ကမ္ဘာ့အရှိန်အဟုန်အပြင်းဆုံး နိုင်အာဂရာရေတံခွန်ကြီး


မြောက်အမေရိကတိုက်တွင် အကြီးဆုံးရေတံခွန်ကြီးဖြစ်သည့် နိုင်အာဂရာရေတံခွန်သည် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ်အဖြစ်ရှိနေပါသည်။ ထူးခြားသည်မှာ နိုင်အာဂရာရေတံခွန်အမည်နှင့်မြို့သည် နှစ်နိုင်ငံလုံးမှာ ရှိပါသည်။ စာရေးသူသည် နိုင်အာဂရာရေတံခွန်ထံသို့ အဆိုပါ နှစ်နိုင်ငံလုံးမှ သွားခဲ့ဖူးရာ အမေရိကန်ဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရေးသားဖော်ပြခဲ့ဖူးပြီးဖြစ်သည်။ ယခုတစ်ခါမှာတော့ ကနေဒါဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ပြောပြချင်ပါသည်။


ထိုရေတံခွန်သို့ ကနေဒါနိုင်ငံဘက်မှ သွားမည်ဆိုပါက တိုရွန်တိုမြို့မှ တစ်နာရီခွဲ ကားမောင်းရပါသည်။ ကနေဒါဘက်အခြမ်းက မြင်ရသည့်ရှုခင်းမှာ မြင်ကွင်းပိုကျယ်ပြီး ပိုလှသလို မြစ်ကမ်းပါးတလျှောက် လျှောက်လမ်းပြုလုပ်ပေးထားသဖြင့် အနီးအနားထိ သွားရောက်ကြည့်ရှုနိုင်ပါသည်။ ရေတံခွန် ကပ်ရပ်ရှိ Queen Victoria’s Park ကို အခမဲ့ ဝင်ခွင့်ပြုထားပါသည်။


နိုင်အာဂရာရေတံခွန်ဆိုသည်မှာ ရေတံခွန်တစ်ခုထဲ၏ အမည်မဟုတ်ဘဲ ရေတံခွန် သုံးခုပေါင်းထားသည့် ရေတံခွန်အစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်အာဂရာရေတံခွန်ဆိုသည်နှင့် ထိုရေတံခွန် သုံးခုအနက် အကြီးဆုံးဖြစ်သည့် မြင်းခွါပုံသဏ္ဏာန်ရှိ မြင်းခွါရေတံခွန် (သို့) ကနေဒါရေတံခွန်ကို ပြေးမြင်လေ့ရှိကြသည်။ တကယ်တမ်းမှာ ထိုရေတံခွန်ကြီးအပြင် အမေရိကန်ဘက်အခြမ်းရှိ အမေရိကန် ရေတံခွန်နှင့် သူ့ဘေးကပ်ရပ်ရှိ အသေးဆုံးအမြှင်ဆုံး Bridal Veil ရေတံခွန်တို့သည်လည်း နိုင်အာဂရာရေတံခွန်အစုအဝေးတွင် ပါဝင်နေပါသည်။


နိုင်အာဂရာရေတံခွန်သည် ကြီးမားထည်ဝါသော ရေတံခွန်ကြီးဖြစ်သော်ငြား ကမ္ဘာ့အကျယ်ဆုံးရေတံခွန်တော့ မဟုတ်ပေ။ ရေတံခွန် သုံးခုပေါင်း အကျယ်က ၃၉၅၀ ပေ ရှိကာ လာအိုနိုင်ငံက Khone Phapheng ရေတံခွန်က ၃၅,၃၇၆ ပေနှင့် ကမ္ဘာ့အကျယ်ဆုံးရေတံခွန်ဖြစ်ပါသည်။ အမြင့်ပေ ၁၆၅ ပေ ရှိသော်လည်း ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်လည်း မဟုတ်ပေ။ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်မှာ ဗင်နီဇွဲလားနိုင်ငံရှိ Angel ရေတံခွန်ဖြစ်ကာ အမြင့်ပေ ၃၂၁၂ ပေမှ စီးဆင်းနေပါသည်။


သို့သော်ငြား ကမ္ဘာ့အားအကောင်းဆုံးနှင့် အရှိန်အဟုန်အပြင်းဆုံး ရေတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးများမှ ရေဂါလံပေါင်း ၇ သိန်းကျော် စက္ကန့်တိုင်း စီးကျနေလေ့ရှိပါသည်။ ထိုသို့ရေပမာဏများစွာ အရှိန်ပြင်းပြင်းစီးဆင်းနေခြင်းကြောင့် ရေအားလျှပ်စစ်များစွာ ထုတ်လုပ်နေကာ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံခွဲဝေအသုံးပြုလျှက်ရှိပါသည်။ ပထမဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရာ Canadian Niagara Power Company generating station ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။


