်က နန်းတော်ရယ်၊ မြဘုရားရယ်နဲ့ ဆောက်လုပ်ပုံတွေ ဗိသုကာဒီဇိုင်းတွေ တော်တော်ကိုဆင်သလိုပဲ။ နန်းတော်ကြီးကို ၁၈၆၀ခုနှစ်ကတည်းက တည်ထားခဲ့တာပါ။ နန်းတော်ကြီးမှာ လက်ရှိဘုရင်နေနေတုန်းပဲတဲ့။ ဘုရင်ကြီးက အသက်၆၅နှစ်ရှိပေမဲ့ အိမ်ထောင်မရှိဘူး။ အဲဒီတော့ နောက်တက်မယ့်ဘုရင်တွေကို တူတွေထဲက ရွေးပေးရမှာတဲ့လေ။ နန်းတော်ဝင်းထဲက ညီလာခံခန်းမတွေ၊ တခြားအဆောင်နဲ့ ခန်းမတွေ လေ့လာလို့ရပေမဲ့ လက်ရှိဘုရင်နေနေတဲ့ ဝင်းထဲတော့ ဝင်ခွင့်မပေးထားပါဘူး။
နန်းတော်ဝင်းနဲ့ ကပ်ရပ်မှာ ငွေဘုရား (Silver Pagoda) ဆိုတာလည်းရှိတယ်။ ဘုရားဆောင်ကြမ်းပြင်ကို ငွေထည်တွေအပြည့်ခင်းထားလို့ Silver pagoda လို့ခေါ်တာတဲ့။ ဘုရားဆောင်ထဲမှာ မြဘုရားဆင်းတုနဲ့ တခြားရှေးဟောင်းဆင်းတုတွေလည်း ဖူးမြော်နိုင်ပါတယ်။ စိန်အလုံးပေါင်း ၉၀၀၀ ကျော်တန်ဆာဆင်ထားတဲ့ ရွှေအစစ်နဲ့ သွန်းလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်လည်း ထင်ရှားတယ်။ စိန်အကြီးဆုံးက ၂၅ကာရတ်တောင်ရှိတာပါတဲ့။

National Museum (အမျိုးသားပြတိုက်)
ခမာတို့ရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေ၊ အနုပညာလက်ရာတွေကို တစ်နေရာထဲမှာ ကြည့်နိုင်မယ့် ကမ္ဘောဒီးယားရဲ့ အကြီးဆုံးပြတိုက်တဲ့။ ရှေးဟောင်းရုပ်တုကြီးတွေအများကြီးပဲ ပြထားတာ။ ရှေးဟောင်းပစ္စည်းပေါင်း ၁၄၀၀၀ကျော်တောင်ရှိတာတဲ့။ ဒါပေမဲ့သမိုင်းနဲ့ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားမှ သွားပါရှင်။ စိတ်မဝင်စားရင်တော့ ဒီနေရာကိုကျော်လိုက်လို့ရတယ်။

DCIM103GOPROGOPR5324.JPG
Killing Field
၁၉၇၅ကနေ ၁၉၇၉ခုနှစ်အထိ ၄နှစ်တာကာလဟာ ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် တကယ့်ငရဲလိုပါပဲ။ အာဏာရှင်ပိုပေါ့ခေါင်းဆောင်တဲ့ ခမာနီတွေ အုပ်စိုးတဲ့ကာလမှာ လူတန်းစားအားလုံး တပြေးညီဖြစ်အောင်ဆိုပြီး ချမ်းသာသူတွေ၊ ပညာတတ်တွေ၊ ရာထူးကြီးသူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံခြားသားတွေနဲ့ သူတို့စကားနားမထောင်သူတွေ အကုန်လုံးကို ညှင်းပန်းနှိပ်စက် သတ်ပစ်ခဲ့ကြတယ်။ လူတွေအကုန် အိုးအိမ်တွေကို စွန့်လွှတ်ပြီး သူတို့ သွားခိုင်းရာ အရပ်လေးမျက်နှာကို ကိုယ်စီ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နေ့ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်။ သူတို့ သတ်မှတ်ထားတဲ့ စခန်းတွေမှာ သူတို့ပြောစကားနားထောင်၊ သူတို့ ခိုင်းတာလုပ်၊ ကျွေးတာစား အဲ့လိုပဲ အလိုက်သင့်နေခဲ့ကြရတာတဲ့လေ။
ဒီ Killing Field ဆိုတာကတော့ လူသတ်ကွင်းပေါ့။ ခမာနီလက်ထက်မှာ လူဦးရေ ၂သန်းကျော်သေဆုံးခဲ့ရတယ်ဆိုတော့ Cambodia မှာ လူသတ်ကွင်းတွေ အများကြီးပေါ့။ နုမြတ်တို့သွားလေ့လာခဲ့ရတဲ့ လူသတ်ကွင်းကတော့ ဖနွမ်းပင်မြို့ကနေ ၁ နာရီလောက်မောင်းရတဲ့ Choueng Ek နေရာက Killing Field ပဲဖြစ်ပါတယ်။ သစ်ပင်တွေ နွယ်ပင်တွေ အုပ်ဆိုင်းဆိုင်းနဲ့ သာယာတဲ့နေရာလေးက တစ်ချိန်တုန်းက လူ့အသက်ဝိဉာဉ်ပေါင်းကို ခြွေရာ လူသတ်ကွင်းဖြစ်ခဲ့တာ ဝမ်းနည်းစရာပါ။ အဲဒီဝင်းထဲဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ဝမ်းနည်းသလိုလို။ ငိုချင်သလိုလို။ ဝင်းကြီးအလည်မှာ ခန့်ထည်တဲ့ အဆောက်အအုံကြီးတစ်ခုရှိနေတယ်။ အဲ့အဆောက်အအုံကြီးနားလည်းရောက်ရော စိတ်မကောင်းလိုက်တာ။ အလည်က မှန်ဗီရိုကြီးထဲမှာ အရိုးခေါင်းတွေ အရိုးခေါင်းတွေ မျက်စိတစ်ဆုံးပဲ။ ဒီလူသတ်ကွင်းထဲမှာ သတ်ဖြတ်မြှုပ်နှံထားတဲ့ အရိုးခေါင်းတွေတဲ့။ အရိုးခေါင်းပေါင်း ၅၀၀၀ ကျော်တောင် ပြသထားတာ။

DCIM103GOPROGOPR5417.JPG
ခမာနီတွေကျဆုံးတုန်းက  ဒီလူသတ်ကွင်းထဲ ဝင်ရှာတာ အလောင်းပေါင်း ၉၀၀၀ နီးပါးတွေ့ခဲ့ရတယ်တဲ့လေ။ အဲ့မှာ သေဆုံးသွားသူတွေရဲ့ အဝတ်အစားအပိုင်းအစတွေ၊ သတ်ရာမှာ အသုံးပြုခဲ့တဲ့ ဓာတုဆေးမှုန့်တွေထားရှိရာနေရာတွေ၊ သတ်တဲ့အခါ အော်သံမကြားရအောင် ဖွင့်ထားတဲ့ လော်စပီကာကြီးချိတ်ဆွဲရာ သစ်ပင်ကြီးတွေ၊ လူသေအလောင်းတွေ စုပုံထားတဲ့နေရာတွေ စသဖြင့် အရာရာတိုင်းက ခြောက်ခြားဖို့ကောင်းလှပါတယ်။
S21 Museum
ခမာနီလက်ထက်မှာ ညှင်းပန်းနှိပ်စက်တဲ့စခန်းဖြစ်ခဲ့တဲ့ ဒီစာသင်ကျောင်းကို အခုအခါမှာတော့ ပြတိုက်အဖြစ်ပြသထားတယ်။ တစ်ချိန်တုန်းက ကလေးသူငယ်လေးတွေရဲ့ စာအံသံလေးတွေနဲ့ ပြည့်နေတဲ့ စာသင်ခန်းတွေက အဲ့ကာလမှာတော့ နာကျင်လွန်းလို့ အာခေါင်ခြစ်အော်တဲ့အသံတွေ၊ ငိုကြွေးသံတွေပြည့်ရာ အချုပ်ခန်းတွေ၊ နှိပ်စက်ခန်းတွေ အဖြစ်ပြောင်းသွားခဲ့တယ်။
ပျော်ပျော်ပါးပါးဆော့ကစားခဲ့တဲ့ ကျောင်းကစားကွင်းဟာလည်း အခုအခါမှာတော့ အလောင်းတွေမြှုပ်နှံရာ အုတ်ဂူဖြူဖြူတွေ အစီအရီနဲ့လေ။ ကလေးတွေ နိုင်ငံတော်သီချင်းသီဆိုရာ အလံတိုင်တောင် ကြိုးဆွဲချသတ်တဲ့နေရာအဖြစ် ပြောင်းခဲ့ကြတာတဲ့..
ရက်စက်လိုက်ကြတာ….

DCIM104GOPROGOPR5522.JPG
လူပေါင်း ၁၇၀၀၀ကျော် ကိုKilling Field မှာ မသတ်ခင် ဒီကျောင်းထဲ ဖမ်းချုပ်နှိပ်စက်တာတဲ့။ တကယ့်ငရဲခန်းတွေလိူပါပဲ။ နောက်ဆုံးခမာနီတွေ လက်နက်ချလိုက်တဲ့အချိန် အဲ့ကျောင်းကို ဝင်စီးတော့ အချုပ်ခန်းပေါင်း ၁၀၀၀ ကျော်မှာ အသက်ရှင် ကျန်ခဲ့တာ ၇ယောက်ပဲ ရှိတော့တယ်တဲ့လေ။
ကျောင်းထဲက အချုပ်ခန်းတွေ၊ နှိပ်စက်ထားတဲ့ပုံတွေ၊ သေဆုံးခဲ့တဲ့သူပုံတွေ၊ နှိပ်စက်ခဲ့တဲ့ လက်နက်တွေ ပတ်ကြည့်ရင်း အတော်ကို စိတ်မကောင်းဖြစ်မိတာ။ အာဏာရှင်စနစ်ဆိုတာ ကောင်းကိုမကောင်းတာပဲ။ အဲ့ကျောင်းလို ငရဲခန်း၊ နှိပ်စက်စခန်းတွေ တခြားနေရာတွေမှာရှိသေးတယ်။ တချို့ကိုတော့ ကျောင်းအဖြစ်ပြန်ဖွင့်ထားတယ်တဲ့။ ကြက်သီးထစရာကြီးနော်။
အနိဌာရုံတွေ မမြင်ချင်ရင်တော့ ဒီနေရာတွေ မသွားပါနဲ့လို့ ပြောချင်ပါတယ်။
Cyclo Tour
ဖနွမ်းပင်မြို့တစ်ပတ် ဆိုက်ကားနဲ့လည်လည်ထွက်လည်းရတယ်။ သူတို့ဆိုက်ကားကတော့ ဒီကဆိုက်ကားနဲ့တော့ မတူဘူးပေါ့။ အမိုးပါတယ်။ ပြီးတော့ စီးသူကရှေ့က၊ မောင်းသူက နောက်ကနေ မောင်းရတာ။ ဆိုက်ကားတစ်စီးကို ၅$နဲ့ အတူလိုက်ရှင်းပြတဲ့ Tour Guide က တစ်ဖွဲ့ကို $၅၀ ပေးရပါတယ်။
ကမ္ဘောဒီးယားက ပြင်သစ်ကိုလိုနီလက်အောက်ရောက်ခဲ့တာဆိုတော့ ပြင်သစ်အဆောက်အအုံတွေရယ်၊ တရုတ်ရှေးဟောင်းအဆောက်အအုံတွေရယ်၊ ကမ္ဘောဒီးယားရှေးဟောင်းအဆောက်အအုံတွေရယ်ကို ၃နေရာခွဲပြီး တစ်နေရာနဲ့တစ်နေရာ ဆိုက်ကားတွေနဲ့ပို့ပေးတာ။ တစ်နေရာရောက်ရင် လမ်းဆင်းလျှောက်ပြီး ဂိုက်က စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ လိုက်ရှင်းပြတယ်။ အိမ်ကြိုအိမ်ကြား လမ်းကြို လမ်းကြားလျှောက်သွားရတော့ ဖနွမ်းပင်မြို့ရဲ့ လူနေမှုဘဝအစစ်အမှန်တွေ တွေ့ခဲ့ရတယ်။ နယ်ခံတွေနဲ့ တသားထဲကျသလိုခံစားရတဲ့ အစီအစဉ်ပေါ့။ ရန်ကုန်မှာလည်း ပန်းဆိုးတန်း၊ တရုတ်တန်းနဲ့ သိမ်ဖြူဘက်ကို အဲ့လို ဆိုက်ကားနဲ့ လိုက်ပြရင် ပိုတောင်စိတ်ဝင်စားဖို့ကောင်းဦးမယ်ထင်တယ်။

