ဆန်းကြယ်ထူးထွေ စပိန်နိုင်ငံက Park Guell
Dr.Nu Myat
မြွေလိမ်မြွေကောက်ကဲ့သို့ လိမ်နေသောခုံတန်းရှည်များ၊ ထန်းပင်ကဲ့သို့ ထောင်ထွက်နေသောကျောက်တိုင်များ၊ရောင်စုံကြွေထည်အစအနများနှင့် ဖန်တီးထားသောနံရံများမျက်နှာကျက်များပိုင်ဆိုင်ထားသည့် စပိန်နိုင်ငံက Park Guellဂွေပန်းခြံသည် ပုံပြင်ဒဏ္ဏာရီမှ ပန်းခြံအလားဆန်းကျယ်လွန်းလှပါသည်။ အိပ်မက်ဆန်သောအဆောက်အအုံများကိုအသေးစိတ် ပုံဖော်ဆောက်လုပ်လေ့ရှိသည့် စပိန်နိုင်ငံမှ ကမ္ဘာကျော်ဗိသုကာပညာရှင် ဂေါက်ဒီ (Gaudi) က သဘာဝကို အခြေခံထားပြီးဆန်းသစ်သောအမြင်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ရ် ထိုပန်းခြံသည် ကမ္ဘာ့ စိတ်ဝင်စားစရာအကောင်းဆုံး ပန်းခြံတစ်ခုဖြစ်လို့နေခြင်းပင်ဖြစ်သည်။
ထိုပန်းခြံကိုစဆောက်စဉ်အချိန်ကစပိန်နိုင်ငံဘာစီလိုနာမြို့မှ သူဠေးကြီးEusebiGuell မှ Gaudi ကိုအဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ဒီဇိုင်းဆွဲဖို့ အလုပ်အပ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးအချက်အခြာမြို့ ဖြစ်သည့် ဘာစီလိုနာမြောက်ဘက်ရှိကာမယ်တောင်ကုန်းပေါ်တွင် မြေ၄၂ဧက အကျယ်ဍ်အကွက်ချကာ ပြန်လည်ရောင်းချရန် စီမံခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကခေတ်စားခဲ့သောအင်္ဂလိပ်တို့ဧ။် ဥယျာဉ်မြို့တော် စီမံကိန်းကနေစိတ်ကူးစိတ်သန်းရခဲ့ခြင်း ဖြစ်ပြီးလေကောင်းလေသန့်လည်းရတစ်မြို့လုံးအားလည်းလှမ်းမြင်ရသည့် ထိုနေရာတွင် ပုံစံတူအိမ်များဆောက်လုပ်ရန်စီမံကာအိမ်ရာနာမည်ကိုသူဌေးကြီးအားအစွဲပြုပြီး Park Guellဟုပေးခဲ့ခြင်းဖြစ်သည်။
၁၉၀၀ခုနှစ်မှ ၁၉၁၄ခုနှစ်ကြားဆောက်လုပ်ခဲ့ပြီး တြိဂံပုံမြေကွက်ဖော်ထားသည့် အိမ်ရာပေါင်း ၆၀ကျော် ဆောက်လုပ်ရန် ရည်ရွယ်ထားသော်ငြား နှစ်အိမ်ထဲသာဆောက်လုပ်ပြီးစီးခဲ့သည်။ တစ်အိမ်မှာသူဠေးကြီးကိုယ်တိုင်နေပြီးနောက် တစ်အိမ်ကိုမူနမူနာအိမ်အဖြစ် ပြသခဲ့ကာနောက်ပိုင်းဍ် ထိုအိမ်ကိုဂေါင်ဒီကိုယ်တိုင် ဝယ်ယူပြီး နေထိုင်ခဲ့သည်။ ထူးဆန်းသည်မှာထိုအိမ်များကိုမူအခြားဗိသုကာပညာရှင်ကဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ မြို့ထဲနှင့်အလှမ်းဝေးသောကြောင့် ဝယ်ယူနေထိုင်မည့်သူတစ်ဦးမျှ မရှိခဲ့ခြင်းကြောင့် အိမ်ရာစီမံကိန်းပျက်ခဲ့ရပြီး၁၉၂၆တွင် ပြည်သူပိုင်ပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြသည်။ဂေါင်ဒီနေထိုင်ခဲ့သည့်အိမ်ကိုကားယခုအခါတွင် ဂေါင်ဒီပြတိုက် အဖြစ်ဖွင့်လှစ်ထားရှိသည်။