ရေတံခွန်အနောက်ဘက်သို့လည်း သွားကြည့်နိုင်သလို ရေမခဲသည့်ရာသီတွင် Maid of the Mist သင်္ဘောစီးကာ ရေတံခွန်အောက်ခြေနားထိ သွားနိုင်ပါသည်။ ပိုပြီး စွန့်စားရသည်ကို ကြိုက်ပါက Whirlpool Jet Boat စီးနိုင်ပါသည်။ ဂျက်ဘုတ်နှင့်ဆိုတော့ အရှိန်ပြင်းပြီး ရေလှိုင်းစီးရသည်မှာ ပျော်စရာကောင်းလှပေသည်။


ရေတံခွန်ကို အပေါ်စီးမှ ကြည့်ချင်ပါက ကနေဒါဘက်တွင် Skylon မျှော်စင်နှင့် The Tower ဟိုတယ်ရှိ The Minolta မျှော်စင်မှ ကြည့်လို့ရပါသည်။ စာရေးသူတို့ကတော့ ၇၇၅ ပေအမြင့်ရှိ Skylon တာဝါပေါ်ကနေ တက်ကြည့်ဖြစ်ခဲ့ကာ ရေတံခွန် သုံးခုလုံးကို အပေါ်စီးကနေ အထင်းသားမြင်ခဲ့ရပါသည်။ ထိုတာဝါရှိ ၃၆၀ ဒီဂရီလည်ပတ်နေသည့် စားသောက်ဆိုင်တွင်လည်း ရှုခင်းကြည့်ကာ စားသောက်နိုင်ပါသည်။ Clifton Hill SkyWheel ဧရာမရဟတ်ကြီး စီးကာလည်း ကြည့်နိုင်ပါသည်။ ဒီထက်ပိုမြင့်သည့်နေရာမှ ကြည့်လိုလျှင် ရေတံခွန်ပေါ် ပျံသန်းသည့် ဟယ်လီကော့ပတာစီးပြီး ကြည့်နိုင်ပါသည်။


ကနေဒါဘက်ခြမ်းတွင် ရေတံခွန်အနားတဝိုက် အခြားစိတ်ဝင်စားစရာနေရာများလည်း ဖွင့်လှစ်ထားပါသေးသည်။ Niagara’s Fury ၊ ငှက်ရုံ (Bird Kingdom)၊ လိပ်ပြာရုံ(Butterfly Conservatory)၊ အထူးအဆန်းများပြသထားသည့် Ripley’s Believe it or Not ပြတိုက်သို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ရေတံခွန်အနားရှိ ဟိုတယ်များတွင် ညအိပ်တည်းခိုနိုင်သလို ကာစီနိုလည်းဆော့ကစားနိုင်ပါသည်။ ညဘက်ဆိုလျှင်လည်း ရေတံခွန်အနီး မီးရှူးမီးပန်းများဖောက်သလို ရေတံခွန်ကြီးကို မီးရောင်စုံကစားပြသည့် ပြကွက်များလည်းရှိပါသည်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

အမေရိကန်နိုင်ငံရှိ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ်နေရာသို့


ဒီနေ့က စက်တင်ဘာလ ၁၁ ရက်နေ့နော်။ လွန်ခဲ့တဲ့ ၂၁ နှစ်က ဒီနေ့လိုနေ့မျိုးမှာ ကမ္ဘာတစ်ဝန်း အံ့သြတုန်လှုပ်ခဲ့တဲ့ အဖြစ်ဆိုးကြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ (New York) မှာ ဖြစ်သွားခဲ့ပါတယ်။
စက်တင်ဘာလရောက်ပြီဆိုတာနဲ့ အမေရိကန်နိုင်ငံသာမက တစ်ကမ္ဘာလုံးအံ့သြတုန်လှုပ် ဝမ်းနည်းခဲ့ရတဲ့ 9/11 အဖြစ်ဆိုးကို ပြန်ပြောင်းအောက်မေ့သတိရကြမှာပါ။ ကောင်းကင်ပြာ နောက်ခံမှာ မီးခိုးမီးလျှံ မုန်တိုင်းထန်ခဲ့တဲ့ အဲဒီနေ့က အဖြစ်အပျက်က မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသူတွေအတွက် ရူးသွားစေနိုင်လောက်တဲ့အထိ ပြင်းထန်ဆိုးရွားလှပါတယ်။