edf
Shopping
ဈေးတွေကတော့ Central Marketနဲ့ Russian Market ဆိုတာရှိတယ်။ Central Market ကတော့သူတို့ရဲ့ ဗဟိုဈေးပေါ့။ တကယ့်ဈေးလိုပါပဲ။ ကုန်စိုတွေရော ကုန်ခြောက်တွေပါရောင်းနေတာ။ Russian Market မှာကြတော့ သူတို့ဆီမှာ လာချုပ်တဲ့ World wide brand တွေရဲ့ စက်ရုံကျ အထည်တွေကို ဈေးပေါပေါနဲ့ရနိုင်ပြီး အမှတ်တရ ပစ္စည်းတွေလည်း ရောင်းတယ်။ Shopping Center အနေနဲ့ကတော့ သူတို့ဆီမှာ အကြီးဆုံး AEON Mall ဆိုတာရှိတယ်။ အဲ့မှာဝယ်လို့ရတယ်။

edf
Nightlife
သမိုင်းတွေ ရာဇဝင်တွေလေ့လာပြီးတဲ့အခါ ခေတ်မီတိုးတက်တဲ့ နေရာတွေဆီသွားပြီး မွန်းကျပ်နေတာတွေ ဖြေဖျောက်ရမှာပေါ့။ ဖနွမ်းပင်ရဲ့ နောက်ဆုံးညမှာ ဖနွမ်းပင်ရဲ့ အကြီးဆုံး AEON mall ရယ်၊ အသစ်ဖွင့်လိုက်တဲ့ Night Market ဖြစ်တဲ့ Jet’s container market ရယ်ရောက်ခဲ့တယ်။ Bar တွေ၊ Club တွေ၊ စားသောက်ဆိုင်တွေများတော့ အဲ့မှာတော့လူငယ်တွေနဲ့ စည်မှစည်ရယ်။ ကမ္ဘောဒီးယားလူငယ်တွေ တွေ့ချင်အဲ့သွားလို့ ပြောရမယ်။ Street Foods တွေ မြည်းစမ်းချင်ရင်တော့ အရင်ကတည်းကရှိခဲ့တဲ့ Night Market ကိုသွားပါလို့။

edf

 Siem Reap

ရှေးဟောင်းဘုရားကျောင်းတွေ အများကြီးရှိလို့ ကျွန်မတို့ဆီက ပုဂံနဲ့ ညီအစ်မမြို့တော်ထားတဲ့ မြို့တော်ကြီးပါ။ အဲ့ဒီက ဘုရားကျောင်းတွေ သွားလည်ဖို့ Angkor Pass ဆိုတဲ့ လက်မှတ်ဖြတ်ရပါတယ်။ တစ်ရက်ကို ၃၇ဒေါ်လာ၊ ၃ရက်ကို ၆၂ဒေါ်လာနဲ့ ၇ရက်ကို ၇၂ဒေါ်လာ ပေးရပါတယ်။ လက်မှတ်ကို လက်မှတ်ရုံမှာ သွားထုတ်ရပြီး ကိုယ့်ဓာတ်ပုံနဲ့ တစ်ခါတည်းရိုက်ထုတ်ပေးပါတယ်။ နုမြတ်တို့ကတော့ ၃ရက်လက်မှတ်ဖြတ်လိုက်ပါတယ်။ အများစုကတော့ ၁ရက်လက်မှတ်ပဲ ဖြတ်ပြီး ဘုရားကျောင်းတွေကို ၁ရက်ထဲ အပြီး လည်ကြပါတယ်။ လက်မှတ်ကို ကိုယ်နဲ့မကွာဆောင်ထားဖို့၊ မပျောက်ဖို့ အရေးကြီးပါတယ်။ ဘုရားကျောင်းတွေ အဝင်မှာ လက်မှတ်စစ်ဆေးလေ့ရှိလို့ပါ။

edf

Angkor Wat

အန်ကောဝပ်ကတော့ ကမ္ဘာ့အကြီးဆုံး ကျောင်းဆောင်ကြီးဖြစ်သလို ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်ထဲကတစ်ခု (Ancient Wonder of the World) လည်းဖြစ်ပါတယ်။ ခမာတို့ရဲ့အကောင်းဆုံး ဗိသုကာလက်ရာ၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာဖြစ်လို့ ကမ္ဘောဒီယား အလံမှာတောင် အန်ကောဝပ်ကျောင်းတော်ကြီးပုံကို ထည့်ထားတာတွေ့ရတယ်။ နိုင်ငံတော်အလံမှာ အဲ့လို Landmark ထည့်ထားတာ သူနဲ့ အာဖဂန်နစ္စတန်ပဲရှိမယ်ထင်တယ်။

img1506506064606
Angkor ဆိုတာ City တဲ့။ Wat ဆိုတာက Temple ဆိုတော့ City of Temple ဘုရားကျောင်းမြို့တော်လို့ အဓိပ္ပါယ်ရတယ်။ မြို့တော်ဆိုတဲ့အတိုင်း ကျောင်းဝင်းကြီးကို ကျုံးတွေ၊ မြို့ရိုးတွေ ပတ်လည်ဝိုင်းထားတာတွေ့ရတယ်။ စဆောက်ဆောက်ချင်းကတော့ ဗိဿနိုးနတ်မင်းကြီးကို ပူဇော်ထားတဲ့ ဟိန္ဒူကျောင်းတော်ကြီးဖြစ်ပေမဲ့ အခုအခါမှာတော့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးပါ။
အပေါ်ဆုံးအဆင့်ကိုတက်ဖို့က လူအကန့်အသက်နဲ့တက်ရတာကြောင့် တန်းစီရပါတယ်။ မတ်လည်းမတ်လို့ လူကြီးတွေ မတက်သင့်ပါဘူး။ အပေါ်ဆုံးကနေတော့ အန်ကောဝပ်ပတ်လည်က ရှုခင်းတွေ မြင်နိုင်ပါတယ်။

Angkor Thom
အန်ကောသုမ်လို့ခေါ်တဲ့ မြို့ဟောင်းကြီးမှာ မြို့ရိုးလေးဘက်ရှိပြီး မြို့ရိုးဂိတ်ကကျတော့ အရှေ့ဘက်မှာ ဂိတ်၂ခုရှိနေလို့ စုစုပေါင်း ဂိတ်၅ခုရှိပါတယ်။ တောင်ဘက်ဂိတ်က အန်ကောဝပ်နဲ့နီးတော့ လူသွားလူလာများပြီး စည်ကားတယ်။ အရှေ့ဘက်ကတော့ အေးအေးဆေးဆေးရှိတယ်။ နုမြတ်တို့ကတော့ Gate of the Dead လို့ခေါ်တဲ့ အဲ့ခေတ်က လူသေအလောင်းတွေကို မြို့ပြင်ထုတ်ရာ အရှေ့ဘက်ဂိတ်ကနေ Victory Gate လို့ခေါ်တဲ့ နောက်ထပ် အရှေ့ဘက်ဂိတ်အထိ မြို့ရိုးပေါ်ကနေ လျှောက်သွားဖြစ်ခဲ့တယ်။
မြို့ရိုးတစ်ဖက်ကို ၃ကီလိုမီတာ(၁.၉မိုင်) ရှိလို့ စတုရန်းမိုင်ပေါင်း ၃.၄မိုင်ရှိတဲ့မြို့ဟောင်းကြီးထဲမှာ ဘုရားကျောင်းတွေ အများကြီးရှိတော့ ပုဂံရောက်နေသလိုတောင် ခံစားရတယ်။

cof

Bayon Temple
အန်ကောသုမ်မြို့ဟောင်းကြီးရဲ့ အလည်တည့်တည့်မှာ ရှိနေပြီး အရပ်လေးမျက်နှာကို မျက်နှာမူနေတဲ့ ရုပ်တုကြီးတွေကြောင့် နာမည်ကျော်တဲ့ ဘုရားကျောင်းကြီးပါ။ ခမာဘုရင် ဂျာယာဗာမန်ကြီးကို ရည်စူးဆောက်လုပ်ထားတဲ့ ဘုရားကျောင်းမို့လို့ ဒီမျက်နှာကြီးတွေက ဘုရင်ကြီးရဲ့ မျက်နှာဖြစ်မယ်လို့ယူဆထားကြပါတယ်။ မျက်နှာတော်က ခပ်ပြုံးပြုံုးနဲ့ မျက်လုံးမှိတ်ထားကာ အရာရာကို တတ်သိနားလည် ငြိမ်းအေးနေတဲ့သဏ္ဏာန်ဖြစ်နေပါတယ်။ အရပ်လေးမျက်နှာလှည့်နေတဲ့ မျက်နှာတော်ရုပ်တုကြီး ၅၀ခုရှိတာကြောင့် မျက်နှာတော်က ၂၀၀ ရှိနေပါတယ်။ အဲဒီတော့ကျောင်းဆောင်ကြီးပေါ် ဘယ်နေရာကြည့်ကြည့် မျက်နှာတော်တွေ မြင်ရပြီး ဆန်းကြယ်လှပါတယ်။

IMG_20170926_164613-02 - Copy - Copy.jpeg

Terrace of Elephants
ကျောက်တုံးကြီးတွေ နေရာအနှံ့ ပြန့်ကျဲနေတဲ့ ဒီနေရာဟာလည်း ကမ္ဘောဒီးယား ရှေးဟောင်းမြို့တော်ကြီးထဲက အထင်ကရနေရာတစ်ခုပါပဲ။ ရှေးခေတ်ခမာဘုရင်ရဲ့ ပွဲကြည့်စင်ကို ဆင်ရုပ်ကြီးတွေနဲ့ တောက်လျှောက်ပုံဖော်ထားတာ။ အဲ့ဝင်းအထဲမှာ နေရာအနှံ့ ပြန့်ကျဲနေတဲ့ ကျောက်တုံးကြီးတွေရယ်၊ ခလယ်က ကျောင်းဆောင်ကြီးဆီ တန်းတန်းကြီး ရောက်သွားတဲ့ လျှောက်လမ်းရယ်နဲ့ ပတ်ဝန်းကျင် အမြင်ဆန်းကြယ်လှပါတယ်။ ဒီဝင်းထဲမှာ အရင်က ဘုရင့်နန်းတော်ရှိခဲ့ပေမဲ့ အုတ်မြစ်ရာ မတွေ့တာကြောင့် သစ်နဲ့ဆောက်ခဲ့တဲ့ နန်းတော်ဖြစ်မယ်တဲ့လေ

