သြစတြေးလျမှ Puffing Billy ရေနွေးငွေ့သုံး ရှေးဟောင်းအပျော်စီး မီးရထားလိုင်း

Australia မှ

Puffing Billy

ရေနွေးငွေ့သုံး ရှေးဟောင်းအပျော်စီး မီးရထားလိုင်းIMG_3330 DSC03286

ကမ္ဘာ့နေရာဒေသအသီးသီး၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန်၊ မိမိဒေသသို့ ခရီးသည် အလာများစေရန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ တောတောင်ရေမြေ ရှုခင်းအလှများ သို့မဟုတ် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဆွဲဆောင်လေ့ရှိကြ၏။ ယဉ်ကျေးမှုအမွေအနှစ် သိပ်မကြွယ်ဝသည့် Australia သြစတြေးလျလိုနိုင်ငံမျိုးမှာတောင် “ရှိ တာလေးနှင့် လှအောင်ဝတ်”ဆိုသလို ရှိသည့်ရှေးဟောင်းအမွေအနှစ်များနှင့် ခရီး သည်များကို ဆွဲဆောင်နေသည်ကို သတိပြုမိပါ၏။ သာဓကတစ်ခုအနေဖြင့်ပြရသော် သြစတြေးလျနိုင်ငံ မဲဘုန်းမြို့အနီး ဒန်ဒီးနွန် တောအုပ်အတွင်းရှိ The Puffing Billy မီးရထားလိုင်းကို ပြရပေမည်။ ခရီးသည် အလာများသော Melbourne မြို့အနီးတွင်ရှိခြင်း၊ သက်တမ်းအားဖြင့်နှစ်ပေါင်း ၁၀၀ ကျော် ရှိခြင်း၊ ရေနွေးငွေ့သုံးစက်ခေါင်းများ အသုံးပြုဆဲဖြစ်ခြင်း၊ ခရီးသည်များ အပျော်စီး ရထားလိုင်းသီးသန့်ပြေးဆွဲပေးခြင်း စသည့်အချက်များကြောင့် ကမ္ဘာပေါ်ရှိ အကျော် ကြားဆုံး ရေနွေးငွေ့သုံး ရှေးဟောင်းအမွေအနှစ် ရထားလမ်းများ၌ တစ်ခုအပါအဝင် ဖြစ်နေပါ၏။ ထို့ကြောင့်လည်း သြစတြေးလျနိုင်ငံတစ်ဝန်းမှ ခရီးသည်များသာမက နိုင်ငံ တကာမှ ကမ်္ဘာလှည့်ခရီးသည်များပါ လာရောက်စီးနင်းလျက်ရှိပေသည်။

IMG_3351

ဤရထားလမ်းကို နဂိုက ဒန်ဒီးနွန်တောအုပ်ထဲ နေထိုင်သူများ မဲဘုန်းမြို့သို့ သွားရောက်ကာ ဒေသထွက် ပစ္စည်းများရောင်းချနိုင်ရန် ၁၈၉၉ ခုနှစ်က စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်၌ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၁၉ ခုနှစ်ကစတင်ပြီး ခရီးသွားဈေးကွက်အတွက် လူစီးရထားတွဲများကို ပြေးဆွဲခဲ့ကြောင်း သိရသည်။ဤ Puffing Billy  ရထားများ၏ ထူးခြားချက်မှာ ရထားတွဲများသည် ဘေးနှစ်ဖက်ပွင့်ပုံစံ ဖြစ်၍ ခရီးသည်များမှာ ရထားအပြင်ဘက်သို့ ခြေတွဲလောင်းချစီးနိုင်ပြီး ဘေးပတ်ဝန်း ကျင်ရှုခင်းများကို ခံစားနိုင်ပါသည်။ ထိုသို့မစီးချင်ပါက ပိုမိုသားနားသော ပထမတန်း စားသောက်ခုံများပါသည့် အလုံပိတ်တွဲနှင့်လည်း သွားလာနိုင်ပါ၏။ ပြေးဆွဲသောရထားလမ်းကြောင်းမှာလည်း အမျိုးမျိုးရှိကာ ရထားလမ်းအရှည် ၁၅ ဒသမ ၆ မိုင်အတွင်း ဘူတာပါင်း ၁၁ ဘူတာရှိပါ၏။