ဘယ်လိုဖြစ်ပျက်ခဲ့လဲ

အဲဒီနေ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အင်္ဂါနေ့ နံနက်ပိုင်းပါ။ အစ္စလာမ်မစ် အစွန်းရောက် အယ်လ်ကိုင်ဒါအဖွဲ့ အကြမ်းဖက်သမား ၁၉ ဦးက လေယာဉ် ၄ စီးကို ပြန်ပေးဆွဲခဲ့ပြီး နယူးယောက်မြို့လယ်ခေါင်ရှိ World Trade Center အဆောက်အအုံတွေထဲက အမြွှာမျှော်စင် (Twin Towers) ကို နှစ်စီး၊ ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ကာကွယ်ရေးဌာနရုံးချုပ် (Pentagon အဆောက်အအုံ) ကို တစ်စီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။


စတုတ္ထမြောက် လေယာဉ်က ဝါရှင်တန်ဒီစီ အစိုးရရုံးစိုက်ရာမြို့တော်ရှိ အိမ်ဖြူတော်ဆီ ဦးတည်ပျံသန်းလာစဉ် လေယာဉ်စီး ခရီးသည်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပန်ဆီဗေးနီးယားပြည်နယ် အနောက်ပိုင်းရှိ ကွင်းပြင်မှာ ပျက်ကြခဲ့ပါတယ်။
ဒီလိုရက်စက်လှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့် နိုင်ငံပေါင်း ၉၀ ကျော်မှ လူပေါင်း ၂၉၇၇ ဦး သေဆုံးခဲ့ရ ပါတယ်။ အသက် ၈၅ နှစ်အရွယ်ကနေ အသက်အငယ်ဆုံး နှစ်နှစ်သားလေးအထိ သေဆုံးခဲ့တာပါ။ သေဆုံးခဲ့တဲ့အထဲလူအယောက် ၄၀၀ ကျော်ကတော့ အဲဒီအချိန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေပါ။

 

9/11 အထိမ်းအမှတ်နေရာ

ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အမြွှာမျှော်စင်အဆောက်အအုံနေရာမှာ 9/11 Memorial နဲ့ 9/11 ပြတိုက်တွေကို တိုက်ခိုက်ခဲ့ရမှု ၁၀ နှစ်ပြည့်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ခုနှစ်တို့မှာ အသီးသီး တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ 9/11 အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ၁၉၉၃ ခုနှစ်တုန်းက အဲဒီအဆောက်အအုံ မြေအောက်ဂိုထောင်မှာ ဗုံးခွဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူတွေကိုပါ အောက်မေ့သတိရခြင်းနဲ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် တည်ဆောက်ထားတာပါ။

အဲဒီ 9/11 Memorial ကို နုမြတ်က ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံရောက်တုန်း သွားလေ့လာဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ World Trade Center ဆိုတာ ၁၆ ဧကမြေနေရာ အကျယ်အဝန်းမှာ တည်ဆောက်ထားတာပါ။ အဆောက်အဦးခုနှစ်လုံး၊ ပလာဇာကြီးနဲ့ မြေအောက်ရှောပင်မောလ်တွေ ပါပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အဲဒီအဆောက်အဦးအကုန် ပြိုကျပျက်စီးခဲ့ပါတယ်။


နုမြတ်ရောက်ခဲ့တုန်းက အဲဒီမှာ မူလနဲ့မတူတဲ့ အဆောက်အဦးအချို့ တည်ဆောက်ပြီးစီးနေသလို အချို့ကတော့ ဆောက်လုပ်ဆဲပါ။ အသစ်ပြန်ဆောက်လုပ်ထားတဲ့ World Trade Center မှာ မိုးမျှော်အဆောက်အဦးငါးလုံး၊ 9/11 အထိမ်းအမှတ် ရေကန်နှစ်ကန်၊ 9/11 အထိမ်းအမှတ်ပြတိုက်တစ်ခု၊ အနုပညာစင်တာတစ်ခုနဲ့ ဆက်သွယ်ရေးဗဟိုအဆောက်အဦးတစ်ခု ပါရှိပါတယ်။

 

ဝမ်းနည်းခြင်း အထိမ်းအမှတ်ရေကန်ကြီးများ

ယခင် World Trade Center အဆောက်အအုံတွေထဲ အမြင့်ဆုံးဖြစ်ခဲ့ပြီး လေယာဉ်နှစ်စင်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အမြွှာမျှော်စင်နေရာမှာတော့ ဘယ်အဆောက်အအုံမှ မဆောက်လုပ်ထားပါဘူး။ မျှော်စင်နှစ်ခုရဲ့ အုတ်မြစ်နေရာတွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ရေကန်ကြီးနှစ်ခု တူးဖော်ထားတာကို တွေ့ခဲ့ရပါတယ်။ ရေကန်နှစ်ခုရဲ့ နံရံတွေက ပေ ၃၀ စီမြင့်ပြီး နံရံတွေကနေ ရေတွေက ရေတံခွန်လို ရေကန်တွင်း စီးကျနေပါတယ်။ ရေကန်ကန်ပေါင်တစ်လျှောက် ကြေးပြားတွေပေါ်မှာတော့ အကြမ်းဖက်မှုမှာ အသက်ပေးခဲ့ရသူ ၃၀၀၀ နီးပါးရဲ့ နာမည်တွေကို ထွင်းထားပါတယ်။