Taphrom Temple
Tomb Raider ဘုရားကျောင်းလို့နာမည်ကြီးတဲ့ကျောင်းဆောင်ကြီးပါ။ Holloywood မင်းသမီး အင်ဂျလီနာ ဂျိုလီပါတဲ့ Lara Croft : Tomb Raider ဇာတ်ကားက ဒီကျောင်းမှာရိုက်ထားတာ။ အဲ့ကားလည်းထွက်ပြီးရော Cambodia ကို လူသိပိုများလာပြီး Tourisim လည်း အရမ်းတိုးတက်လာတာတဲ့။
သစ်ပင်ကြီးတွေ ဝါးမြိုနေတဲ့ Ta Prohm ဘုရားကျောင်းဝင်းက တကယ်ထူးခြားပါတယ်။ ၁၂ရာစုတုန်းကဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးကို အဲ့ခေတ်က ဘာသာရေးဆိုင်ရာ သင်ကြားပေးတဲ့ကျောင်းအဖြစ်ရော၊ တိုင်းရင်းဆေးတွေပြုလုပ်တဲ့နေရာအဖြစ်ရော အသုံးပြုခဲ့ကြတာတဲ့။ အခုတော့ အပင်ကြီးတွေက ရှေးဟောင်းအဆောက်အအုံတွေကို ဝါးမြိုနေသလိုဖြစ်နေတာက အမြင်အရမ်းဆန်းတာပဲ။ ကိုယ်တွေဆီမှာလည်း အဲ့လိုနာမည်ကြီး Hollywood ကားတစ်ကားလောက် လာရိုက်ရင်ကောင်းမယ်နော်။ ဒါမှ မြန်မာနိုင်ငံရဲ့ အလှတွေ ကမ္ဘာကပိုသိမှာ။

IMG_20170926_160532-01.jpeg

Sunset Boat Ride
နေဝင်ချိန်ကို အန်ကောသုမ်ရှေးဟောင်းမြို့တော်ကြီးရဲ့ ကျုံးကြီးမှာ လှေစီးရင်း ခံစားနိုင်ပါတယ်။ ကျုံးက တချို့ဘက်အခြမ်းတွေမှာတော့ ရေခမ်းနေပါပြီ။ ရေရှိတဲ့ဘက်မှာ စီးရတာပါ။ စီးချိန်တစ်နာရီလောက်ကြာလို့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းအချင်းချင်း စကားတပြောပြော ဝိုင်နဲ့ ဘီယာလေးသောက်ရင်း ရှုခင်းလေးကြည့်ရင်း သဘာဝအလှကို ခံစားနိုင်ပါတယ်။

IMG_20170926_172336-01.jpeg

Phare: The Cambodian Circus
ညဘက်မှာ သွားကြည့်ရှုသင့်တဲ့ ဆပ်ကပ်ပွဲပါ။ ရန်ကုန်မှာ ပြသွားတဲ့ ရွှေဒေါင်းဆပ်ကပ်နဲ့ ဆင်ပါတယ်။ ဖျော်ဖြေမှုတွေကတော့ ကွဲတာပေါ့လေ။ ကမ္ဘောဒီးယားလူမျိုးတွေချည်း ဖျော်ဖြေကပြခဲ့တဲ့ ဆပ်ကပ်လေးက တကယ်ချစ်စရာပါ။ အံ့အားသင့်စရာလည်းကောင်းပါတယ်။ ညဘက်အားရင် သွားကြည့်သင့်ပါတယ်။ လက်မှတ်ဈေးနှုန်းက နေရာပေါ်မူတည်ပြီး 18$, 28$နဲ့ 38$ ဆိုပြီးရှိပါတယ်။ ညဘက်၈နာရီတိုင်း ကပြဖျော်ဖြေပါတယ်။ ဆပ်ကပ်ဝင်းထဲမှာ စားသောက်ဆိုင်ရှိပြီး ဆပ်ကပ်မကြည့်ခင် တစ်ခါတည်း ညစာ စားလို့ရပါတယ်။

IMG_20170926_205405-01.jpeg

Market
နေ့လည်ဆို Old Market ညဆို Angkor Night Market နဲ့ Noon Night Market သွားပါ။ ညဘက်မှာ Pub Street ကလည်း စည်ပါတယ်။ Shopping Mall ဆိုရင်တော့ Old Market နားမှာ Angkor Trade Center ဆိုတာရယ် Lucky Mall ဆိုတာရယ် ရှိပါတယ်။

edf

တခြားလည်စရာတွေ
Siem Reap ကနေ ၁နာရီခွဲလောက်မောင်းရင်ရောက်တဲ့ Phnom Khlen ရေတံခွန်ကြီးက တောင်ပါ်မှာ ရှိပြီး ကြီးမားလှပပါတယ်။
နာရီဝက်လောက်မောင်းရင်ရောက်တဲ့ Tonle Sap ရေကန်ကြီးကတော့ အရှေ့တောင်အာရှမှာ အကြီးဆုံးရေကန်ကြီးပါ။ ရေကန်ကြီးက ကျယ်တော့ ရေတွေက မျက်စိတစ်ဆုံးပဲ။ ရေပေါ်ရွာလေးလည်းရှိတော့ ရေကန်ထဲ လှေစီးပြီး သွားလည်နိုင်ပါတယ်။

IMG_20170927_160443-01 - Copy - Copy.jpeg

ဗီဇာလိုလား

ASEAN နိုင်ငံသားအချင်းချင်းမို့လို့ Visa မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ Passport သက်တမ်းကတော့ အနည်းဆုံး ၆လကျန်နေရပါမယ်။

DCIM104GOPROGOPR5650.JPG
DCIM104GOPROGOPR5650.JPG

ဘယ်လိုသွားခဲ့လည်း

အခုဆိုရင် ရန်ကုန်ကနေ မြို့တော် ဖနွမ်းပင်ဆီ တိုက်ရိုက်ပြေးဆွဲနေလို့ လေယာဉ်စီးချိန် ၂နာရီပဲကြာပါတယ်။ Emirates Airlines က ရန်ကုန်ကနေ ည ၇နာရီအသွား ဖနွမ်းပင်ကို ည ၉နာရီခွဲ အရောက်နဲ့ ဖနွမ်းပင်ကနေဆိုရင် ည 11:10 နာရီအသွား ရန်ကုန်ကို သန်းခေါင်ကျော် 12:40နာရီအရောက် daily flight ရှိပါတယ်။
လေယာဉ်က အထဲဝင်လိုက်တာနဲ့ Wow ကနဲ ဖြစ်သွားရလောက်အောင် အမိုက်စားပါ။ အာဆီယံနိုင်ငံအတွင်း ပြေးဆွဲနေတဲ့ လေယာဉ်တွေထဲ ဒီလောက်ကြီးတဲ့ လေယာဉ်မစီးဖူးပါ။ သူက ဖနွမ်းပင်ကနေ Europe နိုင်ငံတွေဆီသွားတဲ့ လေယာဉ်တဲ့။ ရန်ကုန်မှာ ခဏရပ်ပြီး ဧည့်သည်အတင်အချလုပ်တာဆိုတော့ လေယာဉ်အကြီးစားသုံးထားပါတယ်။ တစ်တန်းမှာ ၁၀ယောက်ဆန့်ပြီး ကိုယ်ပိုင် Monitor နဲ့ နောက်ဆုံးပေါ်ရုပ်ရှင်ကားတွေဆို အပြည့်။ ကြိုက်တာရှာကြည့်လို့ရတယ်။
နုမြတ်က အသွားတုန်းက Economy Class နဲ့ အပြန်မှာတော့ Business Class ပါ။ Economy တောင် ဒီလောက်ကောင်းနေတာ Business ကတော့ ပြောစရာ မလိုအောင် Service ကောင်းပါတယ်။ Facility ကလည်း အပြည့်။ လေယာဉ်ချိန်တိုတာကိုတောင် အားမရတဲ့အထိကို ဇိမ်ကျခဲ့တာပါ။ ဖနွမ်းပင်မှာရှိတဲ့ Business Lounge ကလည်း အမိုက်စား။ လေယာဉ်မထွက်မီ Lounge မှာ အေးဆေးထိုင်ပြီး ကောင်းကောင်းစား၊ ကောင်းကောင်း အနားယူလို့ရခဲ့တယ်။

DCIM104GOPROGOPR5840.JPG
ဖနွမ်းပင်ကနေ ဆီယမ်ရိ(ပ်)ကိုတော့ Local Airline နဲ့ သွားခဲ့တယ်။ မိနစ် ၄၀ပဲကြာတယ်။ ကားနဲ့လည်း သွားလို့ရတယ်။ ကားနဲ့ဆိုရင် ၆နာရီလောက်တော့ကြာတယ်။ နုမြတ်ပထမတစ်ခေါက်တုန်းကတော့ ကားဌားပြီး သွားခဲ့တယ်။ အချိန်တော့တော်တော်ကုန်တယ်။

ဘယ်မှာတည်းခဲ့လည်း

ဒီတစ်ခေါက် ကမ္ဘောဒီးယားခရီးစဉ်မှာတော့ နှစ်မြို့လုံးမှာ Raffles Hotel မှာတည်းခဲ့ပါတယ်။ Raffles Hotel Le Royal နဲ့ Siem Reap မှာတော့ Raffles Grand De Angkor မှာတည်းခဲ့တာပါ။ ရှေးဟောင်းအဆောက်အအုံတွေကို 5 star ဟိုတယ်ဖွင့်ခဲ့တာဆိုတော့ ဟိုတယ်က ခမ်းနားပါတယ်။ အမေရိကန်သမ္မတ အိုဘားမားတည်းခဲ့တဲ့ အခန်းတောင် တွေ့ခဲ့ရပါတယ်။ အချက်အခြာကျတဲ့ နေရာမှာရှိပြီး Breakfast ကလည်း အတော်စုံပါတယ်။ ဆီယမ်ရိ(ပ်)က ဟိုတယ်က ဓာတ်လှေကားဆို နှစ်ပေါင်းရာချီနေတဲ့ ရှေးဟောင်းဓာတ်လှေကား ဖြစ်ပြီး သဘောကျစရာကောင်းပါတယ်။ Cambodia မှာ ဈေးသက်သာပြီး ၀န်ဆောင်မှုကောင်းတဲ့ ဟိုတယ်တွေလည်း အများကြီး ရှိပါသေးတယ်။

edf

ဘာတွေစားခဲ့လည်း

အာရှနိုင်ငံဆိုတော့ အစားအစာတွေက ကိုယ်တွေနဲ့ ခပ်ဆင်ဆင်တော့တူတယ်။ ဆီပြန်ဟင်းတွေ၊ အသုပ်တွေ၊ အရွက်ကြော်တွေရှိတယ်။ အစပ်လည်းစားကြတယ်။
Fish Amok လို့ခေါ်တဲ့ ငါးအုန်းနို့ဟင်း ကတော့ ကမ္ဘောဒီးယားမှာ အထင်ရှားဆုံးရိုးရာ အစားအစာ။ အုန်းနို့စိမ့်စိမ့်လေးနဲ့ ဖက်ထဲ၊ အုန်းမုန့်ခွက်ထဲ ထည့်ချက်ထားတဲ့ ငါးပေါင်းလေးက အရသာလည်းကောင်းတယ်။
လမ်းဘေးအစာတွေအနေနဲ့ ခရုနဲ့ Insects မျိုးစုံရောင်းနေတာတွေ့ခဲ့တယ်။ ပထမတစ်ခေါက်သွားတုန်းက ထူးထူးဆန်းဆန်း ပင့်ကူကြော်ဆိုတာ စားခဲ့ရသေးတယ်။ အမွှေးကြမ်းကြမ်းနဲ့ ပင့်ကူ အကြီးစားပေါ့။ မစားဖူးလို့သာစားတာ။ ခါးသက်သက်နဲ့ မကြိုက်လှပါဘူး။

edf
ကဲဒီလောက်ဆိုရင်တော့ Cambodia အကြောင်းအတော်သိသွားလောက်ပါပြီနော်။ တစ်ခုသတိထားဖို့က ဘုရားကျောင်းဆောင်တွေ သွားလည်တဲ့အခါ အတိုအပြတ်တွေ ၀တ်မသွားဖို့ပါ။ ဖိနပ်တော့ စီးလို့ရပါတယ်။ Siem Reap မမမှာ လမ်းလျှောက်ရမှာ များလို့ Walking shoe ၀တ်တာအကောင်းဆုံးပါ။ ရာသီဥတုက မြန်မာလိုပဲ ပူလို့ အေးမြတဲ့ အသားတွေဝတ်ပါ။ ရေဆောင်သွားပါ။
အားလုံးကျေးဇူးတင်ပါတယ်။
နုမြတ်

