💐 ဘန်ကောက်က စတီးချိုင့် စားသောက်ဆိုင်
💐
ဘန်ကောက်လာပြီး ချိုင့်ဆွဲစားနေရတယ်တို့ ဘာတို့ 😁
စတီးချိုင့်က ကိုယ်တွေအတွက်တော့ အထူးအဆန်းမဟုတ်ပေမဲ့ နိုင်ငံခြားသားတွေအတွက်အဆန်းဖြစ်နေတာထင်တယ်။
ဆိုင်မှာ အမြဲလူအပြည့်ပဲတဲ့
သူက ၂ဆင့်ချိုင့်ထဲ အစားအစာတွေထည့်ပြီး စားပွဲပေါ်တင်ထားတဲ့အထဲက ကိုယ်ကြိုက်တာရွေးစားရုံပဲ။ ချိုင့်ပေါ်မှာ အထဲမှာပါတဲ့အစားအစာဓာတ်ပုံနဲ့ဈေးတစ်ခါတည်း ရေးပေးထားတာဆိုတော့ ချိုင့်ကိုဖွင့်ကြည့်စရာလည်းမလိုတော့ဘူး။
၁ဆင့်ချိုင့်လေးတွေလည်း ရွေးစားလို့ရပါတယ်။
အဲ့ထဲမှာ စားလို့ရတဲ့ပန်းလေးတွေနဲ့ ထမင်းညိုရောသုပ်တာ နာမည်အကြီးဆုံးတဲ့လေ။ ဆိုင်မှာ အရမ်းရောင်းရလို့ အကုန်မြန်တယ်။ စားချင်ရင်ကြိုမှာထားရပါတယ်တဲ့။
သူက အောင်မဲညိုပန်းလေးတွေ ပုံနရိပ်ပန်းလေးတွေရောင်စုံကို ကျွဲကောသီးတို့ ထမင်းညိုတို့နဲ့ အရသာရှိအောင်သုပ်စားရတာ။
စားနေကြမဟုတ်တော့ သိပ်ပြီးတော့ ခံတွင်းမတွေ့ပါဘူး
ထိုင်းစတိုင် ဆန်ပြားခေါက်ဆွဲကြော်တို့၊ ထမင်းနဲ့ ပုစွန်ငါးပိတို့စရာတို့၊ ကောက်ညှင်းတို့လည်းရှိတယ်…
ထိုင်းစတိုင်မုန့်လေးတွေကိုလည်းရောင်းတယ်…
အုန်းနို့နဲ့ဖျော်ထားတဲ့ကော်ဖီလည်း နာမည်ကြီးပါတယ်..
ပန်းရောင်စုံ ထမင်းသုတ်က တစ်ပွဲ.. အဲမှားလို့ တစ်ချိုင့်ကို Baht 150 လောက်ဆိုတော့ မြန်မာငွေ ၆၀၀၀–၇၀၀၀ လောက်ရှိပါတယ်…
ရေလည် လုပ်စားတတ်ကြတယ်နော်!သူ့ Idea က အရမ်း Innovative နဲ့ Creative ဖြစ်လွန်းလို့ ကိုယ်တွေဆီမှာလည်း ဒီလိုလုပ်ရောင်းလို့ရတယ်ဆိုတာကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်တာပါ
ဆိုင်နာမည်က Patom Organic Living တဲ့…
🏡သွားကြည့်ချင်သူတွေအတွက် လိပ်စာက….
9/2 Sukhumvit 49/6 (Soi Prompak),
Klongtan-Neur, Wattana, Bangkok
Tel : +66 2084 8649 ပါ။
⏰ဆိုင်ဖွင့်ချိန်တွေက မနက်၉ခွဲကနေ ညနေ၆နာရီဖြစ်ပြီး
တင်္နလာနေ့တိုင်းဆိုင်ပိတ်ပါတယ်တဲ့.
#AmazingThailand #TAT #ThaiAirways