9/11 အထိမ်းအမှတ်ပြတိုက်

ရေကန်ကြီးနှစ်ခုအနီးမှာ 9/11 အထိမ်းအမှတ်ပြတိုက်ရှိပါတယ်။ ပြတိုက်မှာ 9/11 ဖြစ်ရပ်နဲ့ ပတ် သက်တဲ့ ဓာတ်ပုံတွေ၊ ပန်းချီ၊ ပန်းပုနဲ့ အခြားအနုပညာလက်ရာတွေကို ပြသထားပါတယ်။ နုမြတ်ရောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပြတိုက်ဖွင့်ခါစဖြစ်လို့ ဝင်ရောက်လေ့လာသူ များပြားလှပါတယ်။ အဲဒီတုန်းက ဝင်ကြေးလက်မှတ်က အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာပါ။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ပင်တည်းသော သစ်ပင် (Survival Tree)

9/11 အထိမ်းအမှတ် ရေကန်ကြီးအနီးမှာ အသက်ပေး ကယ်တင်ခဲ့သူတွေနဲ့ အသက်ရှင် ကျန်ရစ်တဲ့ မီးသတ်သမားတွေကို ဂုဏ်ပြုပုံဖော်ထုဆစ်ထားတဲ့ ရုပ်လုံးကြွ ပန်းချီကားကြီးနဲ့ အဲဒီတုန်းက သစ်ပင်တွေ ပြိုကျကာ မီးလောင်ပျက်စီးခဲ့ပေမဲ့ မသေဘဲ ကျန်ရစ်ခဲ့တဲ့ တစ်ပင်တည်းသော သစ်ပင် (Survival Tree) တို့ကိုပါ တွေ့ခဲ့ရပါတယ်။ အပျက်အစီးတွေအကြား ရှင်သန်ကာ ယခုအခါ အရွက်စိမ်းစိမ်းစိုစိုတွေနဲ့ ဝေဆာနေတဲ့ ဒီသစ်ပင်က ဝမ်းနည်းမှုတွေအကြား စိတ်အားတက်ကြွဖွယ်ရာပါ။

 

9/11 အထိမ်းအမှတ် သစ်ပင်အမြစ်သဏ္ဌာန် ကြေးရုပ်ကြီး

အခင်းဖြစ်ပွားရာ World Trade Center အနီးရှိ စိန့်ပေါလ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာလည်း 9/11 အထိမ်းအမှတ် သစ်ပင်အမြစ်သဏ္ဌာန် ကြေးရုပ်ကြီးကို တွေ့ခဲ့ရပါတယ်။ 9/11 အကြမ်းဖက်မှုဖြစ်ခဲ့တုန်းက World Trade Center အဆောက်အအုံကြီး ပြိုကျခဲ့ပြီး လွင့်စဉ်လာတဲ့ အပိုင်းအစတွေက ထိုကျောင်းဝင်းအတွင်းရှိ သဖန်းပင်ကြီးကို ထိကာ အမြစ်ကျွတ်ထွက် ပြိုလဲခဲ့ပေမဲ့ ကျောင်း တော်ကြီးနဲ့ ဝင်းအတွင်းရှိ သမိုင်းဝင်အုတ်ဂူတွေကို ထိခိုက်မှုမရှိဘဲ ပြိုလဲခဲ့ပါတယ်။ ဒီအကြောင်းကို အနုပညာရှင်စတိဗ်တိုဘင်က ကြားသိပြီးနောက် ၂၀၀၅ ခုနှစ်မှာ အမြစ်သဏ္ဌာန်ကြေးရုပ်ကြီးကို ကျောင်းဝင်းအတွင်း ထုလုပ်ထားရှိခဲ့ပါတယ်။