Written  by- Dr.Nu Myat Theingi Oo

Photos by Dr.Nu Myat Theingi Oo

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. (Cruise on Nile, the Longest River on Earth)

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. 🚢

1967-01

🌍World’s Longest River
ဧရာဝတီမြစ်ကြီးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောမြစ်ဖြစ်သလို နိုင်းမြစ်ကလည်း အီဂျစ်တို့ရဲ့ အသက်သွေးကြောမြစ်ပါ။ နိုင်းမြစ်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ်ဖြစ်ပြီး မိုင်ပေါင်း ၄၁၆၀မိုင်အထိ ရှည်လျားပါတယ်။ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၅၀ရှည်တော့ ဧရာဝတီထက် သုံးဆကျော်ပိုရှည်လျားတာပေါ့။ ဒါပေမဲ့ ဧရာဝတီမြစ်က ကျွန်မတို့မြန်မာတစ်နိုင်ငံထဲမှာပဲ တည်ရှိတဲ့ တစ်နိုင်ငံထဲပိုင် အမိမြစ်ကြီးပါ။ နိုင်းမြစ်ကတော့ အီဂျစ်တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေပေမဲ့ မြစ်ရဲ့ ၂၂ရာခိုင်နှုန်းသာ အီဂျစ်မှာတည်ရှိနေတာပါ။ နိုင်းမြစ်ဖြတ်သန်းစီးဆင်းတဲ့ နိုင်ငံပေါင်း ၁၀နိုင်ငံတောင်ရှိတာတဲ့။ တောင်ပိုင်းမှာရှိတဲ့ ဘရူရွန်ဒီနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ဖြူနဲ့ အီသိယိုးပီးယားနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ပြာ ၂စင်းဟာ ဆူဒန်နိုင်ငံအရောက်မှာ နိုင်းမြစ်ကြီးအဖြစ် ပေါင်းဆုံစီးဆင်းပြီး နောက်ဆုံးမှာတော့ အီဂျစ်နိုင်ငံကနေဖြတ်ပြီး မြေထဲပင်လယ်ထဲသို့ စီးဝင်သွားတာပါတဲ့။

⬆South to North

နောက်ထူးခြားတာတစ်ခုက နိုင်းမြစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်အများစုလိုမျိုး မြောက်မှတောင်စီးဆင်းတာမဟုတ်ဘဲ တောင်တန်းများရှိရာ တောင်မှမြောက်ကို စီးဆင်းလို့ မြစ်ဖျားပိုင်းရှိရှာ တောင်ပိုင်းကို အီဂျစ်အထက်ပြည်၊ မြစ်အောက်ပိုင်းရှိရာ မြောက်ပိုင်းကို အီဂျစ်အောက်ပြည်လို့ သတ်မှတ်ခေါ်ဝေါ်ထားကြတာပါတဲ့။

2114-01.jpeg

◼Black Land

နောက်ပြီး နိုင်းမြစ်က အီဂျစ်နိုင်ငံ သမိုင်းတလျှောက် တကယ်ကို အရေးပါခဲ့တာ။ နိုင်းမြစ်ကိုမှီပြီး အီဂျစ်ပြည်ဖြစ်လာတယ်ဆိုရင်လည်း မမှားဘူး။ အီဂျစ် နိုင်းမြစ်ကမ်းဘေးတလျှောက် နိုင်းမြစ်ရေလျှံပြီးနောက် ကျန်ခဲ့တဲ့နုန်းမြေတွေက အရမ်းစိုက်ပျိုးဖြစ်ထွန်းတာတဲ့လေ။ နိုင်းမြစ်ကိုမှီပြီး ရှေးခေတ်နှစ်ပေါင်းများစွာတိုင် အင်ပါယာကြီးမားခဲ့တဲ့ အီဂျစ်ပြည်နဲ့ အီဂျစ်ယဉ်ကျေးမှုကြီးပေါ်ထွန်းခဲ့တာပါ။ နုန်းမြေတွေရှိတဲ့ မြစ်ဝှမ်းဒေသတွေကို အနက်ရောင်မြေလို့ခေါ်ကြပြီး မြစ်ကမ်းနဲ့ဝေးတဲ့ သဲကန္တာရတွေကိုတော့ အနီရောင်မြေဟုခေါ်ပါသတဲ့။ အီဂျစ်ဆိုတဲ့အမည်က အနက်ရောင်မြေလို့ အဓိပ္ပါယ်ရတာဆိုတော့ကာ ဒီဟာကိုအစွဲပြုပြီး မှည့်ခေါ်ခဲ့ခြင်းဖြစ်မှာပါ။

699-01

🛳Tourism Icon

နိုင်းမြစ်က အီဂျစ်ပြည်ရဲ့စိုက်ပျိုးရေးကဏ္ဏမှာသာ အရေးပါရုံတင်မက မျက်မှောက်ခရီးသွားခေတ်မှာ ခရီးသွားကဏ္ဏမှာလည်း အလွန်အရေးပါနေတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ နှစ်သစ်ကူးကာလတုန်းက Tour Diamond ခရီးစဉ်နဲ့ အီဂျစ်နိုင်ငံကို ၇ညအိပ်၈ရက် သွားရောက်လည်ပတ်ခဲ့တုန်းက အဲဒီ့နိုင်းမြစ်တလျှောက် အပျော်စီးသင်္ဘောပေါ် ၃ညတာအနားယူအိပ်စက်ပြီး အီဂျစ်နိုင်ငံ ရှေးဟောင်းမြို့တော်တွေဆီကို တစ်မြို့ဝင်တစ်မြို့ထွက် ကမ်းကပ်ကာ သွားရောက်လည်ပတ်ဖြစ်ခဲ့တာကြောင့်ပါ။ အရင်ဆုံးမြို့တော်ကိုင်ရိုကနေ သင်္ဘောတွေဆိုက်ကပ်ရာ အာစွမ်န်(Aswan)မြို့ဆီကို ညအိပ်ရထားနဲ့ သွားရောက်ပြီး အဲ့ကနေတဆင့် ခရီးစဉ်အဆုံးဖြစ်တဲ့ လပ်ဆွာ(Luxor) မြို့ဆီကို တောင်ကနေမြောက် နိုင်းမြစ်တလျှောက် ၄ရက်တာ စုံဆင်းခဲ့တာပါ။

1012-01

🏞Nasser Lake

ဒီသင်္ဘောခရီးစဉ်တလျှောက်မှာ အီဂျစ်တစ်နိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်စွမ်းအားကို ထုတ်လုပ်နေပြီး ကမ္ဘာ့အကြီးဆုံးရေကာတာတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ အာစွမ်န်ရေကာတာကို ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဒီရေကာတာဆောက်လုပ်လို့ နိုင်းမြစ်မှာ ကမ္ဘာ့အကြီးဆုံးလူတို့ပြုလုပ်တဲ့ရေကန်ဖြစ်တဲ့ နာဆာရေကန် ကိုဖြစ်ပေါ်စေခဲ့ပါတယ်။

777-01

🏛Attractions along Nile River

အာစွမ်န်မြို့မှာ ရေကာတာအပြင်
-နာဆာရေကန်ကို မျက်နှာမူပြီး တည်ဆောက်ထားတဲ့ ဖီလေး(Philae)ဘုရားကျောင်း၊
-နာဆာကန်စပ်မှာရှိပြီး အီဂျစ်နိုင်ငံရဲ့ အလွန်ကျော်ကြားလှတဲ့ အဘူဆင်ဘဲလ်(Abu Simbel)ဘုရားကျောင်း၊

(ဒီဘုရားကျောင်း ၂ခုရဲ့ မူလနေရာတွေက နာဆာရေကန်ဖြစ်ပေါ်လာပြီးနောက် ရေဖုံးလွှမ်းသွားလို့ ရေ လွတ်ရာကို ရှေးလက်ရာမပျက်ပြောင်းခဲ့ရတာတဲ့။ အဲဒီ ဘုရားကျောင်းတွေ အကြောင်း နောက်မှ Post သက်သက် ရေးတင်ပေးမယ်)

20161231_155504-01-011376-01

-ကိုမိုဘို(Komobo)မြို့မှာဆိုရင် ရှေးခေတ်ပုရိသတွေကြား ကျော်ကြားခဲ့တဲ့ ကလီယိုပါထရာဘုရင်မ တည်ဆောက်ခဲ့ပြီး ရှေးခေတ်က ဆေးရုံအဖြစ်အသုံးပြုခဲ့တဲ့ ကိုမိုဘိုဘုရားကျောင်း
(အဲ့ခေတ်က အသုံးပြုတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရယ်၊ ကလီယိုပက်ထရာ ဘုရင်မပုံရယ် နံရံမှာထွင်းထားတာကိုတွေ့နိုင်တယ်။ မိကျောင်းကိုးကွယ်တဲ့ ဘုရားကျောင်းမို့လို့ မိကျောင်းမာမီတွေလည်း အများကြီးတွေ့ခဲ့တယ်)

20170101_170900-01-01

-အက်ဒ်ဖူမြို့မှာ အာဖရိကရိုးရာမြင်းလှည်းတွေကို အသုံးပြုသွားရောက်ရတဲ့ အက်ဒ်ဖူ(Edfu)ဘုရားကျောင်း
(အဲ့မှာ Gods of Egypt ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေ နံရံမှာ ထွင်းထုထားသလို၊ နှစ်ပေါင်းထောင်ချီတိုင်အောင် အနံ့မပြယ်သေးတဲ့ ရေမွှေးထုတ်တဲ့ အခန်းရှိတယ်)

Snapseed-7_new.jpg

-လပ်ဆွာ(Luxor)မြို့မှာ နိုင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းတွေမှာရှိတဲ့ ထူးခြားခံ့ညားသော ရှေးဟောင်းအဆောက်အအုံတွေဆီကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။
(လပ်ဆွာမြို့မှာ တူတန်ခမမ်ဘုရင် နဲ့ ခေတ်အဆက်ဆက်ဖာရိုဘုရင်တွေရဲ့ မာမီရုပ်အလောင်းတွေ မြှုပ်ထားရာ Valley of Kings အပါအဝင်တခြား ထူးဆန်းတဲ့နေရာတွေရောက်ခဲ့ပြီး မြို့အပေါ်စီးကနေမြင်ရတဲ့ မီးပုံးပျံလည်း စီးခဲ့လို့ အဲ့မြို့အကြောင်းကိုလည်း ဆောင်းပါး သပ်သပ်ခွဲရေးပေးပါဦးမယ်။ )

IMG_2400.JPG

⛴Watergates

သင်္ဘောခရီးစဉ်တလျှောက်မှာ နိုင်းမြစ်ရဲ့ ရေအနက်မညီမျှမှုကိုချိန်ညှိတဲ့ ရေတံခါးတွေကိုလည်း ဖြတ်သန်းခဲ့ရပါသေးတယ်။ ဒီရေတံခါးတွေရဲ့ ရေပြင်ချိန်ညှိမှုက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ရေဂါလံတန်ပေါင်းများစွာကို ထိန်းညှိပြီး သင်္ဘောတွေကို ဖြတ်သန်းသွားစေတဲ့အပြင် နှစ်စဉ်ရေကြီးမှုကိုပါထိန်းညှိပေးပါသတဲ့။

1244-01

This slideshow requires JavaScript.

