မန္တလေးမှ ဒီးဒုတ်ရေပြာအိုင်
ဒေါက်တာနုမြတ်သိင်္ဂီဦး
ဒေါက်တာနုမြတ်သိင်္ဂီဦး၏ ခရီသွားဆောင်းပါးများစုစည်းရာ
ဒီးဒုတ်ရေပြာအိုင်နဲ့ရေတံခွန်သွားရာမှာ တောင်တက်လမ်းအတိုင်း တစ်နာရီကျော်ကြာ တက်သွားလိုက်ရင် ရေတံခွန်အဆင့်ဆင့်ကျော်သွားပြီးနောက် တောင်ထိပ်နားမှာ ဒီးဒုတ်သဘာဝလှိုဏ်ဂူအဝကို ရောက်ပါလိမ့်မယ်။
လျှို လို ဂလိုင်ပေါက်ဖြစ်နေတဲ့ သဘာဝလှိုဏ်ဂူကြီးဖြစ်လို့ ဂူထဲရောက်အောင် ကျောက်လှေကားကနေ ဆင်းခဲ့ရပါတယ်။ ဂူတွင်းမှာ ဖိုးသူတော် တစ်ပါး သီတင်းသုံးနေပြီး ဘုရားဆင်းတု အနည်းငယ်တွေ့ရပါတယ်။ လျှပ်စစ်မီးတွေ မသွယ်တန်းထားတာကြောင့် သဘာဝအလင်းရောင်နဲ့ သဘာဝအငွေ့အသက်တွေ လွှမ်းခြုံနေဆဲပါ။
ဂူတွင်းမှာ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ အိပ်ခန်းတွေ ဟောခန်းတွေတွေ့ခဲ့ရပြီး ကျောက်ဂူကြီးရဲ့ ဟိုးအတွင်းဘက်ထဲ ဆက်ဝင်သွားရင် လေးဘက်ထောက်ဝင်ရတဲ့ အလိုလိုပူနေတဲ့ အပူခန်း၊ အလိုလိုအေးနေတဲ့ အအေးခန်းနဲ့ကျောက်နဂါးရုပ်ကြီးတွေ ရှိတယ်လို့သိရပါတယ်။