အတုယူဖွယ်ရာကောင်းတဲ့အချက်က 9/11 Memorial တည်ရှိရာနေရာက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ လူစည်ကားရာ အချက်အချာနေရာ Manhattan မှာ တည်ရှိလို့ မြေတန်ဖိုး အလွန့်အလွန်များလှပါတယ်။ နဂိုအတိုင်း ပြန်ဆောက်ပြီး အခန်းတွေ ပြန်ရောင်းစား၊ ပြန်ငှားစားရင် အကျိုးအမြတ်များစွာ ရလောက်ပါတယ်။ ဒါပေမဲ့ မြေတန်ဖိုးကို အလေးမထားဘဲ ဒီထက်အဆမက အဖိုးထိုက်တန်လှတဲ့ လူတို့ရဲ့ အသက်တန်ဖိုးကို အလေးထားကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ရေကန်ကြီးတွေ တည်ဆောက်ပေးထားတာ ချီးကျူးဖွယ်ကောင်းလှပါတယ်။ ဒီအထိမ်းအမှတ်နေရာက အကြမ်းဖက်တိုက်ခိုက်မှုရဲ့ စက်ဆုပ်ဖွယ်ကောင်းမှုကို မီးမောင်းထိုးပြနေသလိုဖြစ်လို့ ဆုံးရှုံးမှုတွေအတွက် အမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။ 

အားလုံးပဲ ကျန်းမာပြီး အဆင်ပြေကြပါစေ။
ချစ်ခင်လျှက်
နုမြတ်

Dr. Nu Myat Theingi Oo
http://www.numyataroundtheworld.com

ဆန်ဖရန်စစ္စကိုမှ Golden Gate တံတားကြီး

မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ပြခြင်းပြယုဂ်
ဆန်ဖရန်စစ္စကိုမှ Golden Gate တံတားကြီး

IMG_4291-2

အမေရိကန်နိုင်ငံ အနောက်ဘက် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ဆန်ဖရန် စစ်္စကိုမြို့သို့ စာရေးသူသည် ယခုနှစ် ဇွန်လပိုင်း၌ အလည်အပတ်ရောက်ရှိခဲ့ရာ ထိုမြို့၏ အထင်ကရ တံတားကြီးဖြစ်သည့် ွသိူနည ွအေန မြငိါန သို့ မဖြစ်မနေ သွားရောက်လေ့ လာခဲ့ပါ၏။ ထိုတံတားကြီးသည် ပထဝီမြေအနေအထားနှင့် ရာသီဥတု အခြေအနေကြောင့် ဆောက် လုပ်ရန် လွန်စွာခက်ခဲသည့် အခြေအနေမှ မဖြစ်ဖြစ်အောင် ကြံဆောင်ကာ ဆောက်လုပ် ခဲ့ခြင်းဖြစ်၍ မဖြစ်နိုင်သည်ကို ဖြစ်အောင် လုပ်ပြနိုင်ခြင်း၊ သံသယစိတ်များကို အောင်နိုင် ခြင်း၊ စိန်ခေါ်မှုများကို ရင်ဆိုင်ချင်စိတ်ရှိခြင်း စသည်များကို ဖော်ဆောင်နိုင်သည့် တံတား ကြီးအဖြစ် ကျော်ကြားလှပါ၏။

ထိုတံတားကြီးသည် ပထဝီအနေအထားအရ ပစိဖိတ်သမုဒ်္ဒရာနှင့် ဆန်ဖရန်စစ်္စကို ပင်လယ်အော်ကြားတွင်တည်ရှိ၍ သမုဒ်္ဒရာကို ဖြတ်သန်းတိုက်ခတ်လာသော လေများမှာ ပြင်းထန်ကာ ရေပြင်မှာလည်း လှိုင်းထန်လှ၏။ ရာသီဥတုမှာလည်း မြူခိုးမြူငွေ့များ အချိန် မရွေးအုပ်ဆိုင်းတတ်သောကြောင့် ထိုနေရာ၌ တံတားဆောက်လုပ်ရမည်မှာ ရှေးခေတ် အခါက လေထဲတိုက်အိမ်ဆောက်သကဲ့သို့ပင် ဖြစ်နေချေမည်။ သို့သော် ထိုမဖြစ်နိုင်ဟု ပြောဆိုနေမှုများကို အင်ဂျင်နီယာ ဲသျနစ့ ြနေမာညေည ှအမကျေျ ဆိုသူက စိန်ခေါ်ကာ ၁၉၃၃ ခုနှစ်က စတင်ပြီး စတီးကြိုးများဖြင့် ဆွဲထားသည့် တံတားကြီးအဖြစ် တည်ဆောက်ခဲ့ ရာ ၁၉၃၇ ခုနှစ်၌ ဖွင့်လှစ်နိုင်ခဲ့လေသည်။