⛵Feluuca Local Yatch

နိုင်းမြစ်မှာ အပျော်စီးသင်္ဘောတွေအပြင် ဒေသခံတို့ရဲ့ရွက်လှေ FELUUCA စီးခဲ့ရပါသေးတယ်။ ကျွန်မတို့စီးတဲ့ အချိန်က လေမတိုက်လို့ ရွက်လွှင့်လို့မရဘဲ ရှေ့က စက်လှေတစ်စီးကနေဆွဲပေးရတာကြောင့် ရွက်လှေမဟုတ်ဘဲ ဆွဲလှေဖြစ်ခဲ့ရတာလည်း ရယ်စရာပါ။ လှေပေါ်ကနေ မြစ်ရေကို ကိုင်ကြည့်ရာမှာ အေးစိမ့်နေတာပဲလေ။ နေ့လည်ခင်းကြီး နေပူထဲတောင် အေးစိမ့်နေတော့ ညဘက်ဆို မတွေးရဲဘူး။ စက်လှေနဲ့ နေဝင်ချိန် အလှကိုခံစားခဲ့သေးတယ်။ နေဝင်ချိန်ကတော့ တကယ်ကိုလှတာပါ။ ပုစွန်ဆီရောင် တောက်နေတဲ့ ကောင်းကင်နောက်ခံနဲ့ နိုင်းမြစ်ကြီးက တကယ့်ပန်းချီကားလိုပဲ။ မြစ်ကိုဖြတ်သန်းလာတဲ့ လေတွေကလည်း အရမ်းကို Fresh ဖြစ်တာ။ အဲ့အချိန်ကာလတွေ နောက်ပြန်ရွေ့ပြီး ရှေးခေတ်ရောက်သွားသလိုလို သဘာဝနဲ့ တစ်သားတည်းကျနေတာ…

2061-02

2070-01
.
အဆုံးသတ်ရမယ်ဆိုရင်တော့ နိုင်းမြစ်အတွင်း အပျော်စီးသင်္ဘောတွေကို ရက်တိုရက်ရှည်၊ သင်္ဘောအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်နိုင်လို့ အီဂျစ်နိုင်ငံရောက်ခဲ့ရင် နိုင်းမြစ်တွင်း အပျော်စီးသင်္ဘောတွေကို မဖြစ်မနေစီးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

1997-01

စိတ်ဝင်တစားဖတ်ရှုလို့ ကျေးဇူးတင်ပါတယ်။ အခြားပြည်တွင်းပြည်ပ ခရီးစဉ်တွေကို ဖော်ပြပေးနေလို့ Nu Myat around the World page ကို Like လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/numyataroundtheworld/

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ
နုမြတ်
http://www.numyataroundtheworld.com

Nu Myat
#PyiMyanmarJournal
#NuMyataroundtheWorld
#TourDiamond
#Egypt #NileRiver

NileRiver

ကိန္ဒရီ ကိန္ဒရာမြို့တော်လွိုင်ကော်ရောက် နေ့ရက်များ… (Kayah, the land of Kayan- Long neck hill tribe of Myanmar)

ကိန္ဒရီ ကိန္ဒရာမြို့တော်လွိုင်ကော်ရောက် နေ့ရက်များ…

1138.JPG
Triplet me in Kayan outfit

ကြေးကွင်းစွပ် ကယန်း(ပဒေါင်)လူမျိုးတွေရဲ့ ရွာ…. ပဟေဌိဆန်ဆန် အခေါင်းတွေ ပြည့်နေတဲ့ ကြတ်ဂူ… ထီးပွင့်လိုရေတွေပွက်ပွက်လာတဲ့ ထီးပွင့်ကန်… ထူးဆန်းအံ့သြဖွယ်ရာ တောင်ကွဲစေတီရှိတဲ့ ရှေးဟောင်းဒဏ္ဏာရီလာ ဒွေးမယ်နော်တို့ပျော်စံရာ ကယားပြည်နယ်မှာ လည်စရာတွေ ထင်ထားတာထက်ပိုများနေပါတယ်။
၂ညအိပ် ၃ရက် Non Stopသွားတာတောင် လည်စရာမကုန်နိုင်ပါ။ အေးအေးဆေးဆေးနဲ့ နေရာ စုံသွားချင်ရင် ၃ညအိပ် ၄ရက် Or ၄ညအိပ်၅ရက်မှ အဆင်ပြေမှာပါ။
ကဲ..နုမြတ်နဲ့ အတူတူ Online ပေါ်ကနေ ကယားပြည်အနှံ့ ခြေဆန့်ကြည့်ကြရအောင်နော်…

Day 1

Going to Kayah with MNA Myanmar National Airline at Yangon Domestic Airport

မနက် ၉နာရီထွက်တဲ့ MNA လေကြောင်းလိုင်းနဲ့ ထွက်လာခဲ့တာ မနက် ၁၀နာရီမှာ လွိုင်ကော်ကို ရောက်ပါတယ်။ လေယာဉ်ခက အသွား ၆၃၀၀၀ နဲ့ အပြန် ၆၁၀၀၀ဆိုတော့ စုစုပေါင်း ၁၂၄၀၀၀ ကျပ်ပေါ့။ လွိုင်ကော်ကို တိုက်ရိုက်ရောက်ပါတယ်။ လေယာဉ်တစ်စီးလုံး အပြည့်။ ထင်တောင်ထင်မထားဘူး။ အများစုက နိုင်ငံခြားသားတွေ။ ကိုရီးယား တစ်အုပ်စု ပါလာတာလည်းတွေ့ရတယ်။ စိတ်ထင် ကယန်းလူမျိုးတို့ ရှေးကယားလူမျိုးတို့လို လူမျိုးစုတွေ နေထိုင်ရာ ရွာတွေကို စိတ်ဝင်စားလို့ လာလေ့လာကြတာထင်တယ်။

လေဆိပ်မှာ ချိတ်ဆက်ထားတဲ့ Amazing Kayah Travel & Tour ကနေ ကားနဲ့လာကြိုပါတယ်။ ကားက ၈ယောက်စီးကားကြီးပါ။ သွားမယ့်နေရာတွေပေါ်မူတည်ပြီး တစ်နေ့ကို ၈သောင်းကနေ ၁သိန်းလောက်ကျပါတယ်။ ဆီခနဲ့ ဒါရိုင်ဘာခပါအပြီးပေါ့။ ကျွန်မတို့က နေမယ့်ရက်နည်းပြီး သွားချင်တဲ့ နေရာများတော့ ဟိုတယ်မှာ Check In အရင်မဝင်ဘဲ လည်စရာရှိတာတွေ တစ်ခုပြီး တစ်ခုလည်ဖြစ်ခဲ့ပါတယ်။ လေဆိပ်က မြို့တော် လွိုင်ကော်နဲ့ မဝေးပါဘူး။ ခဏလေးနဲ့ရောက်ပါတယ်။ လွိုင်ကော်မြို့ရဲ့ First Impression ကတော့ အေးချမ်းသန့်ရှင်းတဲ့ မြို့လေးလို့ထင်မိပါတယ်။ ထင်ထားတာထက် ပိုသန့်ရှင်းလှပသလားလို့။ လမ်းလေးတွေက ကတ္တရာလမ်းခင်းထားပြီး ရွှေရောင် ကိန္ဒရီ ကိန္ဒရာမောင်နှံ ရုပ်တ ုအဝိုင်းပတ်လေးက ကယားအငွေ့အသက်ပေးနေလေရဲ့

လောပိတရေအားလျှပ်စစ်စက်ရုံ

အရင်ဆုံး လေဆိပ်ကနေ လောပိတရေအားလျှပ်စစ် စက်ရုံဆီကို သွားခဲ့ကြပါတယ်။ လွိုင်ကော်ကနေတစ်နာရီကြာမောင်းရပြီး လမ်းတလျှောက်တောတောင်ရှုခင်းတွေက လှမှလှ။ View Point မှာရပ်ပေးတော့ ဓာတ်ပုံတွေ ဆင်းရိုက်ကျသေးတာပေါ့။ လမ်းဘေးတလျှောက်ရေပိုက်ကြီးတွေတွေ့ကတည်းက စိတ်လှုပ်ရှားနေပြီ။ ငယ်ငယ်က ကျောင်းတုန်းက ခဏခဏသင်ရတဲ့ လောပိတရေအားလျှပ်စစ်စက်ရုံကို ရောက်တော့မှာကိုး။

20170110_112929-01.jpeg
Viewpoint on the way in Kayah, Myanmar

ဘီလူးချောင်း အမှတ်(၂) ဓာတ်အားပေးစက်ရုံလို့ခေါ်တဲ့ လောပိတရေအားလျှပ်စစ်စက်ရုံက အကြီးကြီးပါ။ အရင်က မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်ပေးဖို့လုံလောက်ပေမဲ့ ခုတော့ ဘယ်ရတော့မလဲ။ အစစအရာရာ လျှပ်စစ်ဓာတ်ရှိမှ နေတတ်တဲ့ ခေတ်…မီးကိုအားကိုးတဲ့ ခေတ် ဖြစ်နေတာကိုး။ စက်ရုံထဲမှာ ၂၈မဂ္ဂါဝပ် စက်ကြီး ၆လုံးကိုတွေ့ခဲ့ရပါတယ်။ ၃လုံးကဂျပန်တွေ စစ်လျော်ကြေးအဖြစ် ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ သုံးလုံးကတော့ အစိုးရက ထပ်ဝယ်ပြီး ဖြည့်ထားတာပါတဲ့။ စုစုပေါင်း ၁၆၈ မဂ္ဂါဝပ်ရှိပေမဲ့ မြန်မာတစ်နိုင်ငံလုံးလိုတဲ့ လျှပ်စစ်အားက ၁၆၀၀ လောက်ရှိနေတာဆိုတော့ တခြားရေအားလျှပ်စစ်စက်ရုံတွေကနေပါ လျှပ်စစ်အားရယူရတာပေါ့

လောပိတရေတံခွန်

လျှပ်စစ်စက်ရုံကနေ ၁၅မိနစ်လောက်လျှောက်သွားရင် ရေတံခွန်ဆီရောက်ပါတယ်။ လူမလာတဲ့နေရာမှာ ရှိတော့ တကယ့် သဘာဝအတိုင်းပါပဲ။ သာယာချက်က ရေလေးတွေဆို စိမ်းပြီး ကြည်နေတာ။ ငါးအုပ်လေးတွေဖြတ်ကူးနေတာ အသေးစိတ်တွေ့ရတယ်။ ရေကြည်ချက်က ရေအောက်ကြမ်းပြင်ထိ တိုးလျှိုပေါက်…အင်းလေးကန်ကနေ မိုးဗြဲဆည် အဲ့ကနေ ဘီလူးချောင်းဟောင်းတလျှောက်စီးဆင်းလာပြီး ရေတံခွန်ကို ဖြတ်ကာ သံလွင်မြစ်ထဲ စီးဆင်းသွားတာတဲ့။

Law Pi Ta Natural Waterfall

မြို့ထဲပြန်ရောက်တော့ နေ့လည် ၁နာရီခွဲပြီဆိုတော့ ဗိုက်ဆာပြီပေါ့။ အဲ့တော့ ကယားရိုးရာစာမစားသေးဘဲ အမြန်ရတဲ့ မြန်မာဆိုင်မှာ စားဖြစ်ခဲ့တယ်။ အတော်ကောင်းတဲ့ မြန်မာဆိုင်ပါ။ ရွှေလက်ရာတဲ့ ဆိုင်နာမည်က။ လွိုင်ကော်မှာ နာမည်ကြီးပေါ့။ တို့စရာတွေဆို ရှယ်ပဲ။ ဟင်းရည်တွေ အရံဟင်းတွေက ကောင်းမှကောင်း။ ဟင်းပွဲမမှာစားဘဲ အရံဟင်းတွေနဲ့တင် တင်းတိမ်နေပြီ… အဲ့ထဲမှာ ဂျူးမြစ်နဲ့ ပုစွန်ချဉ်သုပ်လေးတော်တော်ကောင်းတယ်။

Myanmar Vegetables and fish paste

ကြတ်ဂူ

ဗိုက်ဝတော့ ကယားရဲ့ နာမည်ကျော် ကြတ်ဂူဆီ ချီတက်ခဲ့ကြပါတယ်။ ပဟေဌိတွေ ပြည့်နေတဲ့ ဂူလို့လည်း ပြောရမှာပါ။ သဘာဝအတိုင်းရှိနေတဲ့ ကျောက်ဂူကြီးတွေထဲမှာ သစ်သားအခေါင်းပျက်တွေ တောက်လျှောက်အစီအရီ ရှိနေတာ အတော်ကို ထူးဆန်းပါတယ်။ နာမည်ကြီးကလည်း ကြတ်ဂူဆိုတော့ နာနာဘာ၀ ကြတ်တွေနေထိုင်ရာဂူများလားတွေးမိရင်း ကြောထဲစိမ့်တတ်လာမိတာပေါ့လေ…