ထိုဂွေပန်းခြံသို့ စာရေးသူသည် ၂၀၁၄ခုနှစ် က စပိန်နှင့်ပေါ်တူဂိနိုင်ငံများသို့ မိသားစုနှင့်အတူ အလည်သွားရင်း ရောက်ရှိလေ့လာဖြစ်ခဲ့ပါဧ။်။ ပန်းခြံတွင်းသို့ဝင်ရောက်သည့် ဝင်ပေါက်များစွာရှိသည့် အနက် စာရေးသူတို့ကတိုးကားအကြီးနှင့်ဖြစ်သောကြောင့် ပန်းခြံဘေးမှ စဝင်ဖြစ်ခဲ့သည်။ တကယ့်ဝင်ပေါက်အစစ်မှ ဝင်ပါက ဝင်ပေါက်ဝဘေးတစ်ဖက်တစ်ချက်စီဍ် ပုံပြင်ဆန်ဆန် အချွန်အတက်များနှင့် အမိုးပုံဖော်ထားသည့် အဆောက်အအုံ နှစ်ခုကိုတွေ့ရပါမည်။ ထိုမှအထဲသို့ဝင်ပါက တစ်ဖက်တစ်ချက်စီခွဲတက်သွားသည့် လှေကားရင်းဍ် ရောင်စုံမှန်ကူကွက်များဖြင့်အလှဆင်ထားသည့် ပုတ်သင်ရုပ်တုနှင့်ရေပန်းကိုတွေ့ရပါဧ။်။ The Dragon နဂါးဟုခေါ်သောထိုပုတ်သင်ရုပ်သည် ထိုပန်းခြံဍ် အထင်က၇ ဖြစ်လို့နေပါသည်။
လှေကားထိပ်တွင် ရောမစတိုင် ကျောက်တိုင်လုံးကြီး၈၆လုံးဖြင့် ဖွဲ့စည်းထားသည့်ခမ်းနားလှသည့်ဟောခန်းကြီးတစ်ခုကိုတွေ့ရပေမည်။ ထိုဟောခန်းကြီးကိုမူလက အိမ်ရာဝန်းအတွင်းနေထိုင်သူများအတွက် ဈေးနေရာအဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုဟောခန်းအမိုးပေါ်ဍ် လေသာဆောင် တစ်ခုဖန်တီးပေးထားဧ။်။ ထိုလေသာဆောင်ရင်ပြင်ကြီးကိုမြွေလိမ်မြွေကောက်ခုံတန်းလျားရှည်များနှင့် ဘောင်ကွပ်ထားဧ။်။ ထိုခုံတန်းရှည်ကြီးသည် တစ်ဆက်တည်းဖြစ်နေရ် ကမ္ဘာ့အရှည်လျားဆုံးခုံတန်းရှည်ဟုတောင် သတ်မှတ်ရလောက်သည် အထိဖြစ်၏။ထို့ပြင် လူခန္ဓာကိုယ် အချိုးအစားနှင့်ကိုက်ညီအောင် နောက်မှီများကိုထွင်းထုထားခြင်းကြောင့် ကျောက်တုံးကြီးများနှင့် ဖန်တီးထားသည်ဟုမထင်မှတ်ရလောက်အောင်ပင် သက်တောင့်သက်သာဖြစ်နေ၏။အဆောက်အအုံတစ်ခုနှင့်တစ်ခုအသွားလမ်းများကိုလည်းထန်းပန်များ၏ပင်စည်များကဲ့သို့ကျောက်တုံးများနှင့် တည်ဆောက်ထား၏။ ထိုသို့သောအနုစိတ်ဆန်သည့် ဖန်တီးမှုများ၊ ဆန်းကြယ်လှသည့် ဗိသုကာပညာရပ်များဖြင့်ဆောက်လုပ် ဖန်တီးထားခြင်းကြောင့်၁၉၈၄ခုနှစ်တွင်ယူနက်စ်ကိုမှကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါသည်။ထိုပန်းခြံသည် ဆန်းသစ်သောအနုပညာလက်ရာများစွာကို ပြသထားသည့် လေဟာပြင်ပြတိုက်သဖွယ် ဖြစ်လို့နေပါ၏။