ထိုတံတားကြီးသည် အရှည်အားဖြင့် ၁ ဒသမ ၇ မိုင်ရှည်လျား၍ ဝါယာကြိုးပေါင်း ၂၇၅၇၂ ကြိုးဖြင့် ဆောက်လုပ်ထားကာ ထိုကြိုးများကို သွယ်တန်းထားသော တံတားကြီး ၏ အဓိက တာဝါတိုင်ကြီးနှစ်ခုမှာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၇၄၆ ပေ မြင့်မား လေ၏။ စတီးကြိုးများ သွယ်တန်းထားသော ထိုတံတားကြီးမှာ အမြင်ဆန်းလှသဖြင့် ထိုတံ တားကြီးဖွင့်သည့်နေ့က ““ဒေါ်လာ ၃၅ သန်းတန် စတီးစောင်းကြီး”” ဟု သတင်းစာများက အမည်ပေးခဲ့ကြဖူး၏။ အဝေးကပင် ထင်းကနဲမြင်နိုင်သည့် လိမေ်္မာ်နီရောင်အဆင်းရှိသော ထိုတံတားကြီးသည် ကမ်္ဘာပေါ်တွင် ဓာတ်ပုံအရိုက်ခံရဆုံး တံတားကြီးဟုလည်း သတ်မှတ် ထားကြ၏။ ထို့ပြင် စဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၃၀ နီးပါးအထိ ကမ်္ဘာပေါ်တွင် အရှည် လျားဆုံး ကြိုးဆွဲတံတားအဖြစ်လည်း စံချိန်တင်ခဲ့ဖူးပါသည်။

ထိုကဲ့သို့ ခေတ်ပေါ် ကမ်္ဘာ့အံ့ဖွယ်တစ်ခုအဖြစ် ကျော်ကြားသည့် ထို ွသိူနည ွအေန တံတားကြီး၌ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် အချက်တစ်ခုလည်းရှိပါသေးသည်။ ဤသည်မှာ ထိုတံတားကြီးသည် တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ ရန်ဇီမြစ် တံတားပြီးလျှင် ဒုတိယလိုက်သည့် ကမ်္ဘာပေါ်တွင် မိမိကိုယ်ကို သတ်သေမှုအများဆုံးနေရာ/ တံတားဖြစ် လို့နေခြင်းပင်ဖြစ်သည်။ ၂၀၁၃ ခုနှစ်အထိ ထိုတံတားပေါ်မှ ခုန်ချသတ်သေမှုပေါင်း ၁၇၀၀ နီးပါးရှိကြောင်း သိရသည်။ နှစ်ပတ်လျှင် တစ်ယောက်နှုန်းခုန်ချ သတ်သေသည်ဟု ပြောရ ပေမည်။ ဤသည်မှာ အလောင်းတွေ့ရှိခြင်း သို့မဟုတ် ခုန်ချသည်ကို မျက်မြင်ရှိခြင်းကိုသာ ရေတွက်ထားသည်ဖြစ်ရာ ပင်လယ်ထဲသို့ မျောပါသွားသူပေါင်း မည်မျှရှိမည်ကိုမူကား ခန့်မှန်း၍ မလွယ်ကူပါချေ။

ခြောက်လမ်းသွား ကားလမ်းကြီးပါဝင်သော ထိုတံတားကြီးသည် ဆန်ဖရန်စစ်္စကိုမြို့ နှင့် ြမေငည ဃသကညအပ တို့ကို ဆက်သွယ်ပေးထား၍ တစ်နေ့လျှင် ကားပေါင်း တစ်သိန်းတစ် သောင်းဝန်းကျင်ခန့် ဖြတ်သန်းသွားလာလျက်ရှိ၏။ စက်ဘီးစီးသူများနှင့် လမ်းလျှောက် သူများအတွက် တံတားတစ်ဖက်တစ်ချက်တွင် လမ်းလုပ်ပေးထားရာ စာရေးသူ ရောက်ရှိ သောအချိန်၌ ရာသီဥတုသာယာလှသဖြင့် တံတားကြီးသို့ လာရောက်လေ့လာသူများ၊ လမ်း လျှောက်ထွက်သူများ၊ စက်ဘီးစီးသူများဖြင့် စည်ကားလှသည်ကို တွေ့ခဲ့ရပါ၏။ တံတားသို့ မတက်မီ ဆန်ဖရန်စစ်္စကိုမြို့ တစ်ဖက်ခြမ်း၌ တံတားကြီး၏ သမိုင်းကြောင်းများနှင့် မှတ် သားဖွယ်ရာအချက် အလက်များကို စိတ်ဝင်စားဖွယ် ပြသထားသည့် ပြခန်း၊ စားသောက် ဆိုင်နှင့် အမှတ်တရပစ်္စည်းအရောင်းဆိုင်များပါ ဖွင့်လှစ်ထားရှိခြင်းကြောင့် ဆန်ဖရန် စစ်္စကိုမြို့ရောက်သူတိုင်း အချိန်ပေး၍ သွားရောက်လေ့လာသင့်သည့် နေရာဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါ၏။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Golden Gate