Kyat Cave Catacomb in Kayah, Myanmar

ဂူက ကျောက်တောင်အမြင့်ပေါ်ရှိပြီး ဂူအပေါ်တက်တဲ့ လှေကားရင်းက ကြတ်ဂူဆိုင်းဘုတ်မှာ ရေးထားတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀က ဒီ အခေါင်းတွေထဲ အရိုးစုတွေတွေ့ခဲ့ရတယ်ဆိုပါတယ်။ ကျွန်မတို့ဝင်ကြည့်တော့ အရိုးစုတွေ မရှိတော့ဘဲ ပျက်စီးနေတဲ့ ခေါင်းတလားတွေသာတွေ့ခဲ့ရပါတယ်။ တချို့အပြောကတော့ အဲ့ကတည်းက အရိုးတွေကို စုပြီး သဂြိုဟ်ပေးလိုက်လို့ မရှိတော့တာတဲ့။ ရှေးခေတ်ကြတ်လူမျိုးတွေက သေတဲ့အခါ ဂူထဲလာထည့်လေ့ရှိတယ်တဲ့လေ။ အခေါင်းတွေက ၂ပေကနေ ၁၅ပေအရှည်ထိရှိကြပြီး အရင်က ကျောက်နံရံတွေမှာ ကပ်ပြီး ထောင်ထားကြသလို မျက်နှာကျက်မှာလည်း ချိတ်ဆွဲထားကြတယ်။ မျက်နှာကျက်မှာ ချိတ်ဆွဲထားတဲ့ အခေါင်းတစ်ခုကို အခုထိတွေ့မြင်နိုင်ပြီး အဲ့ထဲမှာတော့ အရိုးစုတွေ ရှိနေသေးလား မပြောတတ်ဘူးပေါ့လေ။

ကြတ်ဂူကြီးက တော်တော်ကို နက်ပါတယ်။ ကျောက်တောင်အောက်ခြေက ဘုန်းဘုန်းကို ဝင်ဖူးပြီး လေ့လာချင်ကြောင်း အကျိုးအကြောင်းပြောပါက မီးစက်ထွန်းပေးပါလိမ့်မယ်။ မဟုတ်ရင် မှောင်ထဲ မဲထဲ လက်နှိပ်ဓာတ်မီးနဲ့ အခေါင်းတွေကြားဖြတ်ရမယ့် အဖြစ်ပါ။ မီးစက်က ပေ၂၀၀၀ အထိသာမီးသွယ်ထားတာပါ။ အရှည်က ဘယ်လောက်ထိရှည်လည်း မသိဘူး။ မနှစ်က ဂျပန်တစ်ဖွဲ့ အောက်ဆီဂျင်ဘူးတွေနဲ့ မနက် ၆နာရီက ထွက်သွားတာ ညနေ၆နာရီမှာ ပြန်ရောက်လာကြတယ်။ အဆုံးထိမရောက်ခဲ့ကြဘူးတဲ့လေ။ ကျွန်မတို့ကတော့ ပေ၁၂၀၀ အထိပဲရောက်ခဲ့တယ်။ တခြားလည်း သွားစရာတွေ ရှိသေးတော့လေ။ ပေ ၁၀၀၀ မှာတော့ အခေါင်းပျက်တွေ အများကြီးတွေ့ခဲ့ရပါတယ်။

တချို့ကတော့ ဒါလူသေအလောင်းထည့်ရာ အခေါင်းမဟုတ်ဘူးတဲ့လေ။ ယမ်းတွေကို သစ်သားခေါင်းတွေထဲ ထည့်ပြီး ဂူထဲ သိုလှောင်ထားကြတာလို့လည်း ပြောကြပါတယ်။ ဘယ်အယူအဆမှန်လဲ ဆိုတာကတော့ မျက်နှာကျက်ကနေ ပြုတ်မကျသေးဘဲ ကျန်နေတဲ့ အခေါင်းကို ဖွင့်ကြည့်မှသာ သိရမှာပါ။

ကယားယဉ်ကျေးမှုပြတိုက်

ဘယ်ဒေသပဲရောက်ရောက် အဲ့ဒေသရဲ့ ပြတိုက်မှာ လေ့လာစရာ အများကြီးပါ။ ကယားမှာရောပဲပေါ့။ ဝင်ကြေးကလည်း ၅၀၀ကျပ်ပဲဆိုတော့ ဝင်ကြည့်သင့်တာပေါ့။ ပြတိုက်က အဆောက်အအုံကြီးပေမဲ့ ပြခန်းကတော့နည်းပါတယ်။ ဒါပေမဲ့ ကယန်း၊ ကယော၊ ရှေးကယားစတဲ့ လူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ Life style တွေ၊ အသုံးအဆောင်တွေ၊ တူရိယာပစ္စည်းတွေ ပြသထားတာ စိတ်ဝင်စားစရာပါ…

Kayah Culture Museum

တောင်ကွဲစေတီ

လွိုင်ကော်မြို့ရဲ့ နာမည်ကျော် ရှေးဟောင်းတောင်ကွဲစေတီဟာ မြို့ထဲမှာပဲ ရှိပါတယ်။ အက်ကွဲနေတဲ့ ကျောက်တောင်တွေလို့ ပြောရမလား။ တကွဲတပြားစီ ထိုးထောင်ထွက်နေတဲ့ ကျောက်တောင်တွေလို့ ပြောရမလား မသိ။ ကျောက်တောင်တစ်ခုစီထိပ် စေတီတွေ တည်ထားတာကလည်း ထူးခြားနေပါတယ်။ ကျောက်တောင်တစ်ခုနဲ့ တစ်ခုကူးဖို့ တံတားတွေ၊ တောင်ပတ်လမ်းတွေလည်း ဖောက်ထားသေးတယ်။ တောင်ကွဲစေတီရင်ပြင်ပေါ်ကနေ လှမ်းမြင်ရတဲ့ လွိုင်ကော်မြို့ရှုခင်းက လှမှလှ… မှိုင်းပြတဲ့ တောတောင်နောက်ခံမှာ ရောင်စုံအိမ်လေးတွေ အစီအရီ။ တချို့တောင်ထိပ်တွေမှာ ဘုရားကျောင်းဆောင်တွေ၊ အဆောက်အအုံကြီးတွေနဲ့ပေါ့… တကယ်သာယာပါတယ်

Taung Kwal Pagoda, Loi Kaw, Myanmar

With my sis and my dad in front of Taung Kwal Pagoda

View of Loi Kaw from Taung Kwal Pagoda

စော်ဘွားဟော်နန်းဟောင်း

အရင်က စော်ဘွားဟော်နန်းကိုလည်း ရောက်ခဲ့သေးတယ်။ နောက်ဆုံးစော်ဘွားက ဘုန်းကြီးကျောင်းကို လှူခဲ့လို့ အခု ဘုန်းကြီးတွေ သီတင်းသုံးနေထိုင်နေပါတယ်။ သီရိမင်္ဂလာပုံကျောင်းလို့ အမည်ရပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး လှေကားတက်တက်ခြင်းကတော့ ဘုရားကျောင်းဆောင်ပေါ့။ မြောက်နန်းစံမိဖုရားခန်းအပြင်ဘက် လက်ယာဘက်လျှောက်လမ်းနံရံမှာ ကယားစော်ဘွားတွေပုံတွေ ပြသထားလေရဲ့။ ဟော်နန်းကြီးရဲ့ အခန်းဖွဲ့စည်းပုံပြ Floor planကိုလည်းတွေ့ခဲ့ရတယ်။ စော်ဘွားတွေ ဆင်စီးရာမှာ အသုံးပြုခဲ့တဲ့စင်၊ မှန်စီရွှေချခဲ့ဖူးတဲ့ လူထမ်းဝေါယာဉ်တွေကိုရောပေါ့

20170110_174712-02.jpeg
Ancient Kayah Haw  Palace

မြို့နာမ်စေတီ

မြို့ထဲက တန်ခိုးကြီး မြို့နာမ်စေတီကိုလည်း သွားဖူးသင့်ပါတယ်

Myo. Nam Pagoda

နောင်ယားကန်

မြို့လည်က နောင်ယားကန်က ရေတွေကလည်း ကြည်လင်ပြီး ငြိမ်သက်နေလို့ မှန်လိုမျိုး ဖြစ်နေပါတယ်။ ကန်ကို ဖြတ်ဆောက်ထားတဲ့ ရောင်စုံလက်ရန်းတွေနဲ့ သစ်သားတံတားလေးနဲ့ ပနံကို သင့်လို့။ ကန်ဘေးမှာ စားသောက်ဆိုင်တွေလည်း ရှိတော့ အဲ့ညက ဗိုက်ဆာဆာနဲ့ အဲ့ဆိုင်တွေထဲက တစ်ဆိုင်မှာ ကယားစာတွေ စားဖြစ်ခဲ့တယ်။ ကယားသွားတုန်းက ဘာတွေစားပြီး ဘယ်တွေ သွားရင်ကောင်းမလဲ Post တင်ပြီး မေးခဲ့တုန်းက Comment တွေ အကြံပေးထားတာတွေ မှာပစ်လိုက်တယ်။ ဖင်ကနေစုပ်စားရတဲ့ ဖင်ချွန်းခရုစွပ်ပြုတ်… တစ်ပွဲမှ ၅၀၀ ၁၀၀၀လားရယ် ခရုလေးတွေအများကြီးပါတယ်။ စွပ်ပြုတ်ရည် အရသာကလည်း ကောင်းမှကောင်း…. မစားမဖြစ် ကယားဝက်အူချောင်း၊ ဝက်ရိုးရာဟင်း၊ ငါးခဲပတ် အကုန်စားလို့ အရသာရှိမှရှိ…

Naung Yar Lake is in the middle of Loi Kaw, Capita of Kayah State in Myanmar

Day 2

ငွေတောင်ဆည်

လွိုင်ကော်ကနေ ဒီမောဆိုမြို့ သွားတဲ့လမ်း ဘယ်ဘက်ဘေးမှာ ငွေတောင်ဆည်ရှိပါတယ်။ လယ်ဧကများစွာကို ရေပေးဝေပေးနေတဲ့ ဆည်ကြီးပေါ့။ အဲ့ဆည်တစ်ဖက်ခြမ်းမှာ တောင်သုံးလုံးလှမ်းမြင်နေရတယ်။ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်တွေတဲ့။ ရွှေတောင်ထိပ်မှာ ဒွေးမယ်နော် ခိုနားလေ့ရှိတယ်တဲ့။ ဆည်ကြီးကလည်း ရှုခင်းတွေသာယာပါတယ်

Ngwe Taung Dam is important for agriculture in Kayah

3 mountains names Gold mountain, Silver mountain and Ruby mountain far behind. Hence the name of the dam is Ngwe taung which means silver mountain

Kayan lady selling handmade scarves

ဒီမောဆိုဈေး

အဲ့ကနေဆက်သွားတဲ့အခါ ဒီမောဆိုမြို့မဈေးရောက်ပါတယ်။ တစ်ပတ်မှာ ၃ရက်ပဲဖွင့်တဲ့ ဈေးကြီးပါ။ တနလာၤ၊ ဗုဒ္ဓဟူး၊ စနေ သုံးရက်ပဲ ဖွင့်တာပါတဲ့။

Do Maw So local market opens only on Monday, Wednesday and Saturday

ဈေးထဲမှာ လည်ပင်းကြေးကွင်းစွပ်ထားတဲ့ ကယန်းအမျိုးသမီးကြီးတွေက ကိုယ်တိုင်ရက်ထားတဲ့ ချည်ပုဝါတွေ၊ ထိုင်းနိုင်ငံထုတ် ကယန်းလူမျိုးအရုပ်နဲ့ သံလိုက်တွေ၊ ကြေးလက်ကောက် ငွေလက်ကောက်ကွင်းတွေ ပျားရည်တွေ ထိုင်ရောင်းနေကြတယ်။ ကိုယ်ကလည်း သူတို့ကို ဓာတ်ပုံတွေရိုက်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ အရိုက်ခံနေကြတယ်လေ… အင်းပေါ့ ဧည့်သည်တိုင်းရဲ့ စိတ်ဝင်စားမှုခံယူရတာ သူတို့လည်း နေသားကျနေပါပြီ။ အားနာလို့ရော လိုချင်လို့ရော Magnet တစ်ခု၊ ပျားရည်တစ်ပုလင်း အားပေးလိုက်တယ်။ Magnet က ၅ထောင်တောင်၊ ပျားရည်ကတော့ ၁၅၀၀ ထဲ