IMG_3407ဂိတ်စဘူတာမှာ Melbourne မြို့မှ ၂၆ မိုင်ကွာဝေးသည့်နေရာမှာရှိသည့် Belgrave ဘူတာဖြစ်ပြီး ဂိတ်ဆုံးဘူတာမှာ Gembrook သမိုင်းဝင်ြ်မို့လေး၌ တည်ရှိနေသည့် Gembrook ဘူတာဖြစ်ကာ ဂိတ်စမှ ဂိတ်ဆုံး ရထားစီးချိန် တစ်နာရီနှင့် မိနစ် ၅၀ ကြာမြင့်ကြောင်း သိရသည်။ ကျွန်မတို့မှာမူ လမ်းကြောင်းပြောင်းပြန်အဖြစ် Belgrave ဘူတာနှင့်အနီးဆုံး Menzies Creek ဘူတာမှ စစီးကာ Belgrave ဘူတာ၌ ဆင်းခဲ့ကြပါ၏။ ထိုနေရာ တဝိုက်တွင် အလုပ်လုပ်ခဲ့သော မိုင်းတွင်းအလုပ်သမားကြီးတစ်ယောက်ကို ဂုဏ်ပြု သောအားဖြင့်Menzies Creek ဟုအမည်ပေးခဲ့သော ထိုဘူတာသည် Puffing Billy ရထားအတွေ့အကြုံကို ခဏတာခံစားလိုသည့်ခရီးသည်များနှင့် တိုးအုပ်စုများကြား ရေပန်းစားပါ၏။

IMG_3326

ရေနွေးငွေ့သုံးရှေးဟောင်းရထားကြီးမောင်းနှင်သည့် မိနစ် ၃၀ ကြာခရီးစဉ်အတွင်းကျွန်မတို့သည်လည်း အများနည်းတူ ရထားအပြင်သို့ခြေတွဲလောင်းချပြီး လွတ်လပ်ပျော်ရွှင်စွာ လိုက်ပါစီးနင်းခဲ့ကြပါသည်။ အေးမြသောရာသီဥတုမှာ စိမ်းစိုသောသစ်တောများကြား လတ်ဆတ်သောလေကို ရှူရှိုက်ပြီးလှပသောရှုခင်းများကို လမ်းတစ်လျှောက်ရှုစားခဲ့ကြပါသည်။ လမ်း၌ကားလမ်းကိုဖြတ်ဖောက်ထားသည့် Trestle ဟုခေါ်သည့်သစ်သားတံတားကြီးကိုလည်း ဖြတ်သန်းခဲ့ရာ  တံတားအောက်၌ ကားများဖြတ်သွားသည်ကို မြင်တွေ့ရသည်မှာ အသည်းအေးဖွယ်ရာပင်။

သြစတြေးလျနိုင်ငံသားတို့မှာမူ ဂိတ်စ Belgrave ဘူတာမှ တစ်နာရီကြာစီးရ သည့် Lakeside ဘူတာသို့ သွားလေ့ရှိကြသည်။ ထိုဘူတာသည် မြကန်သာပန်းခြံ၌ တည်ရှိကာ ပျော်ပွဲစား စားပွဲများ၊ BBQ ကင်နိုင်သည့်ပစ္စည်းကိရိယာများအသင့်ထား ပေးခြင်းကြောင့် မိသားစုလိုက်ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ Puffing Billy ရထားလိုင်းသည် ရိုးရိုးရထားလမ်းကြောင်းများအပြင် ဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဘူတာနှင့် ရထားပေါ် တေးသံသာများဖျောေ်ဖြပေးသည့် Rock n Roll ရထား၊ Jazz ရထား၊ R&B ရထားစသည့် ဂီတရထားများ၊ အကျွေးအမွေးများပါသည့် ရထား၊ လူသတ်ပဟေဠိ ညရထား စသဖြင့် ရထားအမျိုးမျိုးကို စိတ်ဝင်စားဖွယ်ရာ  ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။  ဤကဲ့သို့ ရှိသည့်ရှေးဟောင်းရထားလမ်းလေးနှင့် ခရီးသည်များစွာကို နည်းမျိုးစုံ နှင့် ဆွဲဆောင်နေသည့် ဤ Puffing Billy ရထားလိုင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိနေသည့်ကျွန်မတို့ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအတွက် အတုယူဖွယ်ရာပင်ဖြစ်ပေတော့သည်။

IMG_3390IMG_3388