အမေရိကန်နိုင်ငံရှိ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ်နေရာသို့ (9/11 Memorial in New York, USA)

အမေရိကန်နိုင်ငံရှိ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ်နေရာသို့

9-11 (1)
9/11 memorial New York, USA

9-11 (2)
9/11 memorial New York, USA

Dr နုမြတ်

ပြည်မြန်မာဂျာနယ် ခရီးသွားဆောင်းပါး

ကမ္ဘာ့အံ့ဖွယ် ဂရန်းကင်ညွန် ချောက်ကမ်းပါးကြီး (Grand Canyon, one of the 7 wonders of natural world)

ကမ္ဘာ့အံ့ဖွယ် ဂရန်းကင်ညွန် ချောက်ကမ်းပါးကြီး

 

Nu Myat at the Grand Canyon
Nu Myat at the Grand Canyon

ချောက်ကမ်းပါးပျက်ကြီးများ၊ နက်ရှိုင်းသောချောက်ကြီးများနှင့် အံ့သြဖွယ်ရာ လှပလှသော ဂရင်းကင်ညွန် (Grand Canyon) သည် အမေရိကန်ပြည်ထောင် စုအနောက်ဘက်ရှိ အယ်ရီဇိုးနား (Arizona)ပြည်နယ်တွင် တည်ရှိလျက်ရှိပါသည်။ ထူးခြားခမ်းနားလှသော သဘာဝအလှတရားရှုခင်းများကြောင့် ကမ္ဘာ့သဘာဝအံ့ဖွယ် ၇ ခုထဲ၌ တစ်ခုအပါအဝင်ဖြစ်နေသည့်ထို Grand Canyon သို့ ကျွန်မသည် 2014 ခုနှစ် ဇွန်လလယ်လောက်က ရောက်ရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံ Woman in Public Services အဖွဲ့အစည်းမှ ဖိတ်ကြားသည့် နှစ်ပတ်ကြာသင်တန်းကို Massachusetts ပြည်နယ်ရှိ ကောလိပ်များ၌ တက်ရောက်ပြီးနောက် အမေရိကန်နိုင်ငံရှိ ထင်ရှားကျော်ကြားသည့် နေရာများသို့ မိမိအစီအစဉ်ဖြင့်သွားရောက်လည်ပတ်ခဲ့ရာ Grand Canyon သည် ကမ္ဘာ့အံ့ဖွယ်ဒေသဖြစ်၍ မဖြစ်မနေ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါသည်။
grand canyon1

Eagle Point
Eagle PointIMG_5626

Grand Canyon သည် အရှည်အားဖြင့် ၂၇၇ မိုင်ရှည်ကာ အကျယ်အားဖြင့် ၁၈ မိုင်ထိရှိပြီး အနက်မှာမူ တစ်မိုင်ကျော်ရှိသည်။ Grand Canyonကို ဖြတ်သန်း စီးဆင်းနေသည့် ကော်လိုရာဒို(Colorado)မြစ်နှင့် မြစ်လက်တက်များ၏ တိုက် စားမှုကြောင့် တစ်လွှာပြီးတစ်လွှာဖြစ်ပေါ်ခဲ့ရာ နှစ်ပေါင်း သန်း ၂၀၀၀ နီးပါးအကြာ သက်တမ်းရှိ ကမ္ဘာ့ဘူမိဗေဒသမိုင်းကို ဖော်ပြနေသည့် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်း များဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို Grand Canyon ချောက်ကြီးအတွင်းနှင့် ကျောက်ဂူများ၌ မူလအမေရိကန်တိုင်းရင်းသားမျိုးနွယ်စုများ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ ဖူး၍ ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ ရာ ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လေ့လာလျက်ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၅ သန်းခန့် လာရောက်သည်ဟု သိရသည်။

ခရီးသည်များအနေဖြင့် Grand Canyon ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ကမ်းပါးလေးခုမှ လေ့ လာနိုင်ရန်စီစဉ်ထားသော်လည်း သွားလာရခက်ခဲသည့် အရှေ့နှင့်မြောက်ကမ်းပါး များထက် ရှုခင်းပိုလှပြီး သွားရလွယ်ကူသည့် တောင်နှင့်အနောက်ကမ်းပါးများသို့ ပိုမိုသွားရောက်လေ့ရှိကြပါသည်။ ကျွန်မဆိုလျှင်လည်း လက်စ်ဗေးဂက်စ်(Las Vegas)မြို့မှတစ်ဆင့် သွားရောက်ခြင်းဖြစ်ရာ မြို့နှင့်အနီးဆုံးဖြစ်၍ ၃ နာရီအကြာ ကားဖြင့်သွားရောက်ရသည့် အနောက်ကမ်းပါး (West Rim)သို့ သွားရောက်ခဲ့ပါသည်။