Colorful Handmade scarves and Kayan magnet

အဲ့ဈေးမှာ ခေါင်ရည်တန်းလည်းတွေ့ခဲ့ရတယ်။ ရောင်းသူတွေ အစီအရီထိုင်ပြီး ခေါင်ရည်ထည့်ထားတဲ့ ရေသန့်ဗူးကိုယ်စီ ရှေ့ချထားပြီး ရောင်းနေမကြတာ။ အနားစသွားကပ်တော့ ခွက်ထဲ ထည့်ခိုင်းပြီး မြည်းခိုင်းတယ်။ မက်မန်းဝိုင်လို ချိုချိုမွှေးမွှေးလေး.. တစ်ဗူးမှ ၂၀၀၀ ကျပ်ထဲ။

Khaung Yay , the local alcoholic drink is one of the main attractions of the local market

ပန်ပက်ရွာ

Community Based Tourism(CBT) လို့ခေါ်တဲ့ ကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ ကယားမှာ အကောင်အထည်ဖော်ပြီးနောက ်ကျေးရွာတွေထဲ လူနည်းစုတွေရဲ့ လူနေမှုဘဝတွေကို အိမ်တိုင်ရာရောက် သွားလေ့လာနိုင်ပါတယ်။ ပန်ပက်ရွာကတော့ ကယန်းလူမျိုးတွေ နေထိုင်တဲ့ရွာပါ။ အဲ့ရွာက ကယန်းအမျိုးသမီးကြီးတွေ နေအိမ်တွေကို သွားကြည့်ခဲ့ကြပါတယ်။ ပုဝါတွေယက်တဲ့အိမ်ရယ် ငွေထည်လက်မှုပစ္စည်းတွေ လုပ်တဲ့ အိမ်ရယ်ပါ။

ကယန်းအမျိုးသမီးကြီးတွေက ဖော်ဖော်ရွေရွေရှိပါတယ်။ မြန်မာလိုတော့ မပြောနိုင်ကြဘူး။ ဧည့်သည်တွေ၊ ကင်မရာတွေကိုလည်း စိမ်းမနေတော့ဘူး။ ဓာတ်ပုံရိုက်မယ်ဆိုနေတတ်နေပြီ။ အင်းပေါ့လေ။ တစ်နေ့တစ်နေ့ ဧည့်ခံရတဲ့ ဧည့်သည်တွေကလည်း နေ့တိုင်းကိုး… ငွေထည်အိမ်က အဘွားဆို Telenor ဓာတ်ပုံပြိုင်ပွဲမှာ ဆုရထားတာ။ အဘွားက သီချင်းဆိုတာလည်းကောင်းတယ်။ ကိုယ်တိုင် ဂစ်တာတီး သီချင်းဆိုပြတယ်လေ…

Kitchen of the local Kayan house in Pan Pat Village

ရွာနားက ဈေးဆိုင်တန်းအရှည်ကြီးမှာတော့ ရိုးရာလက်မှုထည်တွေ၊ ဒေသထွက်စားသောက်ကုန်တွေ၊ ကယန်းနဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ ဝယ်လို့ရတယ်။ အကြိုက်ဆုံးကတော့ သူတို့ရိုးရာ ဝတ်စုံကိုဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့ရတာကိုပဲ။ ဝတ်စုံဖိုးပေးစရာမလိုဘူး။ တစ်ခုခုပြန်အားပေးလိုက်ရင်ရပြီ။ သူတို့လိုလည်ပင်း ကြေးကွင်းစွပ်ပြီး ဓာတ်ပုံရိုက်လို့ရတယ်။ တကယ့်ကြေးကွင်းတော့ ဘယ်စွပ်လို့ရမလဲနော်။ ကြေးကွင်းတွေက တအားလေးတာကိုး… ဓာတ်ပုံရိုက်လို့လှရုံလောက် ရှေ့တစ်ဝက်ကို ကြေးကွင်းတွေ ထပ်ပေးထားပြီး နောက်တစ်ဝက်ကို ဖဲကြိုးချည်ပေးထားတာ… တစ်ဝက်တောင်တော်တော်လေး…. ခေါင်းငုံ့လို့မရ မော့လို့မရနဲ့ ဇက်ကြောတွေတက်လာတာ… ဒီလောက်လေးလံတဲ့ ကြေးကွင်းကြီးတွေ အပျိုဖော်ဝင်စကတည်းက စွပ်လာခဲ့တဲ့ သူတို့တွေကို လေးစားမိပြီပေါ့

Me and my sis wearing Kayan traditional costume and a brass neckpiece

Us with long neck Kayan tribe lady

ကန်၇ဆင့်

ကိန္ဒရီ နတ်သမီး၇ဖော် ရေချိုးခဲ့တဲ့ ကန်၇ဆင့်ကို ဆက်သွားခဲ့ပါတယ်။ စိတ်ထဲမှာ ကန်လေးတွေ သေးသေးလေးလောက်ပဲ ထင်ခဲ့တာ။ ဘယ်ဟုတ်လိမ့်မလဲ။ ကန်ကြီးတွေက အကြီးကြီး…၇ကန်ဆက်နေတာ။ အဲ့ထဲက ၆ဆင့်မြောက်ကန်ကို ရောက်ခဲ့တယ်။ အဲ့ကန်နားမှာ စားသောက်ဆိုင်လည်း ရှိသလို ကန်စပ်မှာ ထိုင်ဖို့ တဲလေးလေည်း လုပ်ပေးထားတယ်။ နိုင်ငံခြားတွေမှာလို ကန်ထဲ ဝါးဖောင်စီးတာတို့ လှေစီးတာတို့လို Activity တွေ လုပ်ပေးထားရင်း သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ အနားမှာ ကယား ဒဏ္ဏာရီလာသူရဲကောင်း ဖိုးဗျားရဲ့ ခြေတံရှည် ရိုးရာအိမ်ကိုလည်းရှိတယ်။ သံမသုံးဘဲ ဆောက်ထားတဲ့ အိမ်လေးက စိတ်ဝင်စားစရာပါ။

img1484822205633
on the bank of 6th lake among 7 lakes in Kayah

20170111_155012-01
Traditional house of mythical hero Phoe Byar beside the 6th lake

ထီးပွင့်ကန်

ဒီကန်ကတော့ တကယ်ထူးဆန်းပါတယ်။ မီးတောင်ဟောင်း ဖြစ်တဲ့ အလျောက် ရေကန်အောက်ကနေ ဂက်စ်တွေထွက်တဲ့အခါ ကန်မျက်နှာပြင်မှာ ပူစီဖောင်းလို ဖောင်းတတ်လာပါတယ်။ အဲ့ဒီအခါ အနီးအနားရှိ သဲတွေနုန်းတွေကို ဘေးကို ပြန့်ကျဲစေတဲ့အခါ ထီးပွင့်လို အဝိုင်းပုံ ဖြစ်လာပါတယ်။ ကျွန်မတို့ သွားတုန်းကဆို ရေကန်ထဲ ဟိုနေရာပွင့်လိုက် ဒီနေရာပွင့်လိုက်နဲ့ ကြည့်ရတာ ထူးဆန်းနေတာ… တချို့ကြီးတဲ့အပွင့်တွေဆို ဗွမ်းခနဲ အသံတောင်မြည်တယ်။

img1484822175646.jpg
Htee Pwint lake

သမိုင်းအရဆိုရင်လည်း ဒီကန်ကအရေးပါခဲ့တယ်။ နတ်သမီး၇ဖော် ရေဆင်းဆော့ခဲ့တဲ့ ဘုတ်တလုတ်ရေကန်လည်းဖြစ်ပါတယ်တဲ့။ သုဓနုမင်းသားက တွေ့ပြီး အငယ်ဆုံးနတ်သမီးလေးရဲ့ အဝတ်အစားတွေ ဖွက်ထားလို့ နတ်သမီးလေး မပြန်ရရှာဘဲ ဖြစ်ခဲ့တဲ့ ရေကန်က ဒီရေကန်ပါတဲ့လေ

20170111_161530-01

20170111_162427-01
As a old volcano opening, gas bubbles appear on the surface of the lake occasionally

ထီးစဲခါးရေတံခွန်

ကယားနဲ့ ရှမ်းပြည်နယ်စပ်မှာ ရှီတဲ့ ထီးစဲခါးရေတံခွန်ကလည်း သာယာလှပါတယ်။ ရေတံခွန်က အမြင့်ကြီးကနေ စီးကျနေတာမျိုးမဟုတ်ဘဲ ရေတံခွန်နိမ့်နိမ့်လေးတွေ ဟိုတစ်နေရာ ဒီတစ်နေရာ ပြန့်ကျဲနေတာ သာယာလှပါတယ်။ ရေတံခွန်ကြီးတစ်ခုလုံးလှမ်းမြင်ရတဲ့ တံတားပေါ်က ကိန္ဒရီ ကိန္ဒရာ ရုပ်တုတွေ၊ ရေကန်ထဲက ရေသူမရုပ်တုတွေ၊ ဆင်ဖြူတော်ရုပ်တုတွေ နဲ့ တခြားရုပ်တုတွေ ရေတံခွန်ဝင်းအတွင်း တွေ့ရတာလည်း အမြင်ဆန်းပါတယ်။

20170111_174109-01
Htee Sal Khar waterfall is on the borderline of Shan and Kayah States

အခြားသွားလည်စရာများ

ထီးစဲခါးရေတံခွန်နားမှာ ကျောက်ခတ်ပန်းဆွဲတွေလှတဲ့ အောင်သပြေဂူရှိပါတယ်။ နားပေါက်အကြီးကြီးတွေရှိတဲ့ ကယောရွာတွေ၊ တစ်ခြမ်းစောင်းအင်္ကျီတွေဝတ်တဲ့ ရှေးကယားရွာတွေသွားမယ်ဆိုရင် တစ်ရက်ပိုကုန်ပါမယ်။ အခြားလည်စရာတွေရှိသေးရင်လည်း Comment မှာ ပြောပြကြပါဦးနော်။

ဘာတွေ စားခဲ့သလဲ

Mat Kar fruit is the main ingredient for Kayah dishes

making Kayah sausages

Spicy and tasty Kayah sausage is very famous local food

ရရင်ရသလို ကယားရိုးရာစာတွေစားပလိုက်တယ်။ ကယားဝက်အူချောင်းဆိုကောင်းမှကောင်း၊ ကယားမှာပဲ သုံးတဲ့ မက်ခါသီးအရသာကြောင့် စပ်စပ်မွှန်မွှန်လေးဖြစ်နေတာ။ Order မှာပြီး အိမ်ပြန်သယ်လို့လည်းရတယ်။ တစ်ပတ်လောက်ခံတယ်။ ရေခဲသေတ္တာထဲထည့်ရင် ပိုခံတယ်။ အရွယ်အစားပေါ်မူတည်ပြီး ၅၀၀၀ ကနေ ၁သောင်းတန်အထိရှိတယ်။

ကယားမှာ ဟင်းထုပ်တွေဆိုလည်း ကောင်းတယ်။ မြို့ထဲဆိုင် မင်္ဂလာဟင်းထုပ်ဆို နာမည်ကြီးပေါ့။ တစ်ထုပ်မှ ၁၀၀ထဲရယ်။ ၅ထုပ်ဆိုကောင်းကောင်းဝပြီ။ အထုပ်အရွယ်က ၂လုပ် ၃လုပ်စာလောက်ရှိတာပေါ့။

