ဥရောပရှေးအကျဆုံးနိုင်ငံ ပေါ်တူဂီ (Portugal, the oldest European Country)

ဥရောပရဲ့ ရှေးအကျဆုံးနိုင်ငံ ပေါ်တူဂီ


ဥရောပအနောက်နိုင်ငံတစ်ခုဖြစ်တဲ့ ပေါ်တူဂီနိုင်ငံက ဥရောပမှာ ရှေးအကျဆုံးနိုင်ငံပါ။ ပေါ်တူဂီနိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ကျော်ကြာ ၁၂ရာစုကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မြို့တော် လစ္စဘွန်းဆိုရင် အီတလီနိုင်ငံ ရှေးမြို့တော်ဟောင်း ရောမမြို့ထက် ၄ ရာစုနှစ်သက်တမ်းပိုကြီးပြီးပါတယ်။ ဒုတိယအကြီးဆုံးပေါ်တိုမြို့ အနားတဝိုက်မှာ ပေါ်တူဂီနိုင်ငံကို စတင်တည်ထောင်ခဲ့တာဖြစ်လို့ ပေါ်တူဂီဆိုတဲ့ အမည်တွင်တယ်လို့ သိရပါတယ်။


နိုင်ငံက ရှေးကျသလို အဆောက်အအုံတွေကလည်း ရှေးကျပါတယ်။ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ သမိုင်းဝင်နေရာပေါင်းတင် ၁၅နေရာရှိပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး စာအုပ်ဆိုင်က ပေါ်တူဂီရဲ့မြို့တော် လစ္စဘွန်းမှာ ရှိနေပါတယ်။ Bertrand လို့ခေါ်တဲ့ စာအုပ်ဆိုင်က ၁၇၃၂ခုနှစ်ကတည်းက အခုချိန်ထိ ဖွင့်နေဆဲပါ။ ဥရောပရဲ့ ရှေးအကျဆုံးတက္ကသိုလ်တစ်ခုလည်းရှိပြီး ၁၂၉၀ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ Coimbra တက္ကသိုလ်ပဲဖြစ်ပါတယ်။


ပေါ်တူဂီနိုင်ငံမှာ ဥရောပရဲ့ အရှည်ဆုံးတံတားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လစ္စဘွန်းမြို့မှာရှိတဲ့ ဗက်စ်ဂိုဒဂါးမားတံတားပါ။ အိန္ဒိယနိုင်ငံဆီကို ပင်လယ်ပြင်ဖြတ်ပြီး သွားရောက်ဖူးတဲ့ ပထမဆုံးဥရောပနိုင်ငံသား နယ်မြေသစ်ရှာဖွေသူ ဗက်စ်ဂိုဒဂါးမားကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတာလို့သိရပါတယ်။

ဥရောပတိုက်ရဲ့ အနောက်ဘက် အစွန်ဆုံးနေရာကို Roca အငူလို့ခေါ်ပြီး ပေါ်တူဂီနိုင်ငံမှာရှိပါတယ်။ မြို့တော် လစ်စဘွန်းကနေ မိနစ်၄၀ကျော်ကြာ မောင်းရင်ရောက်ပြီး သမုဒ္ဒရာကို မျက်နှာမူထားတဲ့ အဆိုပါနေရာမှာ မီးပြတိုက်နဲ့ အောက်မေ့ဖွယ်ကျောက်တုံးကိုလည်း တွေ့နိုင်မှာပါ။’


ပေါ်တူဂီနိုင်ငံကို ကြွေပြားနိုင်ငံလို့လည်းသိကြပါတယ်။ နိုင်ငံတွင်းရှိ အဆောက်အအုံအတော်များများရဲ့ နံရံနဲ့ကြမ်းခင်းတွေကို ကြွေပြားတွေနဲ့ အလှဆင်ထားတာကို တွေ့ခဲ့ရပါတယ်။ လစ်စဘွန်းမှာရှိတဲ့ အမျိုးသားကြွေပြားပြတိုက်မှာ ပေါ်တူဂီကြွေပြားတွေရဲ့ သမိုင်းနဲ့ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့တဲ့ဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်


ပေါ်တူဂီဘာသာစကားက ကမ္ဘာပေါ်မှာ ဆဌမမြောက် အသုံးအများဆုံးဘာသာစကားပါ။ ပေါ်တူဂီလူမျိုးတွေအပါအဝင် လူပေါင်း ၂၃၆သန်းလောက်က ပြောတတ်ကြပါတယ်။ ပေါ်တူဂီနိုင်ငံအပါအဝင် နိုင်ငံပေါင်း၉နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်နေတာကလည်း ထူးခြားပါတယ်။


ပေါ်တူဂီရဲ့ ရာသီဥတုက ယေဘူယျအားဖြင့် ပူလေ့ရှိတာကြောင့် ဥရောပမှာ နေရောင်ခြည်စွမ်းအားအများဆုံးရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်နှစ်ကို နေသာရက်ပေါင်း ၃၀၀ နီးပါးရှိပြီး တစ်နှစ်ကို နေရောင်ခြည် နာရီ ၃၀၀၀ ကျော်ခံစားနိုင်ပါတယ်။ ဒါကြောင့်လည်း နွေရာသီမှာသာမက ဆောင်းရာသီမှာပါ အပန်းဖြေခရီးသွားနေရာဖြစ်လို့နေပါတယ်။ ကမ်းရိုးတန်းအရှည် ၈၀၀ ကီလိုမီတာရှိပြီး တစ်နှစ်ပတ်လုံး ရေလွှာလှိုင်းစီးလို့ကောင်းတယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ရေလွှာလှိုင်းစီးနိုင်တဲ့ နေရာတွေကိုလည်း ပေါ်တူဂီက ပိုင်ဆိုင်ထားပါတယ်။

ပေါ်တူဂီနိုင်ငံမှာ မြို့တော်လစ္စဘွန်း၊ ဒုတိယအကြီးဆုံးမြို့ ပေါ်တိုတို့အပြင် အခြားလည်ပတ်စရာနေရာတွေလည်း ရှိနေပါတယ်။ သာယာလှပတဲ့ Madeira ကျွန်၊ ကမ်းခြေတွေ၊ ကျောက်ဆောင်တွေနဲ့ လှပတဲ့ Lagos၊ နန်းတော်တွေ ရှေးအဆောက်အအုံတွေရှိတဲ့ Sintra၊ ရှေးမြို့တော် Coimbra၊ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာနေရာတွေရှိရာ Fatima မြို့တို့ကိုလည်း ခရီးသွားတွေ သွားရောက်လေ့ရှိပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s