Greeting center
Greeting center

Glass bridge at Eagle Point
Skywalk Glass bridge at Eagle Point

West Rim သည် Las Vegas နှင့်နီးသကဲ့သို့ အောက်ဘက် ပေ ၄၀၀၀ နီးပါးနက်ရှိုင်းသည့် ချောက်ကို တိုးလျှိုပေါက်မြင်နိုင်ရန် ကြမ်းခင်းကို မှန်ဖြင့်ပြု လုပ်ထားသည့် Sky Walk မှန်တံတားလည်းရှိခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များ အသွားဆုံးကမ်းပါး ဖြစ်နေပါသည်။ ထိုမှန်တံတားတည်ရှိရာ Eagle Point သာမက နေဝင်ချိန်ကြည့်လေ့ရှိသည့် Guano Point တို့မှ တစ်မျှော်တစ် ခေါ် မြင်တွေ့ရသည့် အံ့ဖွယ်ရှုခင်းများကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်များကြား ခေတ်စားလို့နေခြင်းဖြစ်သည်။

Look her pose. Scary! :)
Look her pose. Scary! 🙂

Tourists taking photos with the natives
Tourists taking photos with the natives

Canteen at the Guano Point
Canteen at the Guano Point

ခရီးသည်များအနေဖြင့် ရှုမျှော်ခင်းများကို ကြည့်ရုံ မျှမက အဆိုပါမှန်တံတားပေါ် အသည်းထိတ်ဖွယ် လမ်းလျှောက်ခြင်း၊ ချောက် ကမ်းပါးအပေါ်၌ ရဟတ်ယာဉ်ဖြင့် ရှုမျှော်ခင်းများကြည့်ခြင်း၊ ကော်လိုရာဒိုမြစ်ထဲ စက်လှေစီးခြင်း စသည်တို့ပြု လုပ်နိုင်သလို စွန့်စားလိုသူများအနေဖြင့် ရေစီး ကြမ်းသည့် မြစ်အပိုင်း၌လှေစီးခြင်း၊ ချောက်ကမ်းပါးအတွင်းတောင်တက်ခြင်း၊ ညအိပ်ညနေ Camp ထိုးခြင်း၊ ပေ ပေါင်း ၁၄၀၀၀ ကျော် အမြင့်ရှိ ရဟတ်ယာဉ် ပေါ်မှ လေထီးဖြင့် အမြင့်ခုန်ခြင်း စသည်များကိုပါ ပြုလုပ်နိုင်ကြောင်း သိရသည်။

Mr. Helicopter
Mr. Helicopter

Helicopter landing

Birdeye view of Grand Canyon from Helicopter
Birdeye view of Grand Canyon from Helicopter

Nu Myat on the cruise
Nu Myat on the cruise

Cruise on Colorado River
Cruise on Colorado River

ကျွန်မအနေဖြင့်မူ ကမ္ဘာ့အံ့ဖွယ်နေရာသို့ ရောက်တုန်းရောက်ခိုက် ရဟတ်ယာဉ်စီးကာ Grand Canyon များ၏ ရင်သပ်ရှုမောဖွယ်ရာရှုခင်းများကို အပေါ်စီး မှ ရှုစားဖြစ်ခဲ့ပါ၏။ ရဟတ်ယာဉ်စီးခမှာ ဒေါ်လာ ၂၀၀ ကျသင့်သော်လည်း ချောက် ကမ်းပါးကြမ်းပြင်၌ပါ ဆိုက်ကပ်ကာ ကော်လိုရာဒိုမြစ်ထဲ စက်လှေစီးရသည့် ဝန်ဆောင်မှုပါ ပါရှိခြင်းဖြစ်၍ မဆိုးလှဟု ဆိုရမည်။ ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်သော Grand Canyon ချောက်ကြီးသို့ အမေရိကန်နိုင်ငံကို အလည်သွားသူတိုင်း မဖြစ်မနေ သွားရောက် လေ့လာသင့်ကြောင်း စာရေးသူအနေဖြင့် အကြံပြုလိုက်ချင် ပါသည်။

Receiving certificate at the souvenir center
Receiving certificate for experiencing Hualapai culture at the souvenir center

IMG_5689

This is me, Nu Myat
This is me, Nu Myat