နောက်ပြီး ဖင်ချွန်းခရုစွပ်ပြုတ်ဟင်းရည်၊ ကယားကြက်ရိုးရာ ဝက်ရိုးရာ ဟင်း၊ ငါးခဲပတ်တွေလည်းကောင်းတယ်။ Loikaw City စားသောက်ဆိုင်ကဆို အကင်တွေကြိုက်တယ်။ ဆတ်သားထောင်းနဲ့အာလူးထောင်းရောပဲ။

‘ဒီမေားဆိုးမြို့နား ပန်ပက်ရွာသွားတဲ့လမ်းမှာ Marcopolo ဆိုတဲ့ စားသောက်ဆိုင်ရှိတယ်။ ဆိုင်ကမြင်ရတဲ့ရှုခင်းတွေ တအားလှတယ်။ အစားအသောက်ကတော့ တရုတ်စာပေါ့။

မြန်မာစာဆိုရင်တော့ လွိုင်ကော်မြို့ထဲက ရွှေလက်ရာဆိုင်ကောင်းပါတယ်။

ဘယ်မှာတည်းခဲ့လဲ

Dinning room of Kayah Resort

Kayah resort also has swimming pool

တည်းခဲ့တာကတော့ Kayah Resort မှာပါ။ လွိုင်ကော်မှာ အကောင်းဆုံးလို့ ပြောရမှာပါ။ ဘန်ဂလိုအိမ်လေးတွေထဲ အခန်းကျယ်ကျယ်ဝန်းဝန်းရှိပြီး မနက်စာ Breakfast တွေလည်းကောင်းပါတယ်။ ရေကူးကန်လည်းရှိတယ်။
ဟိုတယ်လွိုင်ကော်၊ မြတ်နန်းတော်ဟိုတယ်၊ Loikaw Lodge by the Lake တို့လည်း မဆိုးဘူးလို့သိရတယ်

Tips
*ကြတ်ဂူမှာ ကျောင်းထိုင်ဘုန်းဘုန်းကို ဝင်ဖူးမြော်ပြီး မီးစက်ဖွင့်ခိုင်းပါ။ မီးစက်ဖိုးလည်း ၅၀၀၀-၁၀၀၀၀ကျပ် စုပြီး ကန်တော့လိုက်ပါ။ မှောင်ထဲမှာ အခေါင်းတွေကြားဖြတ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပေမဲ့ ဂူထဲ ဖိနပ်မစီးရတော့ ခမှောင်ထဲ ခလုတ်တိုက်တာတို့ ခဲစူးတာတို့ ဖြစ်တတ်ပါတယ်။ မီးထွန်းထားတော့ ပိုပြီး ရှင်းရှင်းလင်းလင်းတွေ့ရတာပေ
*တောင်ကွဲစေတီရဲ့ ဓာတ်လှေကားက ညနေ၅နာရီဆို ပိတ်ပါတယ်။ ကျောက်တောင်ကို ပတ်ထားတဲ့ လှေကားတွေရှိပေမဲ့ တချို့လှေကားတွေက မတ်တော့ ဒူးနာတတ်တဲ့ လူကြီးတွေ အဆင်မပြေလောက်ပါဘူ
*ကယားဝက်အူချောင်း စားဖြစ်အောင်စားပါ။ ပါဆယ်လည်း သယ်ပါ။ အရွယ်အစားပေါ်မူတည်ပြီး ၅၀၀၀ကျပ်ကနေ ၁၀၀၀၀ကျပ်အထိပေးရပါတယ်။ ကိုယ်တိုင်လုပ်တတ်အောင် သင်လို့လည်းရပါတယ်
*ကျေးရွာတွေလေ့လာတဲ့အခါ အဖွဲ့လိုက် တစ်အိမ်ကို ကျပ် ၃၀၀၀ပေးရပါတယ်။ ၂အိမ်ဆိုတော့ ၆၀၀၀ပေါ့။ အိမ်တွေကို လိုက်ပို့ပေးတဲ့ လိုက်ရှင်းပြတဲ့ အဒေါ်ကြီးကို ၅၀၀၀ပေးခဲ့ရပါတယ်။ စုစုပေါင်း ၁၁၀၀၀ကျပ်ပါ။ အိမ်ပိုင်ရှင် အဖွားတွေက ၃၀၀၀မှာ ၂၇၀၀ဆီရပြီး ကျန်တာက ရွာရံပုံငွေဖြစ်သွားပါတယ်တဲ့။
*ကျေးရွာသွားလည်တဲ့ အခါ အဲ့မှာ ရောင်းတဲ့ ပစ္စည်းတွေက ဈေးဆိုင်တန်းတွေမှာထက်ပိုဈေးများပါတယ်။ အဘွားတွေကို အားပေးချင်လို့ ဆိုရင်တော့ ဝယ်ပါ။ အဲ့လိုမဟုတ်ဘဲ ပစ္စည်းလိုချင်ရုံဆိုရင်တော့ ဈေးဆိုင်တန်းတွေ ရောက်မှ ဝယ်ပါ

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ.
Amazing Kayah Travek & Tour – 09 560 03
https://www.facebook.com/amazingkayah
Mira Travels – 09260066697, 0950023
https://www.facebook.com/MiraTravels
Kayah Resort : 09 258 887 0
ဟိုတယ်လွိုင်ကော် : 083 22 946 Ext 2294
Loikaw Lodge by the Lake : 09 263 319 79
Loikaw City Restaurant : (08) 323 051; (094) 100 765
Marcopolo Restaurant ဒီမောဆိုး : 09492 4023
ကောင်းကျော်ဟိန်းစားသောက်ဆိုင် : (09) 42 800 2355; (09) 4940 223
ရွှေရတီစားသောက်ဆိုင် : (0942) 800 1895; (092) 5403 603
ရွှေလက်ရာ မြန်မာထမင်းဟင်း : 08322528, 0925097287

Live တင်ခဲ့တဲ့ Video Links တွေ
လောပိတရေတံခွန်

လောပိတရေအားလျှပ်စစ်စက်ရုံ

ထီးဆဲခါးရေတံခွန်

စိတ်ဝင်တစားဖတ်ရှုလို့ ကျေးဇူးတင်ပါတယ်။ အခြားပြည်တွင်းပြည်ပ ခရီးစဉ်တွေကို ဖော်ပြပေးနေလို့ ဒီ Nu Myat around the World page ကို Like လုပ်ထားနိုင်ပါတယ်

https://www.facebook.com/numyataroundtheworld

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါေ

Dr.Nu Myat Theingi Oo
(Nu Myat around the World)

Collection of my Travel Talks on MRTV4

15196047_1782967515275943_5143237448726401552_o

MRTV 4 ရဲ့ မင်္ဂလာပါ အစီအစဉ်မှာ သွားခဲ့တဲ့ ခရီးတွေ အကြောင်း LIVE ပြောခဲ့တာတွေ စုစည်းထားတာပါ။ Pyone Play  Website နဲ့ App မှာ တချို့ အစီအစဉ်တွေ ပြန်ပြလို့ ပြန်ရှာပြီး စုစည်းထားတာပါ။ နောက်ပိုင်းလည်း ဆက်ပြီး ပြောဦးမှာ ဖြစ်ပါတယ်။ Replay link တွေကို လည်း ထပ်ထည့်ပေးပါမယ်

America
Hollywood သို့ အလည်တစ်ခေါက်

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/t5N2lvOTE67D8mQUuC3IwSdoS68P3q_p/13/2/17—Mingalarbar–Travel

Africa
Egypt Pyramids Part 1
အီဂျစ်ပိရမစ်ကြီးတွေနဲ့ မမ်မီအလောင်းတွေအကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/MycnV2ODE6i1P7q2230oEaY476XXJziH/13/1/17-Mingalarbar-Travel–Egypt/?fbrefresh=20170114084108

Egypt Part 2 (အီဂျစ်နိုင်ငံက အခြားနေရာများ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/lwZGx4ODE6F6uimBUIrRn8acXicsIxwT/16/1/17–Mingalarbar–Egypt-(part-2)

Europe
Greece- Santorini (ဂရိနိုင်ငံ ဆန်တိုရီနီကျွန်း)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/YxcTgzYjE69YWzybY2Imdwkz-s8Ps4eK/5/5/2017-Mingalar-Travel-

Italy Venice (အီတလီရေပေါ်မြို့လေး ဗင်းနစ်)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/t3d25iYjE6DHWfE1qouIEDgsU640xQON/24/5/2017-Mingalarbar-Travel-Venice

Germany Neuchwanstein Castle (ဂျာမနီမှ နတ်သမီးပုံပြင်ရဲတိုက်ကြီး)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/EzanN5YjE6KS6IeLpag39u_gAPvAhz_S/19/7/2017-Mingalarbar-Travel-Neuschwanstein-Castle

Netherlands Tulips and Windmills
(နယ်သာလန်နိုင်ငံက ကျူးလစ်ပန်းခင်းတွေနဲ့လေရဟတ်ကြီးတွေ အကြောင်း)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/5qYTA5NjE6W8mDRUuvFaiK-GbWWMyyh1/28/9/16-Mingalarbar–Dr.-Nu-Myat-Theingi-Oo–Travel-

Monaco (ကမ္ဘာ့ဒုတိယအသေးဆုံး မိုနာကိုနိုင်ငံ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/5waWxvYjE64tVrPxgKHKkmuHU7T3Rfgu/23/6/2017-Mingalar-Travel-Monaco

Switzerland Jail Hotel (ဆွစ်ဇာလန်နိုင်ငံမှ ထောင်တွင်းအတွေ့အကြုံ )

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/ptMXViYTE6rtBfebSLdwBdnrxiSJPbTo/27/1/2017-Mingalar—Travel

Asia
Nepal (နီပေါနိုင်ငံမှ အထင်ကရနေရာများ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/hraW5vYTE6Zta-n9sRvkoNb0_str4SEx/7/4/2017-Mingalar-Travel-Nepal

Taiwan (ထိုင်ဝမ် ကျွန်းနိုင်ငံ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/Nqa2ZjYTE6Yht-bg-AhN_MqlsBh3wMAv/3/10/2016-Mingalar—Travel

Chiang Mai and Doi Inthanon
ထိုင်းနိုင်ငံက ချင်းမိုင်မြို့နဲ့ အမြင့်ဆုံးတောင် Doi Inthanon အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/NwOTlqODE6aZSq8OBeiyeycBIvDc1zI1/23/12/16—Mingalarbar-(Dr.Nu-Myat-Theingi-Oo)/?fbrefresh=20170106170954

Events and Activites Trips
Indonesia AABC ( Air Asia Bloggers Community)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာက Travel Bloggers ပြိုင်ပွဲနဲ့ အခြားလည်ပတ်စရာတွေ အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/Y2eDdyNzE6xnC7eZOL913Rnv1mfjrQQR/21/11/16-Mingalarbar-Travel-Indonesia

Malaysia ACEQM 2016 (ASEAN Celebrity Explore Quest Malaysia 2016)
အာဆီယံအနုပညာရှင်တွေတွေ့ဆုံပွဲ အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/tudnh2NjE6h9iXqNNF8W2Dlt3vj5ee5s/21/10/16-Mingalarbar-Dr-Nu-Myat-Theingi-Oo–Malaysia

Bangkok Gems and Jewellery Fair 2016 (ဘန်ကောက်ကျောက်မျက်ရတနာပြပွဲ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/hhbjI1YTE6INLa5PQIY4Qx-bewyr2SUd/27/2/2017-Mingalar-Travel

ပြည်တွင်း (Local Trips)
Myeik Archipaelego Southernmost Part of Myanmar
မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းနဲ့ မြိတ်ကျွန်းစုအကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/F5ZHJoNzE6FSrGpLM3spA2FaHFq819Q4/9/11/16-Mingalarbar-Travelling-Myeik-Islands

Mandalay နားက ၇မိုင် ကမ်းခြေ

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/ptMXViYTE6rtBfebSLdwBdnrxiSJPbTo/27/1/2017-Mingalar—Travel

15123071_1782967581942603_7872622529297206600_o